လူတွေက Training ကိုဝယ်တာမဟုတ်ဘူး Trainer ကိုဝယ်တာတဲ့။ - MFTA

လူတွေက Training ကိုဝယ်တာမဟုတ်ဘူး Trainer ကိုဝယ်တာတဲ့။

ဒီတော့ Trainer တစ်ယောက်အနေနဲ့ self branding ကြိုက်သလောက်လုပ် ကြိုက်သလောက် ချပြ လူတွေက သင်ဘာကောင်ကြီးဆိုတာထက် ဘာလုပ်ပေးနိုင်တယ်ဆိုတာကိုပိုစိတ်ဝင်စားပါတယ်။

ရလာဒ်မပြနိုင်တဲ့ မားကတ်တင်းဟာဂျင်းပဲ။

Trainer ညီငယ်တွေအနေနဲ့ စဉ်းစားရမှာက ကိုယ်တကယ်တတ်သိ ကျွမ်းကျင်တဲ့ skill ကဘာလဲ?

သိအောင်လုပ်။ အတော့မသတ် certificate တွေနောက် လိုက်တာကိုရပ်။ ခင်ဗျားတို့ က ဘီယာပုလင်းလေးတွေလိုမျိုး လေဘယ်လ်တပ်မှရောင်းရမဲ့သူတွေလား?

တကယ်တော့သင်တန်းတွေတက်တာက ရင်းနှီးမြှုပ်နှံဆိုရင် Return of Investment ဘာပြန်ရနိုင်မလဲ?

ငါတက်မဲ့သင်တန်းက ငါ့ရဲ့ တားဂတ်မားကတ်နဲ့ ကိုက်ညီရဲ့ လား? ငါ့အတွက်ဘယ်လို return ပြန်ရနိုင်မလဲဆိုတာစဉ်းစားပါ။တွေးစရာတစ်ခုရမယ်ထင်ပါတယ်။

ဒီစကားပြောနေတဲ့ ကျွန်တော်က Trainer Academy ရဲ့ Founder ပါ။ ဒါပေမဲ့ညီတွေ /ညီမတွေ အကျိုးရှိစေချင်တာပါ။အဲ့လောက်ရှင်းပြတာတောင်မရဘူး

ဆရာတို့ ချမ်းသာအောင် ဘာဖွင့်ဖွင့်တက်မယ်ဆိုရင်လာထားးးးးးး

လေးစားလျက်- နိုင်ဦး-၁၁၉

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta