ဝိတ်ချလိုသူများနဲ့ Stress - MFTA

ဝိတ်ချလိုသူများနဲ့ Stress

ယနေ့ ခေတ် Stress တွေများလှတဲ့ lifestyle ထဲမှာ လူတွေ နေ့ စဉ် ရှင်သန်လှုပ်ရှားနေကြရတယ်။ Stress တွေပါတ်သက်လို့ စီကာပါတ်ကုံးမပြောလိုပါ။ ကျွနိတော့် ပရော်ဖက်ရှင်နယ်ဖြစ်တဲ့၊ Fitness ရှု့ ထောင့်ကနေပဲ တင်ပြပါ့မယ်။ ဘဝအတွက် ကျန်းမာရေးအတွက် Stress အချို့ ရှိနေခြင်းက Good ပါတယ်။

လေ့ကျင့်ခန်း ကလည်း ခန္ဓာကိုယ်ကို Stressပေးခြင်းတစ်မျိုးပါပဲ။ ဒါပေမဲ့ stress များလွန်းခြင်းက မိမိကစားသမားရဲ့ ၊ ရုပ်ပိုင်း ဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ အနှုတ်လက္ခဏာဆောင်တဲ့သက်ရောက်မှုတွေ ဖြစ်ပေါ်စေမှာပါ။

အထူးသဖြင့် အဆီချသမားတွေအနေနဲ့ မိမိအပေါ် သက်ရောက်နေတဲ့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေ ထိန်းချုပ်ရပါမယ်။Stress တွေများလာရင် –

-အစားစားလိုစိတ်ကို မြင့်တက်စေတဲ့ ဟိုမုန်းတွေထွက်လာပါတယ်။

-Inflammations တွေဖြစ်စေနိုငိပီး Insulin Resistance ဖြစ်လာပါတယ်။ visceral fat တွေမြင့်တက်လာစေပါတယ်။

-အိပ်စက် ခြင်းကို သက်ရောက်မှုတွေ ဖြစ်လာစေပါတယ်။

-Glycemic control ကို သက်ရောက်မှုတွေ ဖြစ်လာပါတယ်။

-ခန္ဓာကိုယ်ရဲ့ စွမ်းအင်ထုတ်ယူအသုံးပြုမှုကို လျော့ကျသွားစေပါတယ်။

Stress တွေလျော့ကျဖို့ ဆိုရင်၊

-အိပ်ရေးဝဝအိပ်ပါ။

-လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

ဒါပေမဲ့ လိုတာထက်မပိုပါစေနဲ့ ။ ပုံမှန်စား သောက်နေရင်းနဲ့ လေ့ကျင့်ခန်း လုပ်ပီး Blood sugar Level ကို ထိန်းချုပ်နိုင်မယ်ဆိုတဲ့အနေအထားလောက်ပဲ လေ့ကျင့်ခန်း လုပ်ပါ။တန်ဆေး လွန်ဘေးပါ။ ကိုယ်ခံနိုင်ရည်နဲ့ သင့်လျော်တဲ့ Training program တွေကိုရှာဖွေပါ။ မတွေ့ရင် ကျွန်တော့်ကိုဆက်သွယ်ပါ။ရောင်းပေးပါမယ်။

-အသက်ဝဝရှုပါ။

-တရားထိုင် ပါ။

-မိမိပျော်ရွှင်တဲ့ အရာတွေလုပ်ဖို့ အချိန်ထုတ်ပါ။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#Myanmar_Fitness_Trainer_Academy#FitMyanmarProject#MakeMyanmarFit#StressManagementTips#Stress#InsulinResistance#MeditationTips#DeepBreath#YourCoach#GuruNaing#MyanmarFitnessGuru#OnlineCoach#MyanmarFitnessPioneer

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta