𝗥𝗶𝗰𝗵 𝗚𝗮𝘀𝗽𝗮𝗿𝗶ပြောသောစိတ်ပိုင်းဆိုင်ရာ ချဉ်းကပ်မှု - MFTA

𝗥𝗶𝗰𝗵 𝗚𝗮𝘀𝗽𝗮𝗿𝗶ပြောသောစိတ်ပိုင်းဆိုင်ရာ ချဉ်းကပ်မှု

ကျွန်တော်ရေးသားပေးခဲ့တဲ့𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻တွေရဲ့နာမည်ကို တစ်ချို့သောဝါသနာရှင်တွေသိချင်မှသိကြပါမယ်။အမှန် တကယ်တမ်းတော့သူတို့တွေဟာသရဖူမဆောင်းရတဲ့ မင်းလောင်းတွေပါ.လီဟေနီ..ဒိုရီယန်စတဲ့ချန်ပီယံတွေနှင့်အကြိတ် အနယ်ယှဉ်ပြိုင်ရင်းချန်ပီယံဆုတွေနဲ့လွဲချော်ခဲ့ ရတဲ့ထိပ်တန်း 𝗧𝗼𝗽 𝗧𝗲𝗻 ဝင်မောင်တစ်ချို့ပါ။သူတို့ရဲ့လမ်းညွန်မှုတွေကို..အဆင်ပြေသလိုလေးဘာသာပြန်ပေး ခဲ့ရာမှာ ဝါသနာရှင်တွေအတွက်လိုအပ်မဲ့အချက်အလက်တစ်ချို့ကို ရွေးချယ်ပြီးတက်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်။

တစ်ချို့ကလည်း 𝗖𝗵𝗮𝘁 𝗯𝗼𝘅 မှနေပြီး လက်ရှိချန်ပီယံတွေ ရဲ့𝗕𝗼𝗱𝘆 𝗣𝗮𝗿𝘁 တစ်ခုချင်းစီ ရဲ့ 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗣𝗹𝗮𝗻 ကိုတောင်းဆိုကြတယ်။ချန်ပီယံကစားနည်းကိုကစားလို့ ချန်ပီယံဖြစ်ကြေးဆို..ချန်ပီယံတွေရဲ့နည်းပြတွေကိုယ်တိုင် ပြိုင်ပွဲဝင်ပြိုင်ပြီးအိုလံပီယာ ဆုတွေ ယူနေမှာပေါ့။မှတ်ထားပါချန်ပီယံဆိုတာကလည်းမှော်ဆရာတစ်ယောက်မဟုတ် ပါဘူး။နေ့ချင်းညချင်း လူ့ဘီလူးနေရာရောက်လာတာမဟုတ်ပါ။သူတို့လည်း 𝗕𝗮𝘀𝗶𝗰 𝗘𝘅𝗲𝗿𝗰𝗶𝘀𝗲 တွေနဲ့ ပဲ သူတို့ 𝗕𝗼𝗱𝘆 ကိုတည်ဆောက်ခဲ့ကြတာပါ။ဆက်လက်လေ့လာကြပါစို့။

အခုဖော်ပြပေးမဲ့ချန်ပီယံကတော့တစ်ချိန်က လီဟေနီဆိုတဲ့ ၈ထပ်ကွမ်းကို အများဆုံးခြောက်လှန့်နိုင် ခဲ့တဲ့ ပြိုင်ဘက်ကောင်းတစ်ယောက်ပါ။အနိုင်ရချင်ဇောနဲ့မိမိအရပ်အမောင်းထက်ရှိသင့်သည့် 𝗕𝗼𝗱𝘆 𝗪𝗲𝗶𝗴𝗵𝘁 ကိုပိုတင်မိရာမှ..ကြွက်သားပြေပြစ်လှပမှုတွေ ပျောက်ဆုံးပြီး ချန်ပီယံဆုနဲ့ဝေးကွာခဲ့ရခြင်းဖြစ်တယ်လို့….အပြောကျယ်တဲ့ 𝗦𝗵𝗮𝘄𝗻 𝗥𝗮𝘆 ကြီး ဝေဖန်ထားဖူးပါတယ်။သူကတော့ 𝗚𝗮𝘀𝗽𝗮𝗿𝗶 𝗡𝘂𝘁𝗿𝗶𝘁𝗶𝗼𝗻 ရဲ့ ဦးစီးပဲ့ကိုင် ရစ်ချ်ဂက်စ် ပါရီပင်ဖြစ်သည်။ရစ်ချ်-ဂက်စ်ပါရီ (Rich Gasperi) ကြွက်သားများကြီးထွားအောင်လေ့ကျင့်မှုပြုလုပ်သည့်အပိုင်းတွင်စိတ်ပိုင်းဆိုင်ရာအရေးပါမှု (𝗠𝗲𝗻𝘁𝗮𝗹 𝗔𝗽𝗽𝗿𝗼𝗮𝗰𝗵)ကို“ရစ်ချ်-ဂက်စ်ပါရီ”ကတင်ပြဆွေးနွေးခဲ့သည်။ဂက်စ်ပါရီမှာမိမိသည်ဆုကြေးစားကာယဗလသမားအဆင့်ထိရောက်ရှိရမည်ဟုငယ်ရွယ်စဉ်၌စိတ်ဓာတ်ပြင်းပြစွာလေ့ကျင့်ခဲ့သဖြစ်ရာမောင်အိုလံပီယာပြိုင်ပွဲများတွင်ဒုတိယဆုအကြိမ်ကြိမ်ဆက်တိုက်နှင့်ထိပ်သီးဂရင်းပရေကာယဗလပြိုင်ပွဲများတွင်အနိုင်ရရှိခဲ့သည့်လူငယ်ကာယဗလသမားဖြစ်ခဲ့သည်။ “ကြွက်သားထုကြီးထွားအောင်ကစားတဲ့နေရာမှာအရာရာကိုစိတ်ကကြီးစိုးပါတယ်။မိမိစိတ်ကိုစနစ် တကျအစီအစဉ်ချပြီးအသုံးပြုတတ်ပုံကအောင်မြင်မှုအရှိန်နှုန်းကိုအဆုံးအဖြတ်ပေးပါတယ်။

” 1️⃣“ပထမဆုံးအရေးကြီးတဲ့အချက်ကတော့ကြွက်သားတွေကြီးထွားရေးအတွက်ကြီးထွားရမယ်ဆိုတဲ့ခိုင်မာတဲ့အတွေးကိုအမြဲထိန်းသိမ်းထားရပါမယ်။အစားအသောက်ကိုဂရုတစိုက်စားတတ်ပြီးစနစ်တကျတိတိကျကျလေ့ကျင့်သွားမယ်ဆိုရင်ကြွက်သားတွေကြီးထွားမှုပိုမြန်မှာပဲ။အနည်းဆုံးတော့ပြိုင်ပွဲဝင်နိုင်တဲ့ကာယဗလသမားအဆင့်ကိုတော့မြန်မြန်ရောက်မှာသေချာတယ်လေ။ဒါပေမယ့်ကိုယ့်ဟာကိုယ်ကြီးထွားမယ်လို့စိတ်ကမတွေးရင်တော့ဘယ်တော့မှကြီးထွားလာမှာမဟုတ်ဘူး။

” 2️⃣“ဖြစ်ရမယ်ဆိုတဲ့ရည်မှန်းချက်ကိုစိတ်ထဲမှာအမြဲထားပြီးအောင်မြင်ရအောင်လုပ်ပါ။ရည်မှန်းချက်တစ်ခုဖြစ်လာရင်နောက်ထပ်လက်တွေ့ကျကျရည်မှန်းချက်အသစ်ထပ်ဆွဲပြီးအောင်မြင်မှုထပ်ရအောင်ကြိုးစားပါ။

3️⃣ကြွက်သားတွေထွားလာရာမှာအဆီမပါစေဘဲကြွက်သားစစ်စစ်သာတက်စေရမယ်ဆိုတဲ့လက်တွေ့စိတ်မျိုးသာထားကစားပါ။တစ်လမှာကြွက်သားသီးသန့်ပေါင်ဝက်ကတစ်ပေါက်လောက်အထိတက်လာနိုင်ပါတယ်။ဒါပေမယ့်ဒီလိုကြွက်သားသည်တက်ရေးအတွက်ကစားရာမှာလေ့ကျင့်ခန်းတွေအတွက်တဖြည်းဖြည်းအလေးတိုးကစားသွားရမယ်။

4️⃣လေ့ကျင့်ခန်းလှုပ်ရှားကစားမှုမှာလည်းမယိမ်းမယိုင်နွဲ့ဘဲ၊ပညာဘဲနဲ့(𝗡𝗼 𝗖𝗵𝗲𝗮𝘁𝗶𝗻𝗴)တိတိကျကျကြပ်ကြပ်မတ်မတ်ပုံစံ(𝗦𝘁𝗿𝗶𝗰𝘁 𝗳𝗼𝗿𝗺)နဲ့ကစားရပါမယ်။

5️⃣အလေးပေါင်တိုးကစားနိုင်ရ မယ်ဆိုတဲ့ပစ်မှတ်(တားဂတ်)ထားကစားသွားမယ်ဆိုပါစို့။တစ်နှစ်ပြည့်ရင်ကိုယ့်ရင်အုပ်တွေ၊ပခုံးအိုးအရှေ့ပိုင်းတွေနဲ့လက်မောင်းနောက်သားတွေထုထည်သိသိသာသာကြီးထွားလာမှာမုချပေါ့။အလေးတိုးပုံမှာလည်းတစ်လကို(၅)ပေါင်တိုးမယ်စိတ်ထဲထားသွားဦး။တစ်နှစ်ဆိုရင်ရည်မှန်းတဲ့(၅၀)ပေါင်ထက်(၁၀)ပေါင်တောင်လွန်သွားဦးမယ်။” ဂက်စ်ပါရီဆွေးနွေးတင်ပြသွားသည့်စိတ်ပိုင်းဆိုင်ရာအရေးပါမှုများအနက်ထူးခြားသောအယူအဆတစ်ခုပါဝင်ခဲ့သည်။၎င်းမှာ“တွေးထင်မှန်းဆကြည့်ခြင်းနည်း”(𝗩𝗶𝘀𝘂𝗮𝗹𝗶𝘀𝗮𝗻𝘁𝗼𝗻 𝗧𝗲𝗰𝗵𝗻𝗶𝗾𝘂𝗲)ဟုခေါ်ဆိုပါသည်။ ဤနည်းစနစ်မှာကမ္ဘာကျော်အိုလံပီယာ(၇)ထပ်ကွမ်းအာနိုးအသုံးပြုခဲ့သောအဓိကလက်နက်တစ်ခုဖြစ်သည်။

𝗣𝗮𝗴𝗲မှာ မတင်ဖြစ်သည့် 𝗕𝗼𝗱𝘆𝗯𝘂𝗶𝗹𝗱𝗶𝗻𝗴& 𝗙𝗶𝘁𝗻𝗲𝘀𝘀 ဗဟုသုတ ဆောင်းပါးများနှင့် 𝗠𝘆 𝗣𝗿𝗼𝘁𝗲𝗶𝗻 𝗚𝘆𝗺 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 ကြေငြာများကို လေ့လာ ဖတ်ရူလိုပါက ကျွန်တော့်အကောင့်ကို 𝗙𝗼𝗹𝗹𝗼𝘄 ထားနိုင်ပါသည်။

https://www.facebook.com/aung.aungoo.7798#အောင်အောင်_လှိုင်#MrOlympia#Mental#exercisemotivation#Chest#Workout#Mental#Mind#arnoldschwarzenegger. #Cheating#Form

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta