TV ကြည့်သူများနှင့် ကိုယ်တွင်းအဆီသိုလှောင်မှု - MFTA

TV ကြည့်သူများနှင့် ကိုယ်တွင်းအဆီသိုလှောင်မှု

တိုးတက်လာတဲ့ နည်းပညာခေတ်မှာ နည်းပညာရဲ့ ကွန်ယက်ချိတ်ဆက်မှုတွေကြောင့် ကမ႓ာကြီးဟာ ရွာကြီးတစ်ခုသဖွယ် ဖြစ်လာခဲ့ပါပီ။

လိုအပ်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီရယူနိုင်သလို ဖျော်ဖြေရေးဝန်ဆောင်မှုတွေဟာလည်း ၂၄ နာရီပါတ်လုံးရရှိနေနိုင်ပီဖြစ်သည်။

ထိုနည်းပညာတိုးတက်မှုတွေက ကျွန်တော်တို့ ရဲ့ အသက်ရှည် ကျန်းမာရေး အပေါ်ကို ဘယ်လိုတွေသက်ရောက်မှုရှိသလဲ ဆိုတာကို သိရှိဖို့ Brigham Young University မှသိပ္ပံပညာရှင်များက သုတေသနပြုကြည့်ရာ TV ကြည့်ရှုချိန်မြင့်သူများ၏ ကိုယ်တွင်းအဆီပမာဏမှာ မြင့်မားနေကြောင်း တွေ့ ရှိခဲ့ရသည်။

သုတေသီများက TV ကြည့်သူအမျိုးသမီးအယောက် ၃၀၀ ကို

-တနေ့ ကို တစ်နာရီအောက်ကြည့်သူများ

-တနေ့ ကို နှစ်နာရီကြည့်သူများ နှင့်

-တနေ့ ကို သုံးနာရီအထက်ကြည့်သူများ ဟူ၍ အုပ်စုခွဲ လေ့လာကြည့်ရာ တနေ့ ကို ၃ နာရီ အထက်ကြည့်သူများ၏ကိုယ်တွင်း အဆီပမာဏမှာ ယေဘူယျ၃၅% လောက်အထိ ရှိနေသည်ကို တွေ့ ရသည်။

အထက်ပါလေ့လာတွေ့ ရှိချက်အရ အထိုင်များပီဆိုလျင် ၊ ကိုယ်လက်လှုပ်ရှားမှု မရှိတော့လျင်သေချာပီ ကိုယ်တွင်း အဆီပမာဏမြင့်တက်ခြင်းနှင့်အတူ ရောဂါဆိုးများဝင်လာရန် အရမ်းနီးစပ်နေပီဖြစ်ပါသည်။

ကျွန်တော်ရေးသားထားဖူးသော များများထိုင် မြန်မြန်သေ ဟူသောဆောင်းပါးကို ရှာဖတ်ပေးပါ။

TV တစ်ခုတည်းမဟုတ် ဂရုပြုရမည့်အချက်မှာနာရီပေါင်းများစွာ ဂိမ်းဆော့နေသော ညီ/ညီမငယ်များ၊ ဆိုရှယ်မီဒီယာပေါ်တွင် နာရီပေါင်းများစွာကုန်ဆုံးနေသူများလည်း ဂရုပြုသင့်ပါကြောင်း။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#Myanmar_Fitness_Trainer_Academy#FitMyanmarProject#MakeMyanmarFit#gurunaing#OnlinePersonalTraining#BodyTransformation#TV#PUBG#Gaming#sedentaryLifeStyle

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta