ကြီးထွားဖို့ အတွက် ရွှေစည်းမျဉ်း သုံးချက် - MFTA

ကြီးထွားဖို့ အတွက် ရွှေစည်းမျဉ်း သုံးချက်

ခန္ဓာကိုယ်မှအဆီပိုတွေ လျော့ချလိုသူတွေ တနေ့ ထက်တနေ့ များပြားလာသလို ခန္ဓာကိုယ်ထွားကျိုင်းလိုတဲ့ လူငယ်တွေလည်း တနေ့ တခြားများပြားလာပါတယ်။

ဒီပို့စ်မှာတော့ ခန္ဓာကိုယ် ကြီးထွားလိုသူတွေအတွက်အလွန်အရေးပါတဲ့ လိုအပ်ချက် ၃ ခုကိုမျှဝေပေးလိုက်ပါတယ်။

Training Volume + Training Intensity +Training Frequency

တခုစီရှင်းပြရမယ်ဆိုရင်တော့-

Training Volume

Training Volume ဆိုတာကတော့ ကစားချိန် တစ်ချိန်မှာ သင်အသုံးပြုလိုက်တဲ့ အကြိမ်များ+အကျော့များ နှင့် အလေးဝန် ပမာဏ စုစုပေါင်းပဲဖြစ်ပါတယ်။

Training Intensity

Training Intensity ကိုအလွယ်ဆုံးတိုင်းတာမယ်ဆိုရင်တော့ (Resistance Training ကိုပြောတာနော်) သင်လေ့ကျင့်တဲ့ အကြိမ် အကျော့တိုင်းမှာ အသုံးပြုတဲ့ အလေးဝန် ဖြစ်ပါတယ်။

Training Frequency

Training Frequency ဆိုတာက ကြွက်သားအုပ်စု တစ်ခုကို တစ်ပါတ်မှာ ဘယ်နှကြိမ်လေ့ကျင့်သလဲဆိုတာက အရမ်းအရေးပါပါတယ်။

ကစားသမားတစ်ယောက်အတွက် အကောင်းဆုံးလေ့ကျင့်ရေး ပရိုဂရမ်တည်ဆောက်ရာမှာ အထက်ပါအချက် ၃ ချက်ကို ပေါင်းစပ်ထည့်သွင်းရမှာဖြစ်ပါတယ်။

Exercises selection ကစားသမားရဲ့ လက်ရှိ Experience and goals အပေါ်မူတည်ပီး ရွေးချယ်ရမှာပါ။

လိုရင်းပြန်ဆက်ရယင်တော့ အထက်ပါ အချက် ၃ ချက်အနက် အတော်လေး လွဲမှားစွာကျင့်သုံးနေကြတာကတော့ Training Frequency ပါပဲ။

ခုပို့စ်မှာ အကြောင်းအရာတွေ ရှုပ်နေတော့ Training Frequency ကို သီးသန့် ပို့စ်တခု ရေးပေးပါ့မယ်။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ် မလုပ်ဘဲ အပြည့်အဝ credit ပေးကြပါရန်

မြန်မာ့ပထမဆုံးသော Fitness Documentary ကိုအောက်ကလင့်ခ် လေးကနေဝင်ကြည့်ပီး Share ပေးကြပါဦးဗျ

https://m.facebook.com/story.php?story_fbid=3372866829406817&id=885104638183061

လေးစားလျက်- နိုင်ဦး-၁၁၉

#naing_oo_119

#muscle_professor

#MFTA

#FitMyanmarProject

#MakeMyanmarFit

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta