၀ိတ်ကျပီး Body လှဖို့ ဆိုရင် - MFTA

၀ိတ်ကျပီး Body လှဖို့ ဆိုရင်

၀ိတ်ကျပီး Body လှဖို့ ဆိုရင် အားလုံးတွေ့မြင်ကြားသိနေရတဲ့အတိုင်းပဲ ၀ိတ်ချသူအများစုဟာဝိတ်မကျကြသလို၊ ၀ိတ်ကျသွားသူအားလုံးနည်းပါးဟာလည်းမိမိကိုယ်ကိုအားမရနိုင်ဖြစ်ကြပါတယ်။ Why? အဖြေကဝိတ်တော့ကျသွားပါရဲ့ ခန္ဓာကိုယ်အချိုးအစားလှပမှုမရှိခြင်းကြောင့်ပါ။

ဘာကြောင့်အဲ့လိုဖြစ်ရလဲဆိုရင်၊ ၀ိတ်ချသူအများစုရဲ့ ဝိတ်ချနည်းတွေဟာလွဲမှားခဲ့လို့ ပါ။နည်းစနစ်တကျဝိတ်ချထားသော်လည်းခန္ဓာကိုယ်အချိုးအစားလှပမှုအတွက်လိုအပ်တဲ့အဓိကလိုအပ်ချက်ကိုမေ့ထားလို့ ဖြစ်ပါလိမ့်မယ်။ဒီဆောင်းပါးမှာတော့ ဝိတ်ကျသွားချိန်မှာ Body လှဖို့ လိုအပ်ချက် ကိုတင်ပြပေးပါ့မယ်။ အဲ့ဒါကတော့ ၀ိတ်ချသူတွေ သိပ်မချစ်တဲ့ မောင်ဘချစ် @ Resistance Training ပဲဖြစ်ပါတယ်။

Resistance Training ဆိုတာ မိခင်ကမ္ဘာမြေကြီးရဲ့ ဆွဲအားကိုဆန့် ကျင်ခုခံအားသုံးတဲ့မည်သည့်ပုံစံနဲ့ မဆိုလေ့ကျင့်နိုင်ပါတယ်။Gym workoutတွေလို့ ပြောရင် ဘောင်ကျဉ်းနေနိုင်ပေမဲ့အထိရောက်ဆုံးလို့ ပဲဆိုပါရစေ။ဒိုင်းယက်လုပ်တဲ့အချိန်မှာ ကြွက်သားထုထည်နဲ့ကိုယ်တွင်းဇီဝဖြစ်စဉ်ဟာလျော့ကျသွားတတ်ပါတယ်။ဒါကြောင့်အများစုဟာဝိတ်ကျသွားတဲ့နဲ့အကောင်သေးသေးချည့်နဲ့နဲ့ ဖြစ်ကုန်ကြတာပါ။ဒါကြောင့်ဝိတ်ချချိန်မှာလမ်းညွှန်မဲ့ နည်းပြကောင်းလိုအပ်သလို၊အချိန်ယူစိတ်ရှည်ဖို့ လိုပါတယ်။

အကယ်၍သင့်ပါတ်ဝန်းကျင်မှာနည်းပြကောင်းတစ်ယောက်အလွယ်တကူမရနိုင်ဘူးဆိုရင် ၀ိတ်ချတဲ့ခရီးစဉ်ရဲ့ Roadmap အနေနဲ့ ကျွန်တော့်ရဲ့ ဝိတ်ချခြင်းအနုပညာစာအုပ်ကိုအားကိုးလို့ ရပါတယ်။(order တင်လို့ ရနေပါသေးတယ်)နောက်တစ်ချက်က အချိန်ယူစိတ်ရှည်ဖို့ ပါ။ ကျွန်တော်အမြဲတမ်းပြောခဲ့သလိုပါပဲ ကောင်းမွန်သောဖြစ်တည်မှုတိုင်းအတွက်အချိန်ယူရပါတယ်။

ဘီလီယံနာစီးပွားရေးသမားကြီးဝါရင်ဘတ်ဖတ်ရဲ့ စကားနဲ့ပြောရရင် သင်ဟာအစွမ်းရှိလို့ မိန်းမ 10ယောက်ကိုတညတည်းမှာကိုယ်ဝန်ရှိအောင်စွမ်းဆောင်နိုင်ဦးတော့အဲ့ဒီကိုယ်ဝန်တွေကနေကလေးလေးမွေးလာဖို့ ကိုးလကနေဆယ်လအချိန်ယူရမှာသေချာတယ်လေ။ဒါဆိုဝိတ်ချတဲ့အချိန်မှာကျန်းမာပီး Body လှဖို့ အတွက် Resistance Training ဘယ်လောက်အရေးကြီးလဲဆိုတာသတိပြုမိပီလို့ ထင်ပါတယ်။

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#WeightManagementGuru#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach#ဝိတ်ချခြင်းအနုပညာ

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta