Sport Performance အတော်များများဟာ Biomechanic ကို နားမလည်ရင် ဒဏ်ဖြစ်မယ် - MFTA

Sport Performance အတော်များများဟာ Biomechanic ကို နားမလည်ရင် ဒဏ်ဖြစ်မယ်

Calisthenics Movement တွေထဲက အကြမ်းဆုံးလို့ ပြောလို့ရတဲ့ Human Flag ကို တွေ့ဖူးမြင်ဖူးကြမှာပါ။

Sport Performance အတော်များများဟာ Biomechanic ကို နားမလည်ရင် ဒဏ်ဖြစ်မယ်။

ဒဏ်ဖြစ်သော်လည်းပဲ ငယ်တုန်းရွယ်တုန်း ဇွဲနဘဲနဲ့လုပ်တဲ့အခါ Perform လုပ်နိုင်ကောင်းလုပ်နိုင်မယ်၊ ရေရှည်မှာခံစားရတယ်။

MFTA ကဖွင့်တဲ့ Perform Max Training System ဆိုတာ Human Performance ကို အထူးပြုတဲ့သင်တန်းဖြစ်တဲ့အတွက် Biomechanic ကို အရေးကြီးဆုံး သင်ခန်းစာတစ်ခုအနေနဲ့ထည့်သင်ထားတယ်။

သာမန်ကာ ချန်ကာ သင်တာ မဟုတ်။

Real Life နဲ့ Sport ဘက်က Performance တွေ ကြည့်တတ်အောင်အထိ Principle တွေနဲ့ ချသင်ထားတယ်။

အခုပြောပြမယ့် Human Flag မှာဆိုရင်

ခင်ဗျားတို့ သိထားသင့်တဲ့ Basic Biomechanic Terms တွေနဲ့ Movement Analysis လုပ်နည်းလေးကို မျှဝေပေးပါမယ်။Human Flag မှာဆိုရင် အားသက်ရောက်ပုံ အခြေခံ ၄မျိုးရှိပါတယ်။

ဒီအတိုင်းကြည့်ရင် Human Flag မှာ ကြွက်သားအားလုံး Isometric Contraction အခြေအနေမှာရှိနေသော်လည်း…..

၁။ အပေါ်လက်သည် Core body ကို ဆွဲယူပေးတဲ့ အားကို သုံးရပါတယ်။

(Tricep – Lats – Serratus Anterior – Iliotibial band-Tibiofibular ligament စသဖြင့် အစဥ်လိုက်ချိတ်ဆက်နှလုံးသွင်းပြီး Ecentric tension ဖြင့် ဆွဲ မ ထားတာဖြစ်တယ်)

၂။ အောက်လက်သည် Core body ကို တွန်းထောက်ပေးတဲ့ အားကို သုံးပါတယ်။

(Tricep – Lats – Serratus Anterior – Iliotibial band-Tibiofibular ligament စသဖြင့် အစဥ်လိုက်ချိတ်ဆက်နှလုံးသွင်းပြီး Concentric tension ဖြင့်တွန်းတင် ထားတာဖြစ်တယ်)

( ၁ နဲ့ ၂) နှစ်မျိုးလုံးဟာ Bodyကို မ, ပေးထားည့် Internal Force တွေ ဖြစ်ပါတယ်။

၃။Torque လို့ခေါ်တဲ့ (မျှချေအား) ဖြစ်ပါတယ်။

အတွန်းနဲ့ အဆွဲ နှစ်ခု ကြားက လည်ထွက် မလိုလိုဖြစ်လာတဲ့ အားတစ်ခု ဖြစ်ပါတယ်။

လက်နှစ်ခုရဲ့ အတွန်း ၊ အဆွဲ ကြားမှာ ခန္ဓာကိုယ်ဟာ သူ့ ဝင်ရိုး ပေါ်မတ်ထောင်လာတဲ့ အခြေအနေဖြစ်ပါတယ်။

၄။ Gravity and Reactionary Force ကမ္ဘာဆွဲအားက ခန္ဒာကိုယ်ပေါ် သက်ရောက်နေတဲ့အတွက် ၊ လေပေါ်ကို မြှောက်တင်ဖို့ ရာ ( ဦးခေါင်းမှသည် ခြေဖျားအထိ) ခန္ဓာကိုယ်တစ်လျှောက် ဆန့်ကျင်နိုင်တဲ့ ညီတူညီမျှအား လိုအပ်တယ်။ အဲ့တာကို Reactionary Force ခေါ်ပါတယ်။

သတိပေးချင်တာက ဒါက Human Flag ကို

Perform လုပ်တဲ့အခါ ဖြစ်ပျက်သွားတဲ့ Force Generate လုပ်ပုံကိုပဲ ပြောပြထားတာဖြစ်လို့ အပြည့်စုံမဟုတ်သေးဘူး။

တကယ်လို့ Youtube ကတဆင့် Pro တွေ လုပ်ပြတဲ့ Guideline တွေကို လိုက်လုပ်နေမယ်ဆိုရင်………

အထက် မှာ ကျနော်ပြော ပြထားတဲ့ အချက်တွေ မသိသေးသ၍ ဒဏ် ရကိုရပါလိမ့်မယ်။

သူတို့က Step by step သဘောတရားပဲ Pattern ကိုပြတာဖြစ်တယ်။

Regression Approach လို့ခေါ်တဲ့ လွယ်ကူတဲ့ ကိုယ်နေဟန်ထားကနေ တစ်ဖြည်းဖြည်း ချဥ်းကပ်ပြတာကိုပဲ တွေ့ရပါမယ်။

ဒီ လေ့ကျင့်ခန်းမှာ ဘယ်ကြွက်သားများပါဝင်ပါတယ်၊ Strength ရှိဖို့ ဘာတွေ လေ့ကျင့်ရပါမယ်လို့ပဲ ဖော်ပြပါလိမ့်မယ်။

ရှင်းပြရခက်တဲ့ နောက်ကွယ်က Science ကို အပင်ပန်းခံပြီး အခမဲ့ ဘယ်သူမှ ​ပြောနေမှာ မဟုတ်ပါဘူး။

လေ့လာနေသူတွေကို ပြောချင်တာက မိမိမှာ ရှိသင့်ရှိထိုက်တဲ့ Relative Strength လည်း ရှိမယ်ဆိုရင် ၊ ပြီးတော့ Movement တစ်ခုမှာပါဝင်တဲ့ Strength Type တွေ၊ အားသက်ရောက်ပုံတွေ (Force exertion)၊ Joint integration တွေကို အာရုံ စိုက်တတ်မယ်ဆိုရင် မဖြစ်နိုင်ဘူး ထင်တာ တွေ ဖြစ်အောင် လုပ်နိုင်လာပါလိမ့်မယ်။

ကျွန်တော် Wai Yan Phyo ပါ။

MFTA ရဲ့ သင်တန်းအသစ်ဖြစ်တဲ့

Perform Max ရဲ့ Course Creator /Educator ဖြစ်ပါတယ်။

#PPSC#MFTA

#Registered#Training#System

#Education#Provider

#FixToFit#Myanmar

#PerformMax

#FounderOfPerformanceRack

#LeverArm#PMx

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta