နှစ်ပေါင်း ၂၀ ကျော်လျှို့ဝှက်ချက်တွေနဲ့ Batch ပေါင်း ၄၁-သို့ရောက်လာခဲ့ပါပီ။ - MFTA

နှစ်ပေါင်း ၂၀ ကျော်လျှို့ဝှက်ချက်တွေနဲ့ Batch ပေါင်း ၄၁-သို့ရောက်လာခဲ့ပါပီ။

နှစ်ပေါင်း ၂၀ ကျော်လျှို့ဝှက်ချက်တွေနဲ့ Batch ပေါင်း ၄၁-သို့ရောက်လာခဲ့ပါပီ။

အချိန်နှစ်လ။ နေရာဒေသမရွေး။​

အချိန်မရွေး လေ့လာပြီး အဆင့်မီနည်းပြဖြစ်ဖို့ Certified Personal Trainer (CPT) ပြန်လည်စတင်တော့မီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်။​

၁။ ဘာတွေလိုမလဲ?

Gym ကစားသက် တစ်နှစ်လိုပါတယ်။

၂။ ဘာအတွက်လဲ?

အဆင့်မီ စနစ်တကျ ကိုယ့်ကိိုယ်ကို သာမက client တွေအတွက်ပါ အကောင်းဆုံး train ပေးနိုင်တဲ့ Fitness Trainer ဖြစ်လိုသူများအတွက်ရည်ရွယ်ပါတယ်။

၃။ ဘယ်လိုသင်ကြားပေးမလဲ?

သင်ရိုးကို မြန်မာဘာသာဖြင့် သင်ကြားမည်ဖြစ်သည့်အတွက်၊အခြေခံပညာအသင့်အတင့်ရှိသူများလည်း အလွယ်တကူသင်ယူ လေ့လာနိုင်မှာဖြစ်ပါတယ်။ မြန်မာဘာသာဖြင့် အွန်လိုင်းမှပို့ချသော၊ မြန်မာ့ပထမဆုံးသော Fitness Trainer Course ဖြစ်ပါသည်။

တကယ်လို့ Fitness Trainer တစ်ယောက်အနေနဲ့ ရပ်တည်ဖို့ ရည်ရွယ်ထားရင် ဆက်ဖတ်ကြည့်နိုင်ပါတယ်။

ဒီသင်တန်းကို ဘယ်သူတွေ တက်ရောက်ကြသလဲ?

-Fitness Trainer အဖြစ်အသက်မွေးဝမ်းကျောင်း ပြုလိုသူများ၊

-နည်းပြကောင်းရှာရန် အခက်အခဲတွေ့ စိတ်ညစ်နေရသော GYM ပိုင်ရှင်များ

-မိမိခန္ဓာကိုယ်နှင့် ကျန်းမာရေးကို

မိမိစိတ်ကြိုက်ပုံဖော်လေ့ကျင့်လိုသော ကစားသမားများ တက်ရောက်ကြပါတယ်။

ဘာတွေသင်မှာလဲ-

-ခန္ဓာဗေဒအကြောင်းအရာများ

-ခန္ဓာကိုယ် အလေးချိန် ထိန်းခြင်း တင်ခြင်း လျော့ချခြင်းများအတွက်အာဟာရ လမ်းညွှန်ချက်များ

-လေ့ကျင့်ရေး ပရိုဂရမ် တည်ဆောက်နည်းများနှင့် exercise science

-Gym.လောကအတွက် လိုအပ်သော ဥပဒေပိုင်းဆိုင်ရာ

အကြံပြုချက်များ

-PT ရောင်းချမှုနည်းစနစ်များ

ဒီသင်ရိုးမှာ ဘာတွေမပါဝင်ဘူးလဲ-

-chest ဘယ်လိုတွန်းပါ

squat ဘယ်လို ထိုင်ပါ ဆိုတာတွေ YouTube မှာရှာလို့ ရနိုင်တာတွေမသင်ပါဘူး။

ဒါကြောင့် အခြေခံ လေ့ကျင့်နည်းစနစ်များအကြောင်း သိထားသင့်ပါတယ်။

ဒီသင်တန်းတက်ရောက်ပြီး ဘာတွေပြောင်းလဲသွားမလဲ?

Comment မှာ feedback တွေကို အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။​

သင်တန်းကြေးနှင့် သင်ကြားမည့်စနစ်

-သင်တန်းကြေးသည် Certified Personal Trainer-CPT Course တစ်ခုလုံးအတွက်မြန်မာကျပ်ငွေ***တစ်သိန်း***တည်းသာကျသင့်ပါသည်။ မှန်ပါတယ်။ တစ်သိန်းတည်းသာ ကျသင့်မှာဖြစ်ပါတယ်။ မြန်မာဘာသာဖြင့် သင်ရိုးကိုအခြေပြုဆွေးနွေးပေးခြင်း၊ သင်ထောက်ကူ Videos များဖြင့်လည်း ရိုးရှင်းစွာ သင်ကြားပေးပါမည်။

လိုက်နာရမည့် စည်းကမ်း

-သင်တန်းချိန်တွင် သင်ရိုးမှအပ အခြားသော အကြောင်းကိစ္စများ ဆွေးနွေးခွင့်မပြုပါ။

ဤသင်တန်းမှပေးမည့် ၀န်ဆောင်မှုများ-

-MFTA သည်အမှီအခိုကင်းသော၊ကိုယ်ပိုင် သင်ရိုးဖြင့်သင်ကြားသည့်၊ freelance- တစ်သီးပုဂ္ဂလကျောင်းဖြစ်သည့် အတွက်၊ သင်တန်းပြီးဆုံးလျင် MFTA မှအသိမှတ်ပြုလက်မှတ်၊ Certificate ချီးမြှင့်ပါမည်။

-သင်တန်းပြီးလျင် Trainer Association တစ်ခုတည်ထောင်၍၊ ဂျင်မ်များနှင့်ချိတ်ဆက်ကာ၊ အလုပ်အကိုင်မျှဝေပေးခြင်း၊ PT ရောင်းချခြင်းBusiness အတွက်၊ Tips များSharing လုပ်ပေးပါမည်။

သင်တန်း၏ရည်ရွယ်ချက်-

– Myanmar Fitness နယ်ပယ်၏၊အဆင့်အတန်း

မြင့်မားစေရေးအတွက်၊ အရည်အချင်းရှိသော Fitness Trainers မွေးထုတ်ပေးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ အကျိုးပြုရန် ရည်ရွယ်ပါသည်။

အမေရိကန် သြစတေးလျ ကိုရီးယား မကာအို စင်္ကာပူ မလေးရှားနှင့် ထိုင်းရောက် မြန်မာသင်တန်းသားများ အပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ အားကစားသမားများ နည်းပြများဂျင်မ်ပိုင်ရှင်ပေါင်း များစွာကို အောင်မြင်စွာ လေ့ကျင့်သင်ကြားပေးခဲ့ပီး Certificate များချိီးမြှင့်ထားပီးဖြစ်ပါသည်။

သင်တန်းစတင်မည့်ရက်စွဲ-

၉-၂-၂၀၂၄ သောကြာနေ့)

– MFTA ၏ Certified Personal Trainer Course Batch-41ကို ၉-၂-၂၀၂၄ ရက်နေ့သောကြနေ့၊ ၂၀၂၄ ခုနှစ် တွင်စတင်ပါမည်။

**သင်တန်းစတင်အပ်နှံနိုင်သည့်နေ့ ယခုမှစတင်၍ ၈-၂-၂၀၂၄ (ကြာသပတေးနေ့)အထိအပ်နှံနိုင်ပါသည်။

သင်တန်းအပ်နှံသူများအတွက် လိုအပ်ချက်များမှာ-

-သင်တန်းကြေးကို ဘဏ်မှတဆင့်ပေးချေရပါမည်။

သင်တန်း၏ ကမ္ဘောဇဘဏ်အကောင့်ဖြစ်သည့်- 089-301-08901376701 သို့ပေးသွင်းရပါမည်။

Account holder name မှာ U Naing OO ဖြစ်ပါသည်။

သင်တန်းကြေးပေးသွင်းပြီးလျင်၊ ငွေသွင်းထားသော ဘဏ်ချလံကိုဓါတ်ပုံရိုက်၍၊ ကျွန်တော့် Naing Oo – Muscle Professor Facebook Page ၏ မက်ဆင်ဂျာသို့ပို့ပေးရပါမည်။ သင်တန်း၏ Secrect Group တွင်ထည့်သွင်းပေးပါမည်။

သင်တန်းကြေး တစ်သိန်းကျပ်

Wave money ဖြင့်လည်းပေးသွင်းနိုင်ပါသည်။

KBZ pay ဖြင့်လည်း သင်တန်းကြေးပေးသွင်းနိုင်ပါသည်။

-သင်တန်းကြေးကို february 8-ရက်နေ့ နောက်ဆုံးပေးသွင်းရပါမည်။

ထို့ထက်နောက်ကျသော၊ သင်တန်းသားများသည်၊ ဤသင်တန်း Batch-41မှလွဲချော်မည်ဖြစ်သည်။

သင်ကြားမည့်သူ-

– သင်ကြားမည့် Coach မှာ Muscle Professor Page နှင့် Myanmar FitnessTrainerAcademy

သင်တန်းကျောင်းကို တည်ထောင်သူ၊ ဆရာ ဦးနိုင်ဦး တစ်ဦးတည်းဖြစ်ပါသည်။

ကမ္ဘာပေါ်မှာ တစ်နေ့တခြား အရှိန်အဟုန်နဲ့ တိုးတက်လာနေတဲ့ လုပ်ငန်းတွေထဲမှာ Health and Fitnessလုပ်ငန်းဟာတစ်ခုအပါအဝင်ဖြစ်ပါတယ်။လက်ရှိကမ္ဘာပေါ်မှာလူသန်းပေါင်းများစွာဟာတစ်နာရီလျင် ဒေါ်လာငါးဆယ်ခန့် အနည်းဆုံးရရှိတဲ့ Personal Fitness Trainer အဖြစ်အသက်မွေး ၀မ်းကျောင်းပြုနေပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံက များစွာသောပညာတတ်၊လူငယ်တွေဟာ တစ်လကို ၀င်ငွေဘယ်လောက် ရနေကြပါသလဲ။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကအသက်မွေးဝမ်း ကျောင်းပြုဖို ့လုံလောက်ပါ့မလား။ အကယ်၍ သင်ဟာ အားကစားဝါသနာပါတယ်ဆိုရင်တော့ သတင်းကောင်းတစ်ခုပေးချင်ပါတယ်။ လူတွေကို အကျိုးပြုတဲ့၊ ကျန်းမာသန်စွမ်းစေတဲ့၊ ဂုဏ်သိက္ခာရှိတဲ့၊Fitness Trainer အဖြစ်အသက်မွေးဝမ်းကျောင်း ပြုချင်တယ်ဆိုရင်တော့၊လိုအပ်တဲ့ အသိပညာတွေကိုမျှဝေပေးဖို့ကျွန်တော်တို့ရဲ့ Myanmar Fitness Trainer Academy ကလက်ကမ်းကြိုပါတယ်။

လေးစားချစ်ခင်စွာဖြင့်- နိုင်ဦး-၁၁၉

Founder Of Myanmar Fitness Trainer Academy -MFTA

The Founder of Muscle Professor Page

Author of Myanmar Insane Training

Author of Optimum Bodybuilding Theories

Author of Scientific ways to lose fat

Author of 3D Bodybuilding exercises and several fitness books.

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta