𝗝𝗮𝘆C𝘂𝘁𝗹𝗲𝗿 - MFTA

𝗝𝗮𝘆C𝘂𝘁𝗹𝗲𝗿

𝗝𝗮𝘆𝗖𝘂𝘁𝗹𝗲𝗿 သူသည်ကာယဗလနယ်ပယ်သို့အထက်တန်းကျောင်းသားဘဝအသက်(၁၈)နှစ်ခန့်ကစတင်ဝင်ရောက်ခဲ့ပြီး၁၉၉၃ခုနှစ်၌ Teenage and men’s middle weight championship ဆုကို ပထမဦးဆုံးဆွတ်ခူးရရှိခဲ့သည်။ထို့နောက်ပြည်တွင်းပြိုင်ပွဲများ၊ဖိတ်ခေါ်ပြိုင်ပွဲများ၊ဆုကြေးစားပြိုင်ပွဲများမှတစ်ဆင့်ချင်းတိုးတက်မှုများရရှိသလိုဆုတံဆိပ်များလည်းဆွတ်ခူးနိုင်ခဲ့ပြီးမောင့်အိုလံပီယာပြိုင်ပွဲဝင်ထိပ်တန်း ကာယဗလမောင်တစ်ဦးအဖြစ်ရပ်တည်နိုင်ခဲ့သည်။

၂၀၀၂ခုနှစ်မောင့်အိုလံပီယာပြိုင်ပွဲ၌တားမြစ်ဆီးဆေးသုံးစွဲမှုစစ်ဆေးတွေ့ရှိခဲ့သဖြင့်ပြိုင်ပွဲဝင်ခွင့်ပယ်ချခံခဲ့ရသည်။

၂၀၀၁ခုနှစ်မှစ၍၂၀၀၅ခုနှစ်အထိ(၈ထပ်ကွမ်းမောင့်အိုလံပီယာရွန်နီကိုလ်းမင်း၏နောက်တွင်ဒုတိယနေရာမှလေးနှစ်ဆက်တိုက်ရပ်တည်ခဲ့သည်။

၂၀၀၆ခုနှစ်တွင် တော့(၈)ထပ်ကွမ်းချန်ပီယံကြီး၏မောင့်အိုလံပီယာဆုတံဆိပ်သည်ဂျေးကက်လာအတွက်ဖြစ်လာခဲ့သည်။

၂၀၀၇ခုနှစ်တွင်လည်းဆက်လက်၍ထိပ်ဆုံးမှရပ်တည်နိုင်ခဲ့သည်။

၂၀၀၈ခုနှစ်တွင်တော့ The Blade ဟုနာ မည်ပြောင်ခေါ်ကြသည်။ဒတ်တာဂျက်ဆင်မှပထမနေရာကိုလုယူသွားခဲ့သည်။သို့သော်ထိုဆုသည်ဒတ်တာ ဂျက်ဆင်အတွက်ယနေ့အချိန်ထိတစ်ခုထဲသောအကြီးမားဆုံးအောင်မြင်မှုဖြစ်ခဲ့သည်။ထိုနောက်ပိုင်းမှစ၍ ဒတ်တာဂျက်ဆင်သည်ပထမနေရာနှင့်အလှမ်းဝေးခဲ့သည်မှာယခုမောင့်အိုလံပီယာပြိုင်ပွဲအထိပင်ဖြစ်သည်။

၂၀၀၉၊၂၀၁၀ခုနှစ်များတွင်လည်းဂျေးကတ်လာသည်ပထမနေရာကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။အောင်မြင်မှုနှင့်ကျော်ကြားမှုသည်ရေရှည်မမြဲနိုင်ဆိုသကဲ့သို့ပင်၂၀၁၁ခုနှစ်မောင့်အိုလံပီယာပြိုင်ပွဲတွင်သူငယ်ချင်းလည်းဖြစ်ကစားဖက်လည်းဖြစ်သူPhilheathမောင့်အိုလံပီယာဆုတံဆိပ်ကိုဆွတ်ခူးနိုင်ခဲ့သည်မှာယ နေ့၂၀၁၃ခုနှစ်အထိဆိုလျှင်သုံးနှစ်ဆက်တိုက်ပင်ဖြစ်သည်။ဂျေးကတ်တလာအတွက်ကတော့မောင့်အိုလံပီယာ(၄)ထပ်ကွမ်းဆိုသည်နှင့်ကျေနပ်လိုက်ရသည်။.

အသက်(၁၆)နှစ်အရွယ်ကတည်းကကာယဗလမဂ္ဂဇင်းများ၊ကာယဗလလေ့ကျင့်ခန်း ဗီဒီယိုအခွေများ ကို ကြည့်ရူပြီး အောင်မြင်သည့်ကာယဗလမောင်တစ်ဦးဖြစ်ချင်ခဲ့သည်အောင်မြင်မှုများရရှိခဲ့သလိုကာယဗလမဂ္ဂဇင်းများတွင်မျက်နှာဖုံးရှင်အဖြစ်သာမကကိုယ်တိုင်ရေးကာယဗလလေ့ကျင့်မှုလမ်းညွှန်စာအုပ်၊ဂျေးကတ်လာကိုယ်တိုင်လေ့ကျင့်မှုဗီဒီယိုအခွေများဆက်တိုက်ထွက်ရှိခဲ့သည်။

အောက်ဖော်ပြပါအချက်အလက်များသည် ဂျေးကတ်တလာနှင့်ပတ်သက်သည့်ကိုယ်ရေးအချက် အလက်တစ်ချို့ကိုကော်နုတ်ဖော်ပြထားခြင်းဖြစ်သည်။အမည်ရင်း Jason Isac Cutlerအမည်ပြောင် Cutsမွေးသက္ကရာဇ် 1973, August 3မွေးဖွားရာဒေသ Sterling, Worcester, Massachusetts, USAနေရပ်လိပ်စာ လပ်(စ်)ဗီးဂတ်(စ်), USAအရပ် ၅ ပေ ၉ လက်မကိုယ်အလေးချိန် ပြိုင်ပွဲဝင် ၂၇၄ ပေါင် ပြိုင်ပွဲဝေး ၃၁၀ ပေါင် (အတိုးအလျော့ရှိနိုင်သည်)အိမ်ထောင်ဖက် Kerry Cutlerဆံပင်အရောင် အနီဖျော့ဖျော့မျက်လုံးအရောင် အပြာအတိုင်းအထွာများရပ်အုပ် ၅၈ လက်မလက်မောင်း ၂၂ လက်မလည်ပင်း ၁၉ လက်မခွဲခါး ၃၄ လက်မခြေသလုံး ၂၀ လက်မပေါင် ၃၃ လက်မကိုးကွယ်သည့်ဘာသာ ခရစ်ယာန်အောင်မြင်မှုပြိုင်ပွဲများ မောင့်အိုလံပီယာ(၄)ကြိမ် (၂၀၀၆၊၂၀၀၇၊၂၀၀၉၊၂၀၁၀) အာနိုးကလပ်စစ် (၃)ကြိမ်အကြိုက်ဆုံးစားစရာ အမဲကြော်၊ကျွဲသားအကြိုက်ဆုံး TV Programs Crime Scene Investigation (2000)အကြိုက်ဆုံးလေ့ကျင့်ခန်းအမျိုးအစား ဘားရှည်အလေးထမ်းလမ်းလျှောက်ကြိုက်နှစ်သက်သည့်ကြွက်သား အောက်ပိုင်းနှင့်ဆုံကြွက်သားအုပ်စုအကြိုက်ဆုံးရုပ်ရှင်နှင့်သရုပ်ဆောင်များ Die Hard Series (1988) Robert De Niro and Bruce Willisကြိုက်နှစ်သက်သည့်အခြားအားကစားများ ဘတ်စကက်ဘောနှင့်ဘောလုံးအကြိုက်ဆုံးဂီတအဆိုတော်များ The Cure, Tupac Shakur, Snoop Dogg.ဖော်ပြပါအချက်အလက်များသည် ( ၄) ထပ်ကွမ်းချန်ပီယံဟောင်းတစ်ယောက်၏ကိုယ်ရေးအချက်အလက် အတိုအထွာများပင်ဖြစ်သည်

𝗣𝗮𝗴𝗲မှာ မတင်ဖြစ်သည့် 𝗕𝗼𝗱𝘆𝗯𝘂𝗶𝗹𝗱𝗶𝗻𝗴& 𝗙𝗶𝘁𝗻𝗲𝘀𝘀 ဗဟုသုတ ဆောင်းပါးများနှင့် 𝗠𝘆 𝗣𝗿𝗼𝘁𝗲𝗶𝗻 𝗚𝘆𝗺 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 ကြေငြာများကို လေ့လာ ဖတ်ရူလိုပါက ကျွန်တော့်အကောင့်ကို 𝗙𝗼𝗹𝗹𝗼𝘄 ထားနိုင်ပါသည်။

https://www.facebook.com/aung.aungoo.7798#အောင်အောင်_လှိုင်#Jaycut𝗹𝗲r#Bodybuilder#MrOlympia#4Times#Joeweider#Champion.

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta