ပေါင်ချိန် ဒွိဟ - MFTA

ပေါင်ချိန် ဒွိဟ

ပေါင်ချိန် ဒွိဟ ကိုယ်အလေးချိန် ခဏခဏ မချိန်သင့်ဘူး ဆိုတာ လေးကို မောင်အိုလံပီယာ (၇)ထပ်ကွမ်း အာနိုး က အကြံပေး ပြောဆို ထားတဲ. အကြောင်း လေးကို ပြန်လည် လက် ဆင်.ကမ်း တင်ပြ ပေးလိုက် ပါတယ်။ ဒီနေ. ခေတ် လူငယ် အတော် များများ ကျွန်တော် အပါအ၀င် Gym ကစားသူ အများစု ဟာ မိမိရဲ. ကိုယ်ခန္ဓာအလေးချိန် ဘယ်လောက် တိုးတက် လာတယ် ဆိုတာကို နေ.စဉ် ပေါင်ချိန်စက် ပေါ် တက်ပြီး ချိန် တတ်ကြတာ အလုပ်တစ်ခု လိုပါပဲ။ အဲဒီ အကြောင်း အရာလေး နဲ. ပတ်သက်ပြီး အာနိုးက အခုလို အကြံပေး ထားပါတယ်။ကိုယ်အလေးချိန်ကိုယ် အလေးချိန်မှာ အကျုံး ၀င်တဲ. အပိုင်း (၃)ပိုင်း ရှိပါတယ်။ အဲဒါကတော.

1️⃣ကိုယ်ခန္ဓာရဲ့အရိုးများ အတွင်း အင်္ဂါစုများနဲ. သွေးစတာ တွေပါ၀င်တဲ. အလေးချိန်

2️⃣ကိုယ်ခန္ဓာရဲ. အဆီ အလေးချိန်

3️⃣ကြွက်သားများ အလေးချိန် တို. ဖြစ်ပါတယ်။

အဲဒီ (၃)မျိုးထဲမှာပထမ အလေးချိန်ကို အစား အသောက်တို. လေ.ကျင်.ခန်း တို.နဲ. ကြီးကြီး မားမား ပြောင်းလဲအောင် လုပ်လို. မရပါဘူး။ နံပါတ် ၂နှင်.၃ တို.ကို တော. ပြောင်းလဲ ယူလို. ရပါတယ်။ ဒါပေ.မယ် ချိန်ခွင် ပေါ်မှာ တက်ချိန် လိုက်လို. တစ်ကိုယ် လုံးရဲ. ကိုယ်အလေး ချိန်ကိုတော. သိရပါမယ်။ ကိုယ်ခန္ဓာမှာ ပါ၀င်တဲ. အလေးချိန် တစ်မျိုးစီရဲ. အချိုးအစား တွေကို တော. မဖော်ပြ နိုင်ပါဘူး။ သာမန် ကိုယ်လုံး ကိုယ်ထည် ရှိတဲ. လူ တစ်ယောက်ရဲ. ကိုယ်မှာ အဆီ အလေးချိန်က အနည်း ဆုံး (၁၅) ရာခှိုင်နှုန်း ခန်.ရှိပါတယ်။ အလွန် တော်တဲ. ပြိုင်ပွဲ၀င် ကစား သမား တစ်ယောက် မှာ အဆီ က ၂% – ၄% ခန့်တောင် နည်း နိုင်ပါတယ်။ အလေးနဲ. စနစ် တကျ ကစား ထားတဲ. လူ တစ်ယောက်ဟာ တစ်နှစ် အတွင်းမှာ ကြွက်သား စစ်စစ် အလေးချိန် (၅) ပေါင် ကနေ (၁၅) ပေါင် အတွင်း တိုး နိုင်ပါတယ်။ ကိုယ်တွင်း အဆီ (၅) ပေါင်လောက် ကျပြီး ကြွက်သား (၅)ပေါင် လောက် တိုး လာရုံနဲ. ကိုယ်လုံး အချိုးအစား ဟာ အများကြီး ပြောင်းလဲ သွား ပါတယ်။ ဒီလို ပြောင်းလဲ မှုကို တော့ ပေါင်ချိန်စက် က ဘာမှပြမှ မဟုတ်ဘူး။ မိမိ ကိုယ်တိုင် သာ သိနိုင်မှာ ဖြစ်တယ်။

နောက် တစ်ခု က ကိုယ်ခန္ဓာမှာ ရေ အလေးချိန် ဆိုတာ ရှိသေး တယ်။ ရိုးရိုး ရေကတော. သောက် ပြီးရင် ဆီး အဖြစ်နဲ. ပြန်ထွက် သွား နိုင်တယ်။ ဒါပေ.မယ် တစ်ခြား နည်းတွေနဲ. ရေ တွေဟာ ကိုယ်တွင်းမှာ ကိန်းအောင်း နေပါတယ်။

ဥပမာ ဆိုပါတော. ကိုယ် စားထားတဲ. ကာဗို ဟိုက်ဒရိတ် ကစီဓာတ် (ထမင်း၊ အာလူး၊ ပေါင်မုန်.) စတာမျိုး ကနေ ဂလိုက် ကိုဂျင်လို. ခေါ်တဲ. သကြားဓာတ် အဖြစ် ပြောင်းလဲ တဲ.အခါ ဂလိုက် ကိုဂျင် တစ် ဂရမ် ဖြစ်တိုင်း ရေ (၃) ဂရမ် တိုး လာပါတယ်။ တစ်ခါ ကိုယ်တွင်းမှာ အဆီ တစ်ဂရမ် ကို ချေဖျက် လိုက်တိုင်း ကိုယ်ထဲမှရေတစ်ဂရမ်ထွက်လာ တတ်ပါတယ်။ ဆိုလိုတဲ့သဘော က တော့ရေ အလေးချိန် တစ်ဂရမ် တိုးလာ တာပေါ.ဗျာ။ ဒါတွေကို သိထား လိုက်ရင် ခင်ဗျားတို. အနေနဲ. ကိုယ် အလေးချိန် ချိန်တဲ့ ပေါင်ချိန်စက်မှာ ပြတဲ့ မိမိရဲ. ကိုယ် အလေးချိန်ဟာ မိမိရဲ. အစစ် အမှန် အလေးချိန် ကို ပြတာမဟုတ်ဘူး ဆိုတာ သိလာ ပါလ်ိမ်.မယ်။ လက်တွေ့ လိုက်နာ ကျင့်သုံးသင့်တဲ. အချက်(၂)ချက်ကို ပြောပြပါမယ်။

1️⃣ ခဏခဏ ကိုယ်အလေးချိန် မချိန်ပါနှင်.နေ.တိုင်း ကိုယ် အလေးချိန်ကို ချိန်လို. တိကျတဲ. ထူးခြားချက် ကိုဘယ်လိုမှ သိလာ နိုင်မှာ မဟုတ် ပါဘူး။ တစ်ပတ်မှာ တစ်ခါ ထက်ပိုပြီး မချိန် ပါနှင်.။

2️⃣ချိန်ခွင် တစ်ခု တည်းကို အား မကိုးပါနှင်.ကိုယ်တိုင်း တိုးတက်မှု ရှိ မရှိ ဆိုတာကို ခဏခဏ ကိုယ်အလေးချိန် ချိန်ပြီး မ ဆုံး ဖြတ်ပါနှင်.။ မိမိ ကိုယ်ခန္ဒာ အစိတ်အပိုင်း တွေကို ပေကြိုး ဖြင်. တိုင်းတာခြင်း၊ ကိုယ်. ကိုယ်ကို မှန်ထဲမှာ ကြည်.ခြင်း၊ မကစားခင်က ဓာတ်ပုံနှင်. ကစားပြီး နောက်ပိုင်းတွင် ရိုက်ထားသော ဓာတ်ပုံများကို နှိုင်းယှဉ်ခြင်း တို.ဖြင်. လေ.လာ သုံးသပ် သင်.ကြောင်း အကြံပေး ထားပါတယ်။ ဒါကြောင်. ကျွန်တော် တို.လည်း ခဏ ခဏ ကိုယ် အလေးချိန် မချိန်သင်.ဘူးလို. ထင်ပါတယ် ဆိုတာ တင်ပြရင်း။

𝗣𝗮𝗴𝗲မှာ မတင်ဖြစ်သည့် 𝗕𝗼𝗱𝘆𝗯𝘂𝗶𝗹𝗱𝗶𝗻𝗴& 𝗙𝗶𝘁𝗻𝗲𝘀𝘀 ဗဟုသုတ ဆောင်းပါးများနှင့် 𝗠𝘆 𝗣𝗿𝗼𝘁𝗲𝗶𝗻 𝗚𝘆𝗺 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 ကြေငြာများကို လေ့လာ ဖတ်ရူလိုပါက ကျွန်တော့်အကောင့်ကို 𝗙𝗼𝗹𝗹𝗼𝘄 ထားနိုင်ပါသည်။

https://www.facebook.com/profile.php?id=100012464049943#အောင်အောင်_လှိုင်#arnoldswarzenegger. #Weight#Scale#pound#Fat#Glycogen#Photo#Diary#Before#After

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta