နှစ်ခြိုက်စွာအိပ်ပျော်ဖို့ အတွက် ဒီ ၅-ချက် - MFTA

နှစ်ခြိုက်စွာအိပ်ပျော်ဖို့ အတွက် ဒီ ၅-ချက်

ရောဂါဘယတွေ ထူပြောနေချိန်မှာ ကိုယ်ခံစွမ်းအားတိုးတက်ဖို့ နဲ့ ၊ ကျန်းမာနေဖို့ က အဓိကလိုအပ်ချက်ပါ။ Covid first wave တုန်းကလည်းအိပ်စက်ခြင်းရဲ့ အရေးကြီးပုံ၊ အိပ်ရေးမဝခြင်းရဲ့ ဆိုးကျိုးတွေကို ရေးသားအသိပေးခဲ့ပီးဖြစ်ပါတယ်။

ဒီပို့ စ်မှာတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်သူတွေ အတွက် အထောက်အကူပြုမဲ့ Tips -5 ချက်ကို ထိထိမိမိ လမ်းညွှန်ပေးပါ့မယ်။

– ညဖက်အိပ်ပျော်ဖို့ ခက်ခဲတဲ့သူတွေအနေနဲ့ ကဖင်းဓါတ်ကို နေ့ လည်ပိုင်းကစပီး ရှောင်ကြဉ်ရပါမယ်။

-ဒီပြသနာကတော့ အနည်းငယ် ဖြေရှင်းရခက်မယ်ထင်ပါတယ်။ ဘာလို့ လဲဆိုတော့ အနိမ့်ဆုံးညမအိပ်ခင် တစ်နာရီလောက်ကစပီး၊ ဖုန်း ကွန်ပျူတာ တီဗွီ တွေကို ပိတ်ထားရပါမယ်။ ဒါပေမဲ့ အိပ်မပျော်သူအများစုက အိပ်ရာထဲကနေဖုန်းသုံးနေကြတာပါ အဲ့ဒီ electronic Device တွေကနေထွက်တဲ့ blue light က နှစ်ခြိုက်စွာ အိပ်ပျော် စေတဲ့ Melatonin ထွက်ရှိမှုကို အဟန့် အတားဖြစ်စေတဲ့ အတွက်ပါ။

-အိပ်ရာမဝင်ခင်မှာ relaxation လုပ်ပါ။စာအုပ်ဖတ်ခြင်း၊ တရားထိုင် ခြင်း၊ podcast များနားထောင်ခြင်း၊ ညစာစားပီး လမ်းလျောက် ခြင်း၊ ရေနွေးဖြင့် ရေချိုး ခြင်း စသည်တို့ အနက်မှ မိမိအဆင်ပြေ လွယ်ကူသော အရာများကို ပြုလုပ်ပါ။

-အိပ်ခန်းရဲ့ အလင်းရောင်ကိုလျော့ပါ။Melatonin အထွက်တိုးဖို့ နဲ့ နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ ဆိုရင် အိပ်ခန်းထဲမှာ အလင်းရောင် နည်းလေကောင်းလေပါပဲ။

-Magnesium ဖြည့်စွက်ဆေး မှီဝဲပါ။(ဆရာဝန် လမ်းညွှန်ချက်ဖြင့်)

အိပ်ရာမဝင်ခင် magnesium ဖြည့်စွက်ဆေးများမှီဝဲခြင်းသည်၊ ခန္ဓာကိုယ်ကို၊ တည်ငြိမ်စေတဲ့၊Relax ဖြစ်စေတဲ့၊ GABA ထုတ်လုပ်ခြင်းကို အထောက်အကူပြုပီး၊ နှစ်ကခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။

အထက်ပါ လမ်းညွှန်ချက်များအတိုင်း လိုက်နာပီး၊ အကောင်းဆုံးသော ကျန်းမာရေးနဲ့ ကိုယ်ခံစွမ်းအားကို တည်ဆောက်ပါ။ သင့်မိတ်ဆွေများအတွက်လည်း share ပေးလိုက်ပါဦးဗျာ

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#Magnesium#Supplements#Sleep#Melatonin#Meditation#Relaxation#SmartPhone#Computer

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta