Six-packs နဲ့ကျန်းမာရေး - MFTA

Six-packs နဲ့ကျန်းမာရေး

ကျွန်တော့်ဆီ ရောက်လာတဲ့ ရာနှင့်ချီသောမက်ဆေ့များ နှင့် ကောမန့်များတွင် လူတွေမေးကြတာက six packs ရအောင် ဘယ်လိုလုပ်ရမလဲ? ရင်အုပ်ကျယ်အောင် ပေါင်ကြီးအောင် လက်မောင်းတွေပိုထွားလာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့မေးခွန်းတွေပဲတွေ့နေရတယ်။

ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက ပိုကျန်းမာအောင် ဘာတွေလေ့လာရမလဲ? သူတို့ရဲ့ flexibility တွေ mobilityတွေ တိုးတက်ကောင်းမွန်လာပီး
ရေရှည်မှာ ကျန်းမာရေးပိုမိုတိုးတက် ကောင်းမွန်တဲ့ Life style တခုကို ဘယ်လိုတည်ဆောက်ရမလဲ? ဆိုတာတွေ မေးမြန်းလာသူတွေ မရှိသလောက်ပါပဲ။

ကျွန်တော့်အနေနဲ့ သင့်ကျန်းမာရေးအတွက် သင့်လှုပ်ရှားမှု ပုံစံတွေ စားသောက်နေထိုင်လေ့ကျင့်ခန်း လုပ်ရမဲ့ပုံစံတွေကို ပြုပြင်တည့်မတ်ပေးချင်နေပေမဲ့ လူအတော်များများက Quick fix ဖြတ်လမ်း အလောသုံးဆယ်နည်းလမ်းတွေပဲ ရှာနေကြတယ်။

တလအတွင်း အဆီဘယ်လောက်ကျမလဲ? ဘယ်နှလအတွင်း အမြန်ဆုံး transformation ဖြစ်မလဲ ဆိုတာတွေထက် နောင်ဆယ်နှစ်နှစ် နှစ်ဆယ် ကြာရင် သင့်ကျန်းမာရေးဘယ်လိုအခြေအနေရှိနေရမယ်ဆိုတဲ့ Goal တွေချမှတ်သင့်ပါတယ်။

သင့်အသက် ၆၀ ပြည့်တဲ့အချိန်မှာ သင့်အနေနဲ့ရုပ်ပိုင်းဆိုင်ရာ perfect ဖြစ်နေဖို့ထက် သင့်အခုအသက်အရွယ်အတိုင်း စိတ်သွားတိုင်းကိုယ်ပါလှုပ်ရှားသွားလာနိုင်ပီး ကျန်းမာနေဖို့ပဲ လိုအပ်တာပါ။

Fitness က life long journeyပါ။ တာတိုပြေးပွဲ မဟုတ်ပါ။ သင့်ခရီးစဉ်ရဲ့ ခြေလှမ်းတိုင်းမှာ မွေ့လျော်နေဖို့ လိုအပ်တာပါ။ gym ကိုလအနည်းငယ် ကစားပီးနားလိုက်ရမှာ မဟုတ်ပါ။ အဓိကနဲ့သာမည ခွဲသိပြီးကျန်းမာနိုင်ကြပါစေဗျာ။

လေးစားချစ်ခင်လျက်
နိုင်ဦး-၁၁၉

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta