အဝလွန်ခြင်းနှင့် အမှတ်-၂ ဆီးချို - MFTA

အဝလွန်ခြင်းနှင့် အမှတ်-၂ ဆီးချို

ဒီအချက်ကတော့ အတော့်ကို သက်တောင့် သက်သာ မရှိတဲ့အချက်လိ့ ဆိုရပေမဲ့၊အမှတ်-၂အမျိုးအစား ဆီးချိုဝေဒနာရှင်အများစုသည်၊ ကိုယ်အလေးချိန်များနေသူများနဲ့ အဝလွန်နေသူများ ဖြစ်ကြပါတယ်။ဒါပေမဲ့ လေ့လာတွေ့ ရှိချက်တွေအရ ဆီးချိုလူနာသစ်တွေရဲ့ ၃ ပုံ တစ်ပုံဟာ ပုံမှန်ကိုယ်အလေးချိန် (BMI < 25 အောက်သာ)ရှိနေတာက နားလည်ရခက်တဲ့ ပြသနာတစ်ရပ် ဖြစ်လာပါတယ်။ဆီးချိုနဲ့ ပါက်သက်တဲ့သုတေသီ Roy Taylor က အဲ့ဒီပြသနာရဲ့ အဖြေကို၊ PFT @ Personal Fat Threshold ဆိုတဲ့ သီအိုရီနဲ့ အဖြေထုတ်ဖြေရှင်းခဲ့ပါတယ်။

သူ့ ရဲ့ အယူအဆက လူတိုင်းမှာ ခန္ဓာကိုယ်တွင်းအဆီပမာဏကို လက်ခံနိုင်စွမ်းရှိပီး၊ အဲ့ပမာဏကတယောက်နဲ့ တယောက် မတူညီပါ။

လူတယောက်ရဲ့ ကိုယ်တွင်းက လက်ခံနိုင်တဲ့ ပမာဏထက်ပိုသွားရင် ဆီးချိုဖြစ်ပါပီ။

ဒါကြောင့် PFT မြင့်တဲ့သူတွေက ကိုယ်အလေးချိန်များနေပေမဲ့၊ ဆီချိုမဖြစ်သေးတာပါ။

PFT နိမ့်နေတဲ့သူတွေကျတော့ ကိုယ်အလေးချိန်လေး ပုံမှန်နဲ့ ဆီးချို ဖြစ်နေကြပြန်ရော။

PFT နိမ့်ခြင်း မြင့်ခြင်းကို ကျွန်တော်တို့ တပ်အပ်မပြောနိုင်ပေမဲ့-

-မျိုးရိုးရာဇဝင်

-Genetic အရတချို့ ပုဂ္ဂိုလ်တွေအနေနဲ ့ အသည်းနဲ့ ပန်ကရိယ မှာ၊ အဆီတွေအလွယ်တကူ သိုလှောင်နိုင်တဲ့အတွက် insulin resistance ဖြစ်ခြင်းကနေစပါတယ်။

(ဝိတ်ချခြင်းအနုပညာစာအုပ်မှာအသေးစိတ်ရှင်းပြထားပါတယ်)ဒါကြောင့် အဆီချဖို့ ရေးသား တိုက်တွန်း ပြောဆိုချက်တိုင်းသည်၊ အဝလွန်နေသူတိုင်းအတွက်ရော၊ ကိုယ်ရဲ့ PFT ဘာမှန်းမသိနိုင်တဲ့ကိုယ်အလေးချိန် သာမန်ရှိ ပုဂ္ဂိုလ်အားလုံးကိုပါရည်ရွယ်ခြင်း ဖြစ်ပါသည်။ အဝလွန်ခြင်းသည် ကပ်ရောဂါ ဆိုတာမမေ့ပါနဲ့ ။ ကျွန်တော့် Team အနေနဲ့ Lifestyle change လုပ်လိုသော Client များကို ကူညီရန် အသင့်ရှိပါသည်။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#Myanmar_Fitness_Trainer_Academy#FitMyanmarProject#MakeMyanmarFit#Obesity#OverWeight#Diabetes#InsulinResistance#FatLoss#Sport#Training#Nutrition#Diet

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta