ကြွက်သားတောင့်တင်းမှုကို ဟန့်တားနေတဲ့ အမူအကျင့်များ ... - MFTA

ကြွက်သားတောင့်တင်းမှုကို ဟန့်တားနေတဲ့ အမူအကျင့်များ …

ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို တောင့်တင်းကျစ်လစ်ခိုင်မာစေဖို့ ကျွန်တော်တို့တွေဟာ နေ့စဉ်အချိန်တွေပေးပြီး Gym ဆော့ရ၊ လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ရပါတယ် …

ဒီလို အချိန်ပေးပြီး Train ထားတဲ့ ကိုယ့်ရဲ့ Body Muscle တွေကို ဂရုမထား အလေးမစိုက်ရင်တော့ ရှေ့က ကြိုးစားခဲ့သမျှတွေဟာ အကုန်သဲထဲရေသွန် အလဟဿ ဖြစ်ကုန်မှာပါ။ ဒါဟာ တော်တော် နှမျောစရာကောင်းပါတယ် …

ဒီနေ့ ကျွန်တော်တို့ Muscle Professor ကနေပြီးတော့ ကိုယ့်ရဲ့ ကြွက်သားကျစ်လစ်တောင့်တင်းမှုကို ဟန့်တားနေစေတဲ့ အချက်လေးတွေကို ဖော်ပြပေးသွားမှာပါ …

အရက်ဘီယာများကို အမြဲတစေသောက်သုံးခြင်း

Body Builder တစ်ဦးအနေနဲ့ တစ်ခါတလေ အရက်၊ ဘီယာ၊ ဆေးလိပ်များကို မှီဝဲသောက်သုံးခြင်းက ဘာမှမဖြစ်၊ မပြောပလောက်ပေမယ့် အမြဲလိုလို အပတ်တိုင်းနီးပါးသောက်သုံးနေမယ်ဆိုရင်တော့ ကြွက်သားကျစ်လစ်တောင့်တင်းမှုတင်မကပဲ ခန္ဓာကိုယ်ရော စိတ်ပိုင်းဆိုင်ရာကိုပါ ရေရှည်မှာထိခိုက်လာနိုင်ပါတယ်။

အိပ်ရေးဝဝ မအိပ်စက်ခြင်း

ဒီအချက်ကတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ ကျွန်တော်တို့ဟာ ဘယ်လောက်ပဲ ဘော်ဒီတောင့်တင်းဖို့ ပြင်းပြင်းထန်ထန် ကြိုးစားကြိုးစား၊ အိပ်ရေးဝဝမအိပ်စက်ရင် အလကားပါပဲ။ ကိုယ့်ရဲ့ Body Muscle တွေ အစွမ်းကုန်အလုပ်လုပ်ပြီးချိန်မှာ သူတို့ကို အနားပေးဖို့ အချိန် လိုကိုလိုအပ်ပါတယ်။

ကျွန်တော်တို့ အိပ်စက်အနားယူတဲ့ အချိန်မှသာ ကြွက်သားတွေက သူ့ဟာသူ ဖြေလျော့ပြီး အနားရမှာပါ။ အဲ့လိုအနားရမှလည်း ကိုယ်ဖြစ်ချင်သလို ကြွက်သားတွေက ကြီးထွားကျစ်လစ် သန်မာလာမှာပဲဖြစ်ပါတယ် …

လေ့ကျင့်ခန်း Work Out များကိုပုံမှန်မပြုလုပ်ခြင်း

ကြွက်သားတွေကိုတော့ တောင့်တင်းသန်မာကြံ့ခိုင်ချင်ပါရဲ့။ ဒါပေမယ့် ပုံမှန် Gym မသွားဖြစ်ဘူး။ အိမ်မှာလည်း အမြဲ Work out မလုပ်ဖြစ်ဘူးဆို မအိုကေနိုင်ပါဘူးဗျ။

ပုံမှန် Work Out ကို လက်မောင်းဆို လက်မောင်း၊ ရင်အုပ်ဆို ရင်အုပ် သူ့နေ့နဲ့သူဆော့ပေးမှ အားလုံးက ဟန်ချက်ညီညီနဲ့ တောင့်တင်းလှပ အချိုးကျနေစေမှာပဲဖြစ်ပါတယ်။ Skip လို့လည်း အဆင်မပြေနိုင်ပါဘူးဗျ။

အမြဲပုံမှန် အပတ်တိုင်း Work out ကို လုပ်ဆောင်နေမှသာ ကိုယ်ရည်မှန်းထားတဲ့ အတိုင်းအတာ အနေအထားတစ်ခုကို ရောက်ရှိနိုင်မှာဖြစ်ပါတယ်ဗျ …

အစားအသောက် diet ကိုသေချာဂရုမစိုက်ခြင်း

အမြဲလိုလိုပုံမှန် Gym သွား၊ workout လုပ်နေပါလျက်နဲ့ လိုအပ်တဲ့ အစားအသောက်ကို သင့်တင့်လျောက်ပတ်အောင်မစားတဲ့အခါမှာ ကြွက်သားတည်ဆောက်မှုကို ကြီးမားတဲ့ အဟန့်အတားတစ်ခု ဖြစ်စေနိုင်ပါတယ်။

ကဲ … ဒီလောက်ဆို ကိုယ့်ရဲ့ ကြွက်သားတောင့်တင်းပြီး ကျစ်လစ်ကြံ့ခိုင်လာစေဖို့အတွက် ဘာတွေကိုရှောင်ပြီးတော့ ဘာတွေကိုလုပ်သင့်မလဲဆိုတာ သိလောက်ပြီလို့ထင်ပါတယ်ခင်ဗျ …

ဒီအချက်လေးတွေကို သေချာလိုက်နာပြီးတော့ ကိုယ်လိုချင်တဲ့ Body Goal ကိုရောက်ရှိအောင် အကောင်းဆုံးကြိုးစားဆော့ကစားနိုင်ကြပါစေဗျာ …

#MuscleProfessor

#MFTA

#Myanmar_Fitness_Trainer_Academy

#UNaingOo

#ProfessionalTrainer

#Fitness

#FitnessTrainer

#Fatloss

#OpenMoreOnline

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta