ဝိတ်မကျလို့ စိတ်ညစ်နေရင် ဒါတွေပြင် - MFTA

ဝိတ်မကျလို့ စိတ်ညစ်နေရင် ဒါတွေပြင်

ဝိတ်မကျလို့ စိတ်ညစ်နေရင် ဒါတွေပြင် ဝိတ်မြန်မြန်ကျဖို့ များများကျဖို့ ကြိုးစားချင်စိတ်ပေါက်နေရင် ဝိတ်မချပါနဲ့ဦး။ ဖြတ်လမ်းလိုက်မိခြင်းက ရေရှည်မှာဝိတ်ပြန်တက်ခြင်းနဲ့ ၊မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းလျော့ကျသွားစေပါတယ်။ -လမ်းလျောက်၊ပြေး၊ရေကူး၊ စက်ဘီးနင်းကြိုးခုန်စတဲ့လေ့ကျင့်ခန်းတွေကိုပဲ အာရုံစိုက်နေရင်၊ အလေးဝန်သုံးပီးလေ့ကျင့်ဖို့ စိတ်ကူးထဲတောင်မထည့်ထားရင်၊ အစားလျော့ရင်ဝိတ်ကျသွားမယ်၊ အဆီကျမှာမဟုတ်ဘူးနော် ကြွက်သားထုထည်ကျမှာ၊ ဒီတော့ဘာဖြစ်မလဲသိလား လူပိန် ငပူတင်းလေး(ဗိုက်ပူနေမှာ) ဖြစ်သွားမှာ။

-Train hard ဆိုတဲ့ mindset တခုတော့ပြောပါရစေ။ Train Hard ဖြစ်တိုင်း effective ဖြစ်တာမဟုတ်ဘူးနော်။ဒါကြောင့် အစားကို အနပ်ငယ်လေးတွေခဏ၊ခဏ စားတာမျိုး၊ ကိုယ်ကြိုက်တဲ့အချို့ အာဟာရတွေကို လှည့်တောင်မကြည့်တာမျိုး၊ ကစားခန်းထဲခြေကုန်လက်ပမ်းကျအောင် လုပ်နေတာမျိုးတွေ မလုပ်ပါနဲ့ဗျာ။

– YouTube လေးဖွင့်လိုက် motivation Video လေးတွေကြည့်လိုက်၊ နဲ့တော့အလုပ်မဖြစ်ပါဘူး။ အလေ့အကျင့်ကောင်းလေးတွေတဖြည်းဖြည်းတည်ဆောက်ယူပါ။ တနေ့ ကိုခြေလှမ်း၈ ထောင်စမလျောက်ပါနဲ့။ အစားစားပီးတိုင်း ငါးမိနစ်၊ ၁၀ မိနစ်စီလောက်လမ်းလျောက်ကြည့်ပါ။ တဖြည်းဖြည်းနဲ့အကျင့်ကောင်းတွေတည်ဆောက်လာနိုင်ပါလိမ့်မယ်။မိုင်တစ်သောင်းခရီးက ခြေတလှမ်းကနေပီးစရပါတယ်။ကျန်းမာကြပါစေဗျာ။

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta