လေ့ကျင့်ခန်းနှင့်မှတ်ဉာဏ် - MFTA

လေ့ကျင့်ခန်းနှင့်မှတ်ဉာဏ်

လေ့ကျင့်ခန်းလုပ်ခြင်းသည် မှတ်ဉာဏ်ကိုတိုးတက်စေသော ကောင်းမွန်သည့် ယန္ကရားဖြစ်ပါတယ်။ ကျွန်တော်တို့ ယခင်ကပြောခဲ့ကြသည့်အတိုင်းလေ့ကျင့်ခန်းပြုလုပ်သည့်အခါ ကျွန်တော်တို့၏ ကြွက်သားများသည် သွေးထဲသို့ အချက်ပြမော်လီကျူးများ (𝗦𝗶𝗴𝗻𝗮𝗹𝗶𝗻𝗴 𝗠𝗼𝗹𝗲𝗰𝘂𝗹𝗲𝘀 ) ကို ထုတ်လွှတ်သည်။ 𝗘𝘅𝗲𝗿𝗸𝗶𝗻𝗲𝘀 ဟုခေါ်သည့် ဓာတုပစ္စည်းများသည် ဦးနှောက် ကဲ့သို့သော ထင်ရှားသည့် အင်္ဂါရပ်များဆီသို့ ရွေ့လျားသွားသည်။ ထို့နောက် 𝗘𝘅𝗲𝗿𝗸𝗶𝗻𝗲𝘀 သည် ထို အင်္ဂါရပ်များဆီသို့ ကျန်းမာသည့်ပြောင်းလဲမှုများကို ထုတ်ပေးသည်။

ဤလေ့လာချက်သည် 𝗖𝗮𝘁𝗵𝗲𝗽𝘀𝗶𝗻 𝗕 ဟုခေါ်သော 𝗘𝘅𝗲𝗿𝗸𝗶𝗻𝗲𝘀 မှာ ကြံ့ခိုင်မှုနှင့် မှတ်ဉာဏ်လုပ်ဆောင် ချက်တို့နှင့် ဆက်နွယ်နေသည်ဟု ဖော်ပြထားသည်။ထို့နောက် ယင်းတို့သည် လူသားနှင့် မျောက်တို့ကို ပြေးစက်ဖြင့် စမ်းသပ်စေကာ သွေးထဲတွင် 𝗖𝗮𝘁𝗵𝗲𝗽𝘀𝗶𝗻 𝗕 ထုတ်လွှတ်မှုဖြစ်ပေါ်စေသည်။𝗖𝗮𝘁𝗵𝗲𝗽𝘀𝗶𝗻 𝗕 သည် အရေးကြီးသည်ဟု အဆိုကို အခြေအမြစ်ခိုင်မာစေရန်နှင့် ကြွက်များ၏ 𝗖𝗮𝘁𝗵𝗲𝗽𝘀𝗶𝗻 𝗕 ကိုစမ်းသပ်ရန်အတွက် လေ့လာသူများသည် 𝗚𝗲𝗻𝗲ကို ထုတ်ဖယ်လိုက်ပြီး ကြွက်များကို လေ့ကျင့်ခန်းပြုလုပ်စေသည်။ 𝗖𝗮𝘁𝗵𝗲𝗽𝘀𝗶𝗻 𝗕 အတွက် 𝗚𝗲𝗻𝗲 ကို ထုတ်ဖယ်ခြင်းဖြင့် လေ့ကျင့်ခန်းသည် မှတ်ဉာဏ်အတွက် လုပ်ဆောင်ပေးရသော 𝗛𝗶𝗽𝗽𝗼𝗰𝗮𝗺𝗽𝘂𝘀 (သို့) အာရုံကြော ဖွံဖြိုးမှုအတွက် လုပ်ဆောင်ပေးရသော 𝗻𝗲𝘂𝗿𝗼𝗴𝗲𝗻𝗲𝘀𝗶𝘀 နေရာတစ်၀ိုက်တို့ကို သက်ရောက်မှုမရှိတော့ပေ။

𝗣𝗮𝗴𝗲မှာ မတင်ဖြစ်သည့် 𝗕𝗼𝗱𝘆𝗯𝘂𝗶𝗹𝗱𝗶𝗻𝗴& 𝗙𝗶𝘁𝗻𝗲𝘀𝘀 ဗဟုသုတ ဆောင်းပါးများနှင့် 𝗠𝘆 𝗣𝗿𝗼𝘁𝗲𝗶𝗻 𝗚𝘆𝗺 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 ကြေငြာများကို လေ့လာ ဖတ်ရူလိုပါက ကျွန်တော့်အကောင့်ကို 𝗙𝗼𝗹𝗹𝗼𝘄 ထားနိုင်ပါသည်။

https://www.facebook.com/aung.aungoo.7798#အောင်အောင်_လှိုင်#exercise#excerciseandbrainhealth#brain#exerciseandbrain#healthylifestyle#healthyfamilies#beactive#morningexercise#brainhealth#behealthy#familyhealth#healthyfamily#healthybrain#brainderivedneurotropicfactor

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta