ဒီအချက်ကတော့မိတ်ဆွေသိချင်မလားမသိဘူး။ သင်စားလိုက်တဲ့ကာဗိုဟိုက်ဒရိတ်တစ်ဂရမ်စားလိုက် တိုင်းမှာရေ ၃ဂရမ်ကိုခန္ဓာကိုယ်က စုပ်ယူထားတယ်ဆိုတာပါပဲ။
ဒါကြောင့်တစ်ခါတစ်လေညဖက်မှာ၊ မိသားစုနဲ့စားလို့ ပိုစားမိတဲ့အခါ
ဥပမာ၊ကာဗိုဟိုက်ဒရီတ် ၂၀၀-ဂရမ်ပိုစားမိရင်နောက်နေ့မနက်မှာ၊
ကိုယ်အလေးချိန်က ၆၀၀ ဂရမ်ပိုလေးနေမှာဆိုတော့
ညတွင်းချင်းအဆီတက်လာတာလုံးဝမဟုတ်ကြောင်း အထူးသတိပြုပါ။
လေးစားလျက်- နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ#အဆီချလက်စွဲ