ဒီလထဲထွက်မယ်။ - MFTA

ဒီလထဲထွက်မယ်။

“Knowledge unused is worthless; only knowledge applied is power.” အသုံးမပြုဘဲထားတဲ့အသိပညာဗဟုသုတဟာတန်ဖိုးမဲ့ပါတယ်။

အသုံချတဲ့အသိပညာဗဟုသုတကသာ ပါဝါ ဖြစ်ပါတယ်။

Tom Venuto

(Author of Burn the fat ,feed the muscle)

မြန်မာ့ကာယဗလနှင့်ကြံ့ခိုင်မှုအားကစားနယ်ပယ်အတွက် ၂၀၀၈-ခုနှစ်ကတည်းကစလို့အကြောင်းအရာပေါင်းစုံနယ်ပယ်အစုံအတွက်ကျွန်တော်မျှဝေပေးခဲ့တဲ့ပထမဆုံး ဂုရုဖြစ်ပေမဲ့

ကျွန်တော် Coach လုပ်ပီးလူတွေကိုကူညီတဲ့အခါမှာတော့၊ Body Transformationအပိုင်းကိုပဲတစ်စိုက်မတ်မတ်ရွေးချယ်ပြုလုပ်ခဲ့ပါတယ်။အားလုံးသိကြတဲ့အတိုင်းပဲBody Transformation လုပ်ပီဆိုရင်အဓိကကတော့ အဆီပိုတွေကိုလျော့ချဖို့နဲ့

ကြွက်သားတည်ဆောက်ပီး Body အချိုးအစားကိုအလှဆုံးတည်ဆောက်ပေးဖို့ပဲ။ဒီအချက်နှစ်ချက်က ပြောရလွယ်သလောက်လေ့လာလေလေ ပင်လယ်နက်ထဲ

ငုပ်လျှိုးဝင်ရောက်ရသလိုပဲ၊နက်နဲလေလေဖြစ်ပါတယ်။စာတွေ့ အသားကုန်လေ့လာပီးရလာသမျှသောအသိပညာတွေကိုလက်တွေ့အသုံးချကြည့်ရင်း မတူညီတဲ့လူ့ခနာ

ကိုယ်တည်ဆောက်ပုံတွေ စိတ်စွမ်းအား၊ Lifestyle

စတာတွေဟာလူတစ်ယောက်ရဲ့

ဘ၀အပေါ်သက်ရောက်မှုတွေအကြောင်းကိုပိုမို

သဘောပေါက်လာလေလေ၊ လူပေါင်းများစွာကို

Transform လုပ်ရတာလွယ်လာလေလေပဲ။အအောင်မြင်ဆုံး Transformation Coach တစ်ယောက်ဖြစ်အောင်သွားရတဲ့ခရီးတစ်လျောက် ကျွန်တော့်အတွေးအခေါ်တွေအပေါ်

လွှမ်းမိုးပေးနိုင်တဲ့စာအုပ်၊လူပုဂ္ဂိုလ်များစွာရှိခဲ့တယ်ပေါ့ဗျာ။အဲ့ထဲကမှ Tom Venuto ဆိုတဲ့ပုဂ္ဂိုလ်ရယ်၊သူ့ရဲ့ကမ္ဘာ့ရောင်းအားအကောင်းဆုံးစာရင်းဝင် Burn the Fat ,Feed the Muscle

ဆိုတဲ့စာအုပ်ရဲ့လွှမ်းမိုးမှုကအတော့်ကိုကြီးခဲ့တာဗျ။

ဒါကြောင့်အဲ့စာအုပ်လေးကို မြန်မာဖစ်တနက်စ်နယ်ပယ်အတွက်ရယ်၊နည်းပြလူငယ်တွေအတွက်ရယ်ကို

မျှဝေဖို့ဆုံးဖြတ်ပီး၊ဘာသာပြန်ရေးသားခဲ့တာပါ။

ဒီစာအုပ်ဖတ်တဲ့အခါကျွန်တော့်အပင်ပန်းခံနိုင်မှုနဲ့စေတနာကို

ခင်ဗျားတို့မြင်ရမှာပါ။နောက်ပီး၊အဲ့လိုစာအုပ်နောက်တစ်အုပ်မရှိသလောက်ရှားသလို၊နောက်ထပ်လည်းဒါမျိုး

ထွက်ဖို့ကအတော့်ကိုခက်တဲ့အနေအထားပါ။ဒီစာအုပ်

မှာသင်ရိုးတစ်ခု၊သင်တန်းတစ်ခုကိုတက်ရသလို၊

အရမ်းတော်တဲ့နည်းပြကြီးတစ်ယောက်ကအနီးကပ်

သင်ပြပေးနေသလို စာမျက်နှာတိုင်း၊ စာကြောင်းတိုင်းဟာ

သင့်အတွက်တန်ဖိုးရှိနေမှာဖြစ်သလို၊ ဒီတစ်ခါအရေးအသားကလည်းစဖတ်ကတည်းက အဆုံးထိလက်က

မချနိုင်အောင်ဆွဲခေါ်သွားနိုင်မယ်လိုကျွန်တော်အာမခံတယ်ဗျ။မြန်မာဖစ်တနက်စ်နယ်ပယ်အတွက်

ကျွန်တော်တစ်သက်လုံးမျှဝေပေးခဲ့တဲ့၊ အသိပညာ၊

စေတနာတွေရဲ့၊အနှစ်ချုပ်ကိုကြည့်ချင်ရင်

ဒီစာအုပ်ကိုသာကြည့်ပေတော့လို့ပဲပြောပါရစေ။

အထူးအစီအစဉ်အနေနဲ့၊ဒီစာအုပ်ရဲ့နောက်ဖုံးမှာ လူငယ်တစ်ယောက်အနေနဲ့ကိုယ့်အိပ်မက်တွေကို

အကောင်းဆုံအကောင်အထည်ဖော်ပီး၊မြန်မာကာယဗလနယ်ပယ်အတွက်အဝေးဆုံးပျံသန်းနိုင်ခဲ့တဲ့

ဆက်လက်လည်းမြန်မာ့ကာယဗလပုံရိပ်တွေကိုမြှင့်တင်ဖို့ကြိုးစားနေတဲ့၊ လူငယ်ကာယဗလချန်ပီယံကိုလမင်းတရာရဲ့ပုံကိုဂုဏ်ပြုသောအားဖြင့်၊ထည့်ပေးလိုက်ပါတယ်။

နောက်ထပ်လည်းကျွန်တော်တို့လူငယ်တွေအားသွန်ကြိုးစားရင်းတစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့်

မြန်မာ့အားကစားအဆင့်အတန်းမြင့်မားစေရေးအတွက်ဆက်လက်ကြိုးစားသွားပါမည်။

လေးစားလျက်- နိုင်ဦး-၁၁၉

Founder of Myanmar Fitness Trainer Academy & Wealthy Fit Pro Fitness Business Coaching Academy

Master Trainer (International Sports and Sciences Association)

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta