သင်ကြားရေးပိုင်းအတွက်တော့ လှည့်ကြည့်စရာမလို - MFTA

သင်ကြားရေးပိုင်းအတွက်တော့ လှည့်ကြည့်စရာမလို

ဘ၀မှာ ချစ်ရတဲ့သူတွေနဲ့အတူ အသက်ရှည်စွာ အနာမဲ့ကြောင်း ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မှ လူဖြစ်ရကျိုးနပ်တာပါ။

ဒီလိုဖြစ်နိုင်ဖို့ဆိုရင် အစားအသောက်၊ အနေအထိုင်တော့ ဆင်ခြင်ရတာပေါ့ဗျာ။

အစားအသောက်ကို မျှတအောင်စားမယ်။

လေ့ကျင့်ခန်းကိုလည်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းမာလှပတဲ့ လူနေမှုဘ၀ကို ရရှိခံစားနိုင်မှာ မလွဲဧကန်ပါပဲ။

ဒါဖြင့် “ရခဲလှတဲ့ လူ့ဘ၀မှာ အစားအသောက်ကို ဆင်ခြင်နေရဦးမယ်ဆိုရင် ဘယ်လူဖြစ်ရကျိုးနပ်ပါ့မလဲ၊ စားမှာပဲ” ဆိုရင်တော့ မတားပါဘူးဗျာ။ စားသာစားပါ။ အဲ… ဒီအတွက် လေ့ကျင့်ခန်းလေးတော့လုပ်ပြီး ပြန်ထိန်းရမယ်ဗျ။

လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာတော့ နည်းမှန်လမ်းမှန်လုပ်ဖို့ အင်မတန် အရေးကြီးပါတယ်။ ဒါမှ ကျန်းမာရေးမထိခိုက်ဘဲ နည်းစနစ်ကျတဲ့ ကျန်းမာလှပ လူနေမှုဘ၀ကို ရရှိခံစားနိုင်မှာနော်…

ဒီလို နည်းလမ်းမှန်ပြီး စနစ်ကျဖို့ဆိုတာကလည်း ကျွမ်းကျင်တဲ့ Professional Trainer တွေနဲ့မှ ဖြစ်မှာပါ။

ကျွန်တော်တို့ Muscle Professor မှာဆိုရင် Muscle Professor page နဲ့ Myanmar Fitness Training Academy ကျောင်းကို တည်ထောင်သူ Fit Myanmar Project အမည်နဲ့ ပညာဒါနသင်တန်းတွေကို လက်တွေ့ပို့ချပေးနေတဲ့ ဆရာ U Naing Oo “” ( Master Trainer – International Sports Sciences Association) & Precision Nutrition L- 1 Coach + CECS & over 20 years of experience in fitness industry “” ကိုယ်တိုင် လက်တွေ့ သင်ကြားပြသပေးနေတာပါ။

ဒါ့အပြင် အခြားသော ကျွမ်းကျင်ဝါရင့် Trainer တွေကလည်း နည်းမှန်လမ်းမှန်နဲ့ အကောင်းဆုံး သင်ကြားပြ‌သပေး‌နေလို့ ကျန်းမာပျော်ရွှင်နိုင်တဲ့ လူနေမှုဘ၀တွေကို ရရှိနိုင်ဖို့အတွက် Muscle Professor ကိုသာ လှမ်းခဲ့လိုက်ကြပါလို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ…

#naing_oo_119

#muscle_professor

#MFTA

#Myanmar_Fitness_Trainer_Academy

#FitMyanmarProject

#MakeMyanmarFit#ReverseDieting

#FitnessEducation#Lean#HealthyWeight

#PersonalTrainer#Cpt

#BestService

#BestTraining

#OpenMoreOnline

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta