တစ်လကိုဝိတ်ဘယ်နှပေါင်ချရမလဲ? - MFTA

တစ်လကိုဝိတ်ဘယ်နှပေါင်ချရမလဲ?

၀ိတ်ချခြင်းအနုပညာ စာအုပ်လေးလက်ထဲရောက်ပီိဆိုတော့ဝိတ်ချဖို့ စိတ်အားတွေထက်သန်နေကြမယ်ထင်ပါတယ်။ဒါဆိုရင်ဒီအကြံပြုချက်လေးကို သေချာလေးဖတ်ပေးပါ။***၀ိတ်အမြန်ချတာလုံးဝမကောင်းပါ။ဘယ်တော့မှလည်းကောင်းမည်မဟုတ်ပါ***ဒါဆိုတလကိုဘယ်နှပေါင်ချရမလဲ?ရှင်းပြပါ့မယ်။

၀ိတ်အမြန်ကျသွားပီဆိုရင် ကျသွားတဲ့ကိုယ်အလေးချိန်မှာတန်ဖိုးရှိတဲ့ကြွက်သားမျှင်တွေပါလောင်ကျွမ်းသွားလေ့ရှိပီးကိုယ်တွင်းဇီဝဖြစ်စဉ် Metabolism နှေးသွားတတ်တဲ့အတွက်၊ရေရှည်ဝိတ်ကျဖို့ ခက်ပါလိမ့်မယ်။ အခန့် မသင့်ရင်ဝိတ်ပြန်တက်လာမယ်။ကျန်းမာရေးလည်းထိနိုင်တယ်။ ၀ိတ်ချရာတွင်အချိန်ယူလေကောင်းလေဖြစ်ပါသည်ခင်ဗျာ။အကောင်းဆုံးသော Weight Loss rate မှာတစ်ပါတ်လျင်လက်ရှိကိုယ်အလေးချိန်၏ 1%သာချခြင်းဖြစ်ပါသည်။ အကယ်၍ တစ်ပါတ်လျင် လက်ရှိကိုယ်အလေးချိန်၏ 0.7%သာချနိုင်လျင်လည်း Good ပါခင်ဗျာ။

ဥပမာတင်ပြရလျင် လက်ရှိသင့်ကိုယ်အလေးချိန်သည် ပေါင် 200ဆိုပါစို့ ။တစ်ပါတ်လျင် 1%ဖြစ်သော 2-ပေါင်နှုန်းချခြင်းသည်အကောင်းဆုံးနည်းလမ်းပါ။ 0.7%ဖြစ်သော တစ်ပါတ်လျင် 1.4 ပေါင်သာကျလျင်လည်း၀မ်းမြောက်လိုက်ပါ။လောဘမကြီးစေချင်ပါ။ဒါကြောင့်ဝိတ်အမြန်ကျလိုသူများ ကျွန်တော်မကူညီပေးနိုင်ပါခင်ဗျာ။ ၀ိတ်ချရာမှာ အရေးပါတဲ့ နောက်ထပ် Tips တွေကိုဆက်တိုက် Share ပေးမှာမို့ Follow and see first လုပ်ထားနိုင်ပါတယ်။

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#WeightManagementGuru#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach#ဝိတ်ချခြင်းအနုပညာ

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta