သင့်ရဲ့ညီလေး အတွက် ဒါတွေရှောင် - MFTA

သင့်ရဲ့ညီလေး အတွက် ဒါတွေရှောင်

ဒီပို့ စ်ကတော့ အမျိုးသား တွေနဲ့ဆိုင်တဲ့ပို့ စ်ပါ။ ကျွန်တော်တို့ သတိမမူမိဘဲကျူးလွန်မိတဲ့ အမှား လေးတွေပါ

1️⃣ အချိုအစားများခြင်းဤအချက်ကတော့ ပြုပြင်ထုတ်လုပ်ထားသောအစားအစာများ၊ အသင့်စားအစားအစာများ၊ အချိုရည်များ ၊ကိတ်၊ ကွတ်ကီး ၊ နှင့်ကာဗိုဟိုက်ဒရိတ်ပမာဏ များများစားခြင်းကြောင့် သွေးတွင်းသကြားဓါတ်မြင့်တက်လာပီဆိုရင် တက်စတိုစတီရုန်းလို့ ခေါ်တဲ့ ကျားဟိုမုန်းထွက်ရှိမှု အပေါ် အနှုတ် သဘောဆောင်တဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်လာမှာပါ။ ဒါဆိုသင့်ညီလေး ထူထူထောင်ထောင် ဖြစ်ဖို့ ခက်ပါလိမ့်မယ်။

2️⃣ အိပ်ရေးမလုံလောက်ခြင်း တညအိပ်ချိန် အနိမ့်ဆုံး ရ နာရီလောက် ရှိကိုရှိသင့်ပါတယ်။ တက်စတိုထုတ်လုပ်မှုအားကောင်းဖို့ အိပ်ရေးဝရန်လိုပါတယ်။

3️⃣ အရက် ကိုယ်တွင်းက တက်စတိုစတီရုန်း ပမာဏကို လျော့ကျစေပါတယ်။

4️⃣ တာဝေးပြေးခြင်း တစ်ပါတ်မှာ စုစုပေါင်း မိုင် ၄၀ ထက်ပိုပြေးသူများတွင် ကိုယ်တွင်းတက်စတိုစတီရုန်းပမာဏ ၁၇% အထိလျော့ကျနိုင်ကြောင်းUniversity of British Columbia research ကတင်ပြထားပါတယ်။

5️⃣ အိမ်တွင်းအောင်း ခွေခေါက်နေခြင်းသဘာဝနေရောင် ခြည်ရရန်လိုအပ်ပါသည်။ ဗိုက်တာမင်ဒီသည် တက်စတိုစတီရုန်းထုတ်လုပ်မှုအတွက်အရေးကြီးပါသည်။အားနေဖုန်းသုံး၊ ဂိမ်းဆော့ လှုပ်ရှားမှုနည်းပါက ရောဂါများစွာဖြစ်စေနိုင်သည့် အပြင် သွေးလည်ပါတ်မှုလည်း နှေးကွေးစေပါသည်။

6️⃣ Soy ဤအချက်နဲ့ပါတ်သက်ပီး အငြင်းပွားစရာများပေမဲ့ Soy စားသုံးမှုသည် တက်စတိုစတီရုန်းထုတ်လုပ်မှုအပေါ်သက်ရောက်မှုရှိကြောင်း Harvard medical school research မှာတင်ပြထားပါတယ်။ ထို့ ကြောင့် သင့်ညီလေး ယိုင်နဲ့နဲ့ ဘဝကလွတ်ပီး အားကောင်းမောင်းသန် ဖြစ်ချင်ရင် အထက်ပါ အချက်တွေ ရှောင်ဖို့ အကြံပြုပါရစေခင်ဗျာ

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach#MenHealth

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta