အဆီကျဖို့ ဟန့်တားနေတဲ့ stress - MFTA

အဆီကျဖို့ ဟန့်တားနေတဲ့ stress

မနေ့ က (၂၁.၁၀.၂၀) မှာ၊ ကျွန်တော့် page မှာFat loss နဲ့ ပါတ်သက်ပီး ပထမဆုံးသောLive လေးလုပ်ပီးမျှဝေခဲ့ပါတယ်။ စဉ်ဆက်မပြတ် Fat loss နဲ့ ပါတ်သက်ပီး topic အစုံနေ့ စဉ်လိုလို မျှဝေနေခဲ့တာတောင် မျှဝေစရာတွေ တောင်ပုံယာပဲကျန်နေဆဲပါ။ ဒီနေ့ မျှဝေပေးမှာကတော့ Stress တွေဟာကျွန်တော်တို့ ရဲ့ lifestyle နဲ့ Fat loss processမှာ ဘယ်လောက်တောင် အဟန့် အတားဖြစ်စေနိုင်သလဲဆိုတာကို မျှဝေပေးမှာပါ။

ယနေ့ ခေတ်ကတိုးတက်တဲ့ နည်းပညာခေတ်ဆိုပေမဲ့ ကျွန်တော်တို့ တွေအနေနဲ့ Stress များစွာ(psychologically and Physiologically)နဲ့ နေသားကျနေတဲ့အနေအထားမျိုး ကြုံနေရပါတယ်။Fitness Professional တယောက်ရဲ့ stand pointကနေပြောရမယ်ဆိုရင်၊ stress များလေလေCortisol လို့ ခေါ်တဲ့ ဟိုမုန်း အထွက်များလေလေဖြစ်ပီး၊ Client ရဲ့ အဆီချဖြစ်စဉ်မှာ အဟန့် အတားဖြစ်စေနိုင်တဲ့ အတွက်၊ အချက် ၃-ချက်နှင့်ရှင်းပြပါမယ်။

သုတေသနများစွာရဲ့ တင်ပြချက်အရ၊ ကော်တီဆော်လ်ပမာဏ မြင့်တက်လာချိန်တွင်ကိုယ်တွင်းမှ တက်စတိုစတီရုန်း ဟိုမုန်းလျော့ကျသွားပီး၊ အဆီကျနိုင်ချေနဲ့ ကြွက်သားတည်ဆောက်နိုင်စွမ်း၊ လျော့ကျသွားပါတယ်။

ကော်တီဆော်လ်ပမာဏ မြင့်တက်လာလျင်Progesterone ပမာဏလျော့ကျလာပါသည်။ထိုအခါ ကိုယ်တွင်းမှ estrogen ဟိုမုန်း ပမာဏမြင့်တက်လာပီး၊ အဆီကိုပိုမိုထိန်းသိမိးသိုမှီးထားပါလိမ့်မည်။

Cortisol ပမာဏများခြင်းက insulin resistance ဖြစ်စေပီး၊ အဆီချဖို့ ခက်ခဲလာဦးမည်ဖြစ်သည်။

အဆီချရာတွင်၊ ကယ်လိုရီများများဖြတ်ချခြင်း၊ အချိန် ကာလကြာရှည်စွာ၊ ကယ်လိုရီလျော့စားခြင်းနှင့်၊ လေ့ကျင့်ခန်း ပြင်းထန်စွာပြုလုပ်ပီး၊ အအိပ် မမှန်ခြင်း (live ထဲတွင် အများဆုံးတွေ့ ရသော အမှား များ) တို့ သည် ခန္ဓာကိုယ်အပေါ်သို့ stress များစွာသက်ရောက်စေပီး၊ အထက်တွင် ရှင်းပြသည့်အတိုင်း အဆီချဖြစ်စဉ်အပေါ် negative Impact ဖြစ်စေနိုင်ပါကြောင်း။

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#Stress#Cortisol#Testosterone#Sleep#Progesterone#FatLoss#WeightLoss

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta