Specificity Principle - MFTA

Specificity Principle

Specificity Principle

ဒီ Principle က Fitness Training သဘောတရားမှာ ဟိုးအရင်ကတည်းက ရှိနှင့်တဲ့ “Resistance Training Principles ” တွေထဲက တစ်ခု ဖြစ်ပါတယ်။

လူတစ်ယောက်မှာရှိတဲ့ Fitness Capacity များစွာ ကိုလုပ်ဆောင်နေနိုင်ခြင်းသည် Physical Performance ဖြစ်ပါတယ်။

အဲ့ ဒီ Capacity တွေထဲမှာ Strength ၊ Agility ၊ Speed ၊ Power ၊ Reaction (Quickness) ၊ Endurance စတဲ့ Biomotor Ability များစွာ ပါဝင်တာပေါ့ဗျာ။

ဒီနေရာမှာ ဥပမာတစ်ခု ပြောပြမယ်ဗျာ…..

မိမိ Client က ဒီလို တောင်းဆိုလာမယ် ဆိုပါစို့

အဆီတွေ တက်လာပြီး Body က တဖြည်းဖြည်း ပုံပျက်လာတယ်ဆရာ ……

ကျွန်တော်/ကျွန်မက ရုံးအလုပ် …အထိုင်များတော့ ပေါ့ပါးသွက်လက်ချင်တယ် ဆရာ….

လက်တစ်ဖက်ကလည်း ခေါင်းကျော်အောင် အပြည့်မဆန့်နိုင်ဘူး ဆရာ….

ပေါင်တွေ တင်းတောင့်ပြီး ကြာကြာထိုင်ရင် ခါးနာ လာတယ်ဆရာ…

ကြာကြာရပ်ရင် ခါးနာလာတယ် ဆရာ…….

” အဲ့တာကြောင့် ကျန်းမာရေးလည်းကောင်းအောင် ၊ Body လေးလည်း ထိန်း ချင်လို့ လမ်းညွှန်ပေးပါ “

ဆိုရင်….

သူ့ကို ခန္ဓာကိုယ် ပြုပြင် ပြောင်းလဲဖို့

Physical Stress (Training) တွေ ကို အချိန်ကာလ တစ်ခုထိ ပေးရတော့မယ်…..

ဒီအတွက် သူ Ready ဖြစ်နေလား ?

အကယ်၍ သူ့မှာကြုံနေရတဲ့ လှုပ်ရှားမှု ပြဿနာတွေ ၊ ကြွက်သားတင်းအားမညီတဲ့ ပြဿနာတွေ သာထုတ်ဖော်မပြောရင်….

မိမိ Client အတွက် အန္တရာယ်ကင်းဘေးရှင်း သော Training ဖြစ်ဖို့ ဘာတွေ စစ်ဆေးမှု လုပ်မလဲ?

Client က မတ်တပ်ကြာကြာ ရပ်ရင်တောင် ခါးနာ နေတဲ့သူ ၊ အထိုင်ကြာရင်တောင် ခါးနာနေတဲ့သူ ။

ခန္ဓာကိုယ်အချိုးစားပြောင်းလဲ ဖို့ ကျန်းမာဖို့ဆိုတဲ့ ရည်ရွယ်ချက်ပေမယ့်….

သူမှာရှိနေတဲ့ အားနည်ချက် / လိုအပ်ချက်တွေက “Capacity Building ” လုပ်ဖို့ တောင် Efficiency မရှိသေးဘူးဆိုတာ ဖော်ပြနေတယ်။

ဒါကို လိုအပ်တာမသိရင်….

သိအောင် မစစ်ဆေးရင်…

လိုအပ်တာကို “Specificity” နှင့် အရင်လုပ်မပေးရင်…

ကောင်းတာ ပါးပါး…

ဆိုးတာများများ…. ကြုံရနိုင်ပါတယ်။

ဒီ Post က Fitness Training Principle တွေထဲက တစ်ခု အကြောင်းကို ဥပမာ ဖော်ပြခြင်းဖြစ်ပါတယ်။

လက်ရှိ Batch-4 စတင်တော့မှာ ဖြစ်တဲ့

Perform-Max Training System မှာ Pyramid /Model ရှိပါတယ်။

အောက်ကပုံမှာကြည့်နိုင်ပါတယ်။

Assess to Access ဆိုတဲ့ အဆင့်ဟာ

ဘယ်လောက်အရေးကြီးလဲ

သင်တန်းပြီးထားသူတိုင်း ကတော့

သိထားပြီးဖြစ်ပါတယ်။

Wai Yan Phyo

Perform-Max Training System

Fitness Educator at MFTA

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta