ဒီနေ့ post မှာတော့မှတ်ရလွယ်ကူမဲ့ Fitness ဒသနအချို့ မျှဝေပေးပါ့မယ်။ - MFTA

ဒီနေ့ post မှာတော့မှတ်ရလွယ်ကူမဲ့ Fitness ဒသနအချို့ မျှဝေပေးပါ့မယ်။

Fitness ဒသနအချို့ ဒီနေ့ post မှာတော့မှတ်ရလွယ်ကူမဲ့ Fitness ဒသနအချို့ မျှဝေပေးပါ့မယ်။

အရွယ်တင်နုပျိုခြင်းရဲ့ အုတ်မြစ်ဟာ ခန္ဓာကိုယ်ထဲက ကြွက်သားမျှင်ပမာဏတွေ တိုးပွားအောင်လုပ်ခြင်းနဲ့ ရှိနေတဲ့ ကြွက်သားမျှင်ပမာဏကို ထိန်းထားခြင်းပဲဖြစ်ပါတယ်။

အသက်ရလာတာနဲ့ အမျှခန္ဓာကိုယ်က ကြွက်သားမျှင်တွေ ဆုံးရှုံးလာတတ်တာကြောင့် Gym ကစားဖို့ ၊ အသား ဓါတ်တိုးစားဖို့လိုပါတယ်။

အကယ်၍ Gym ခန်းထဲမှာ ကစားချိန်ဟာ မိနစ် ၉၀ ထက်ပိုကြာနေတယ်ဆိုရင် သင်ဟာလုံလောက်တဲ့ Training intensity နဲ့ မကစားတာ သေချာနေပါပီ။

Fit အဖြစ်ဆုံးလူတွေက၊ အမြဲတမ်း Diet လုပ်နေသူတွေမဟုတ်ပါဘူး။ သူတို့ ဟာ Training + Diet+ Lifestyle မှာbalance မျှ နေသူတွေဖြစ်ပီး တစ်ခုခုကို အစွန်းရောက်ခြင်းမှ ရှောင်ရှားသူတွေဖြစ်ပါတယ်။

Fitness နဲ့ပါတ်သက် တဲ့ အသိပညာတွေကို Influencer တွေ၊ Celebrities တွေရဲ့Post တွေ video တွေကနေ လေ့လာနေတာတွေ ရပ်လိုက်ပါ။

Fitness Professional တွေနဲ့ Fitness Education တွေဆီကနေ လေ့လာကြည့်ပါ။ သင့်ရဲ့ ကျန်းမာရေးနဲ့ ခန္ဓာကိုယ် သွင်ပြင် ဘယ်လောက် တိုးတက်လာသလဲဆိုတာ မြင်ရပါလိမ့်မယ်။

လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉

#ဝိတ်ချခြင်းအနုပညာ

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta