HGH(Human Growth Hormone) - MFTA

HGH(Human Growth Hormone)

ကြီးထွားဟော်မုန်းအကြောင်းကိုအရင်ကလည်း ကျွန် တောဆောင်းပါး တစ်ပုဒ် အနေနဲ့ ရေးသားပေးခဲ့ ပါတယ်။အထွက်တိုးစေနိုင်တဲ့ နည်းလမ်းတွေကို သိသလောက် ရေးပြပေးခဲ့တာပါ။ ကြီးထွားဟော်မုန်း ဆိုတာ လူသားတစ်ဦးအတွက် အရမ်းအရေးပါတယ်။လူစဉ်မှီတဲ့ အရပ်အမောင်း ကိုယ်ခန္ဓာ တွေဖွံ့ဖြိုးကြီးထွားနိုင်ဖို့ ဆိုတာ အဆိုပါ ဟော်မုန်းမရှိရင် မဖြစ်နိုင်ပါဘူး အထွက်နည်းပြန်လည်း မကောင်းသလို အထွက်များလည်းမကောင်းပါဘူး။ဒါကြောင့် Gym ကစားသူအနေနဲ့ လိုအပ်တဲ့ ဖွံ့ဖြိုးကြီးထွားမှုမှာ အခြား ဟော်မုန်းများနည်းတူ ကြီးထွားဟော်မုန်းကိုလည်း အလေးထား ဂရုပြုသင့်ပါတယ်။ကြီးထွားဟော်မုန်း အထွက်တိုးစေ နည်းစေတဲ့ အချက်အချို့က်ို ကျွန်တော်လေ့လာမိသလောက် တင်ပြပါရစေ…

1️⃣ဗိုက်အဆီလျော့ချပါကိုယ်တွင်း အဆီရာခိုင်နှုန်းများလေ HGH အထွက် နည်းလေဆိုတာပါ။ အထူးသဖြင့် ဗိုက် မှာ အဆီစုနေတတ်သူတွေ မှာ ပို၍ အထွက်နည်းတာကို သုတေသီ တွေကတွေ့ရှိထားပါတယ်။ဒါကြောင့် ဗိုက်အဆီချနိုင်လေ HGH ပုံမှန်နှုန်းက်ု အရောက်မြန် လေဆိုတာ သိထားသင့်ပါတယ်။

2️⃣သကြားလျော့စားပါစွမ်းအင်အတွက် သကြား ကစီဓာတ်တ်ု့မှ အရမြန်သည် မှာ မှန်သော်လည်း လိုအပ်တာထက် ပိုမိုစားသုံးသူတွေ မှာ အင်ဆူလင်ကမောက်ကမဖြစ်ပြီး HGH အထွက် နည်းစေတယ်ဆိုတာလည်း မမေ့ပါနဲ့ ။

3️⃣ဥပုလ်သီလစောင့်တည်ပါဥပုလ် သီလစောင့်တည်ခြင်းမှာလည်း HGH အထွက် နှုန်းကိုတိုးစေတယ်လို့လေ့လာသူများမှ တွေ့ရှိခဲ့ကြပါတယ်။အစားအသောက်ကို မကြာခဏ စားသောက် ခြင်းထက် ၃နာရီခြားတစ်ခါလောက် စားသုံးခြင်းသည် သာမာန်စားသုံးသူများထက် HGH အထွက်နှုန်းတိုးစေ ပါတယ်။ထပ်မံတွေ့ရှိချက်များအရ ၈နာရီလောက်ဘာမှ မစားသုံးပဲ အဆာခံသူများသည် HGH ဟော်မုန်း ၃၀၀ အထိ အထွက်တိုးစေသည်ဆိုတာပင်ဖြစ်သည်။ အစ္စလာမ် ဘာသာဝင် Gymသမားများအတွက် ဥပုလ် သီလဆောက်တည်ခြင်းသည်လည်း HGH အထွက်တိုး စေနိုင်သည့်အထဲမှာပါဝင်နေပြန်ရာသတင်းကောင်းတစ်ခုဟုဆိုရပေမည်။

4️⃣ဆီးချိုသွေးချိုမဖြစ်ပါစေနှင့်ဆီးချိုသွေးချိုမဖြစ်အောင်လည်းအနေအထိုင်အစား အသောက်ဆင်ခြင်ပါ။ဆီးချိုသွေးချိုလူနာရှင်များသည် သာမာန်လူများထက် HGH အထွက်နှုန်း ၃-၄ဆလျော့ နည်းသည်ဟုဆိုသည်။

5️⃣အချိန်မှန်မှန်စားပါအချိန်မှန်မှန်စားသောက်ပြီးလေ့ကျင့်ခန်းပြုလုပ်ခြင်း သည် ကိုယ်တွင်းဟော်မုန်း ကမောက်ကမဖြစ်စေသည့် ဘေးမှကာကွယ်ရာရောက်ပြီး ညဘက် အိပ်ရေးအပျက် မခံပဲ စောစောအိပ်ယာဝင်၍ နှစ်ခြိုက်စွာ အိပ်စက်ခြင်း သည်လည်း ကြီးထွားဟော်မုန်း ထွက်ရှိမှုအတွက် ငွေကုန် ကြေးကျ မရှိစေပဲ ရရှိနိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။

6️⃣ဆင်ခြင်ဆုံးဖြတ်ပါကြီးထွားဟော်မုန်းကိုလိုအပ်တာထက်ပိုပြီးအသုံးချချင်စိတ်ဖြင့်အပြင်ပန်းမှ ဆေးသုံးစွဲခြင်းကိုတော့ မိမိ အသိစိတ်ဖြင့် ဆင်ခြင်ဆုံးဖြတ်ပါ။မိမိသည် နိုင်ငံတကာ အဆင့်ထိ ထိုးဖောက်မည် ပြိုင်ပွဲဝင်တစ်ယောက်လားဒါမှမဟုတ် အပျော်တမ်းပြည်တွင်း ပြိုင်ပွဲတစ်ချို့တစ် လေမှာ ပြိုင်မည့် ပြိုင်ပွဲဝင်တစ်ယောက်လား ဆိုတာပါ။ဆိုးကျိုးရှိတာ မရှိတာဆိုတာကို မိမိထက် တတ်ကျွမ်း နားလည်သည့် ဆေးပညာရှင်များနှင့် အရင်ဆုံးတိုငိပင်ပါ။

#အောင်အောင်_လှိုင်#HgH#Hormone#Exercise#Bodybuilding#Sleep#Eat#righttime

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta