ဘယ် Diet ဘယ် Plan အကောင်းဆုံးလဲ လာမမေးနဲ့ ။ - MFTA

ဘယ် Diet ဘယ် Plan အကောင်းဆုံးလဲ လာမမေးနဲ့ ။

-Client လက်တွေ့ လိုက်နာ လုပ်ဆောင်နိုင်တဲ့ Plan ကအကောင်းဆုံးပဲ။ ခင်ဗျား ဘယ်လောက်ပဲ ပျံလန်နေအောင်တော်နေတတ်နေပါစေ ခင်ဗျားရဲ့ clients ရဲ့ life style နဲ့ အဆင်ပြေအောင် flexible ဖြစ်အောင် Training + Dietary Guidelines တွေရေးဆွဲမပေးနိုင်ဘူးဆိုရင် အလကားပဲ။

သီအိုရီအကြောင်း ပညာရပ်အကြောင်း အာပေါက်အောင်ပြောနိုင်တိုင်း လက်တွေ့ အကောင်အထည်ဖော်တဲ့ အခါမှာ ရလာဒ်မမြင်ရယင် အလကားပဲ။ ပညာရပ်နဲ့ လက်တွေ့ ကြားထဲက ဟနေတဲ့ Gap လေးကို ဆွဲစိနိုင်မှ အလုပ်ဖြစ်မှာပါ။

တစ်ခါတရံ သင့်ကိုယ်သင် သိပ်ဟဲဗီးကြီးထင်နေရင် ပါတ်ဝန်းကျင်ရဲ့ ရှုမြင်ပုံကို လေ့လာကြည့်ဦး။

Personal training services ဆိုတာ client Oriented ပဲဖြစ်ရမယ်။ ဒါကကျွန်တော့်အမြင်ပါ။

အမြင်မတူသူရှိကောင်းရှိနိုင်ပါတယ်။

ဒါက Advice တခုပါ။

အမြဲတမ်းအမှန်တရားလို့ မဆိုလိုတဲ့အတွက် လိုအပ်သူ တိုက်ဆိုင်သူများ ယူပါ။

မလိုအပ်သူများ ကျော်သွားပါ။

လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉

#naing_oo_119

#muscle_professor

#personaltraining

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta