အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း - MFTA

အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း

အဝလွန်သူများနှင့် အိပ်စက်ခြင်းတွင် အလွန်ကျယ်လောင်စွာဟောက်တတ်သူများသည်အိပ်စက်ရင်းနှင့်သေဆုံးခြင်းသို့မရောက်ရှိစေရန်အထူးသတိပြုရပါမည်။မပေါ့ဆသင့်သည့်အရာတစ်ခုဖြစ်သည်။အိပ်ပျော်နေချိန်မှာခေတ္တအသက်ရှုလမ်းကြောင်းပိတ်သွားခြင်းဆိုသည့်Obstructive Sleep Apnea (OSA)မျိုးဖြစ်နိုင်ခြေပိုများ၍ဖြစ်သည်။

သွေးကြောထဲတွင် အောက်ဆီဂျင်လျော့ကျခြင်းကြောင့် အိပ်ချိန်အတွင်း ရံဖန်ရံခါအသက်ရှု ရပ်ခြင်း အသက်ရှုမူမမှန် ဖြစ်ခြင်းမှာ Sleep Apnea ဖြစ်ပါသည်။သွေးအတွင်းအောက်ဆီဂျင်လျော့နည်းလာခြင်းကြောင့်အရေးကြီးသည့်ဦးနှောက် နှလုံးအစိတ်အပိုင်းများဆီသွေးပိုညှစ်ရသောကြောင့်သွေးပေါင်ချိန်တိုးစေသည့်အပြင်နှလုံးအပေါ်လည်းရိုက်ခတ်မှုရှိသည်။

အိပ်ချိန်အသက်ရှုမူမမှန်ခြင်း Sleep Apena သည် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်လည်း ပျက်စီးလျော့ကျစေပါသည်။ ထိုသူများသည် လိင်တံထောင်မက်နိုင်ရန် ခက်ခဲကြသည်။ မကြာခဏမောပန်းလွယ်ပြီး လိင်ဆန္ဒ လုံးဝမရှိခြင်းမျိုး တွေ့ရသည်။ အိပ်ချိန်တွင် ဟောက်တတ်သူများသည် relationship ဆက်ဆံရေးတွင် ပြသနာများဖြစ်ပေါ်စေနိုင်ပါသည်။

Sleep Apnea သည် ကျားဟိုမုန်းကိုလျော့ကျစေပြီး လိင်ဆက်ဆံချင်စိတ်နည်းပါး စေကြောင်း အစ္စရေးသိပ္ပံသုတေသီများက တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကျားဟိုမုန်းလျော့ကျခြင်းသည်အရေးကြီးသည့် အလေးများနှင့်ကြွက်သားကြီးထွားဖို့ကြိုးစားနေသူများအတွက်အရေးကြီးသည်။

ကြွက်သားတည်ဆောက်နိုင်စွမ်းသည် သွေးကြောအတွင်း လိင်ဟိုမုန်းပမာဏ အပေါ်မူတည်ကြောင်း သိရှိပြီးသားဖြစ်သည်။အိပ်ချိန်အသက်ရှုမူမမှန်ခြင်းသည် သင်၏ sex life ကို ပျက်စီးစေနိုင်ပြီး Gym တွင် Workoutလုပ်ဆောင်ရာတွင်လည်းအတား အဆီးဖြစ်နိုင်ပါသည်။ဘာကြောင့်ဖြစ်နိုင်သည်။ဘာတွေလိုက်နာရမည်ဆိုတာကိုသီးသန့်Postတင်ပေးပါမည်။

#အောင်အောင်_လှိုင်#Hormone#ObstructiveSleepApena#goodsleeping#FatLoss#homeworokout#healthylifestyle#exercise#hormones

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta