Fitness ဒသနများ - MFTA

Fitness ဒသနများ

ဒီနေ့ တော့ပေါ့ပေါ့ပါးပါး မှတ်ရလွယ်မဲ့ ကျန်းမာကြံ့ခိုင်ရေး ဒသနအချို့ ကို တစုတစည်းထဲတင်ပြလိုက်ပါတယ်။ အဆီကျဖို့ အတွက် ကယ်လိုရီပမာဏကအဓိကျသလို၊ ကျန်းမာရေးကောင်းဖို့ အတွက်လည်း စားတဲ့ကယ်လိုရီရဲ့ အရည်အသွေးက အဓိကကျပါတယ်။

အသက်လေးဆယ်ကျော်ချိန်မှာ သွေးတိုးတာနဲ့ ဆီးချိုရောဂါဖြစ်နေတာဟာ ပုံမှန်လို့ ယူဆရင် အဲ့ရောဂါတွေအတွက်ဆရာဝန်လိုအပ်သလို အသက် ၄၀ လောက်မှာ ထိုရောဂါ ၂-ခုဖြစ်တာပုံမှန်လို့ ယူဆတဲ့ဦးနှောက် ကိုပါဆရာဝန်ပြပါ။

Resistance Training တွေပြုလုပ်ခြင်းက အမှတ်-၂ အမျိုးအစားဆီးချိုရောဂါဖြစ်နိုင်ချေကို ၃၄% အထိလျော့ချနိုင်ပါတယ်။ဆီးချိုဖြစ်နေသူတွေအတွက်လည်းများစွာအကျိုးရှိပါတယ်။ဘာလို့ လဲဆိုတော့ ကြွက်သားပမာဏများလာပီး အဆီပိုတွေကျလာမယ်။ ကြွက်သားတွေက ကျနိးမာရေးအတွက်များစွာအကျိုးပြုတယ်၊ ဆဲလ်အတွငိးက မိုက်တိုကွန်ဒရိယရဲ့ လုပ်ဆောင်ချက်တွေကောင်းလာမယ်၊ insulin sensitivity တိုးလာမယ်။

ဒိုင်းယက်လုပ်သူတွေသတိပြုရမှာကဒိုင်းယက်လုပ်ခြင်းသည် self care လုပ်ခြင်းရဲ့ ပုံစံတစ်ခုဖြစ်နိုင်သလို၊ self harm ဖြစ်စေတဲ့ပုံစံတစ်ခုဖြစ်သွားနိုင်ပါတယ်။ ရွေးချယ်မှုမှန်ကန်အောင် လုပ်ရမှာသင့်တာဝန်ပါ။

လေ့ကျင့်ခန်းနဲ့ ဒိုင်းယက်လုပ်ရာမှာ၊ healthy ဖြစ်ရေးဦးစားပေးရင် အဆီကျခြင်းက အပိုဆုအနေနဲ့ ရောက်လာမှာပါ။အဆီကျရေး ဦးစားပေးရင် healthy ဖြစ်ရေးမှာအနည်းငယ်လျော့သွားနိုင်ပါတယ်။

Personal Trainer တစ်ယောက်ကိုFees ပေးပီး service ရယူတာက သူ့ ရဲ့ အချိန်၊ အတွေ့ အကြုံ၊ အသိပညာတွေအတွက်နော်။ အလေးဖြုတ်/တပ်လုပ်ဖို့ ၊အကြိမ်အရေအတွက် ရေတွက်ဖို့ မဟုတ်ဘူးဆိုတာသတိပြုပါ။

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach

Fitness

#Tips#KnowledgeSharing

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta