အရေပြားကစလို့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီတိုင်း ဟာ သက်ရောက်အားအပေါ် ခုခံ တုန့်ပြန် နိုင်စွမ်းအသီးသီးရှိကြတယ်။
Fitness ရှုထောင့်နဲ့ပြောရင်တော့ အလေးဝန်တွေ ၊ သက်ရောက်အား တွေ အမျိုးမျိုး က Body အတွက် Stress တွေဆိုပါတော့။
အဲ့ဒီ Stress တွေကို အစွမ်းကုန်ကျိုးပျက်လုအခြေအနေ အထိ ခံနိုင်တဲ့ ကြံ့ခိုင်မှုဆိုတာ Mechanical Strength ဖြစ်တယ်။
Stress ပမာဏ အလိုက် မူတည်ပြီး ခန္ဓာအစိတ်ပိုင်းတွေ ပုံပြောင်းနိုင်စွမ်း ၊ တုန့်ပြန်နိုင်စွမ်း ကို Elastic Properties ၊ Plastic Properties ၊ Deformation ၊ Strain စသဖြင့် ခေါ်လို့ရပါတယ်။
ခန္ဓာကိုယ်တစ်ခုလုံးအနေ နဲ့ ငြိမ်နေစဉ်မှာရော ၊ လှုပ်ရှားစဉ်မှာရော Load အမျိုးမျိုး ကြုံရတယ်။ ကြုံရတဲ့ Load အမျိုးအစားအလိုက် ခန္ဓာကိုယ်က Tissue တွေ ပုံပြောင်းကြတယ် ၊ တုန့်ပြန်ကြတယ်။
ခန္ဓာကိုယ်မျက်နှာပြင် ဖြစ်တဲ့ အရေးပြား နဲ့ ပြင်ပ အားတစ်ခုနဲ့ ထိတွေပြီဆိုကတည်းက Mechanotransduction လို့ခေါ်တဲ့ ဖြစ်စဉ် စဖြစ်တယ်။ Mechanic လှုံ့ဆော်မှုကို ဦးနှောက်ဆီ Electrochemical လှုံဆော်မှုအဖြစ် အသွင်ပြောင်း ပြီးသတင်းပို့တဲ့ ဖြစ်စဉ် ဖြစ်တယ်။
Mechanic ရှူထောင့်နဲ့ အရာဝတ္ထုတွေလို စံထားကြည့်ရင် လူ့ခန္ဓာကိုယ် Tissue အစုအဖွဲ့ကြီးရဲ့ Rigidity ဟာ Elastic ဂုဏ်သတ္တိရဲ့ အဆုံးသတ်ဖြစ်တယ်။
Strength နဲ့ Rigidity ဟာ လုံးဝမတူပါ။
ဆေးပညာ အရ ကြည့်ရင်တော့ Muscle Rigidity ဟာ Abnormal အခြေအနေဖြစ်ပါတယ်။
Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်
လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉
#Myanmar_Fitness_Trainer_Academy
www.myanmarfitnesstraineracademy.com
#MyanmarFitnessPioneer#issacertified