ဘယ်လိုပဲချချ အဆီမကျတော့ဘူးဆိုရင် - MFTA

ဘယ်လိုပဲချချ အဆီမကျတော့ဘူးဆိုရင်

လူအတော်များများက အဆီကို နည်းလမ်း ပေါင်းစုံနဲ့ ချလို့ မှ မကျတော့ရင် လွယ်လွယ်လေး Label တပ်လိုက်ကြတာက၊ Broken Metabolism တဲ့ ကဲထားပါတော့ အဲ့အကြောင်းနောက်မှဆွေးနွေးပါ့မယ်။

လိုရင်းဆက်ပြောရရင်၊ metabolism ဘာညာထည့်မပြောဘဲ အလွယ်ဆုံးပြောရရင်၊

1️⃣ အအိပ်

2️⃣ ကယ်လိုရီ

3️⃣ Macronutrients

4️⃣ Micronutrients

5️⃣ Hydration

6️⃣ Exercise (နံပါတ်ခြောက်မှာနော်) စတဲ့အချက်တွေကို သေချာဆန်းစစ်ရမယ်။

အဲ့ခြောက်ချက်မှာ အဖြေရှိကို ရှိတယ်ဆိုတာယုံ အဲ့ဒါတွေပီးမှ Meal timing တို့ ၊ Diet periodization တို့ Supplements (နောက်ဆုံးအချက်နော်) တို့ ကို ထည့်သွင်းစဉ်းစားရမှာဗျ။

နောက်ထပ်အရေးင်္ကြးတဲ့ point တွေက အကယ်၍သင့် Client က မကြာခဏ အရက်သောက်တတ်သူဆိုရင် သူ့ အတွက် Keto Diet ကို ထည့်မတွက်ပါနဲ့ ။

အကယ်၍သင့်client က သူတနေ့တာစားနေတဲ့ အာဟာရတွေအတွက် Food journal ကိုသုံးရက်လောက်တောင် မလုပ်နိုင်သူဆိုရင်၊ သူ့ Diet ကို လိုတိုးပိုလျော့လုပ်ဖို့ ရော၊ တချို့သော အာဟာရအုပ်စုတွေကို ဖယ်ထုတ်နိုင်ဖို့ မမျှော်လင့်ပါနဲ့ ။

အာဟာရရဲ့ အခြေခံ အချက်တွေကို မလိုက်နာနိုင်သူအတွက်၊ ဟိုမုန်းတို့ ၊Gut health တို့ ဆိုတာတွေက ဂတုံးမ အတွက်ဘီးစိပ်ဝယ်သလို ဖြစ်နေမယ်။

အအိပ်ဂရုမစိုက်သူတယောက်အတွက် meal timing ဆိုတာဟာ အပိုပဲ။

အဆီကျဆေးတွေကိုပဲ အားကိုးတတ်သူတယောက်အတွက်၊ Diet တွေ က အပိုဖြစ်နေပါလိမ့်မယ်။

Influencer တွေဆီက ဒိုင်းယက်ဝယ်ဖူးသူတွေ၊ အဆီကျလိမ်းဆေး လိမ်းနေသူအတွက်တော့ Fitness Professionals တွေဟာ၊ ရွာအလှူမှာ အာကျယ် အာကျယ်နဲ့ ဆရာကြီးလုပ်တတ်တဲ့ ကာလသားခေါင်းလို့ မြင်နေမှာ သေချာတယ်။

ဒီတော့ဗျာ၊ မိတ်ဆွေက အဆီကျဖို့ ခက်နေသူ ဒါမှမဟုတ် အဆီချရခက်တဲ့ Clients တွေကို ကူညီပေးနေတဲ့ Fitness trainer တယောက်ဆိုရင်

အထက်မှာတင်ပြထားတဲ့ အခြေခံအချက်တွေကို ရှယ်သင်ပေးမဲ့ သင်တန်း ၂-ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ Link တွေဝင်ကြည့်ပေးပါ။

Certified Personal Trainer သင်တန်း

https://www.facebook.com/100064572796350/posts/544039157758506/

လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119

#muscle_professor

#MFTA#GuruNaing

#Myanmar_Fitness_Trainer_Academy

#FitMyanmarProject#YourCoach

#MakeMyanmarFit#MyanmarFitnessPioneer#issacertified

#ISSAMasterTrainer#PNCoach#metabolism

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta