သွားတိုက်ပါ။တွေးကြည့်ပါ။ - MFTA

သွားတိုက်ပါ။တွေးကြည့်ပါ။

သွားတိုက်ပါ။တွေးကြည့်ပါ။

ကျွန်တော်တို့ မနက်အိပ်ရာထ၊ညအိပ်ရာဝင်နဲ့ Date သွားကာနီးလေးတွေမှာသွားတိုက်တတ်ကြပါတယ်။

အကယ်၍မိတ်ဆွေကနေ့ စဉ်သွားလေးမတိုက်ဘဲ ရှုပ်ပါတယ်ကွာ၊တစ်လတစ်ခါ သွားတိုက်တယ်။တစ်ခါတိုက်တစ်နာရီလောက်တိုက်ပစ်လိုက်မယ်ဆိုပီးတွေးဖူးလား။ မတွေးဘူးလောက်ပါဘူး။

ဘာလို့လဲဆိုတော့ သွားတိုက်ခြင်းသည်ဝန်မပိဘဲပုံမှန်လုပ်ဖြစ်သောကြောင့်ဆိုတဲ့ခေါင်းစဉ်ကြောင့်ပါပဲ။

ကျွန်တော်တို့ရဲ့ နေ့စဉ်ကျန်းမာရေးနဲ့ ပါတ်သက်သော၊အလေ့အကျင့်လေးတွေကိုတစ်ထိုင်တည်း အများကြီးမလုပ်ဘဲသွားတိုက်တဲ့အမူအကျင့်လေးတွေလို သေးသေးဖွဲဖွဲလေးတွေစလုပ်ကြည့်ပါ။

အသေးအဖွဲလေးတွေက ကမ္ဘာကြီးကိုမကယ်တင်နိုင်ပေမဲ့ ရေရှည်မှာ၊ Compounding effect လေးနဲ့ သင့်ဘဝရဲ့ အဖက်ဖက်မှာတိုးတက်လာမှာအသေအချာမို့ ဘယ်လိုအခက်အခဲလေးတွေပဲ ကြုံကြုံ သွားတိုက်တာလေးကိုသတိရပါ။

လေးစားလျက်- နိုင်ဦး-၁၁၉

#ဝိတ်ချခြင်းအနုပညာ#ကာယဗလသော့ချက်များ

#argazar#နိုင်ဦး၁၁၉#healthyfood

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta