Post workout meal - MFTA

Post workout meal

အစဉ်အမြဲပြောင်းလဲတိုးတက်နေတဲ့Nutritional Science and research တွေဟာ ကျွန်တော်တို့ လှေနံဒါးထစ် အမှန်လို့ ယူဆခဲ့ကြတဲ့ အချို့ သော အယူအဆတွေတွေရဲ့ လိုအပ်ချက်တွေကို ထောက်ပြနိုင်ခဲ့ပီဖြစ်ပါတယ်။

Post workout Nutrition ဟာ Gym ကစားသူတွေကြားသဲသဲလှုပ်ငြင်းခုန်ကြရတဲ့ Topic တစ်ခုပေါ့ဗျာ။အဲ့အချိန်က ကြွက်သားကြီးထွားဖို့ အတွက် Anabolic Window ရယ်လို့ တင်စားပီး၊ workout ပီးပီးခြင်း၊ ပရိုတိန်းရယ်+ကာဗိုဟိုက်ဒရိတ်မှီဝဲကြတယ်ပေါ့ဗျာ။ လေ့ကျင့်ခန်းပြုလုပ်ပီးပီးခြင်း၊ မဖြစ်မနေစားရမယ်ဆိုတဲ့အယူအဆလွဲကြောင်းကို ကျွန်တော်တင်ပြခဲ့တာအတော်ကြာပါပီ။

ဒီပို့ စ်မှာ ဆွေးနွေးချင်တာက၊ ပရိုတိန်းနဲ့အတူ ကာဗိုဟိုက်ဒရိတ် တွဲမှီဝဲဖို့ ကျွန်တော်တို့ ယုံကြည်ခဲ့ကြတယ်။ ဘာလို့ လဲဆိုတော့ ကာဗိုဟိုက်ဒရိတ်က အင်ဆူလင်ကြွစေပီး၊အင်ဆူလင်က Muscle Protein Synthesis ဖြစ်ပေါ်စေခြင်းကြောင့် Anabolism ဖြစ်စေတယ်လို့ ခံယူလို့ ပါ။

သုတေသနတွေအရ ပရိုတိန်းချည်းသက်သက် လုံလောက်အောင်မှီဝဲထားလျင်လည်း၊ MPS ဖြစ်စဉ်သည် ပရိုတိန်းနှင့်ကာဗိုဟိုက်ဒရိတ် ရောစားထားသူမျာနှင့် ရလာဒ်မကွာကြောင်းတွေ့ရပါသည်။ ဒီလိုပြောလို့ ကာဗိုဟိုက်ဒရိတ်တွေ အသုံးမဝင်ဘူးမထင်ပါနဲ့ဦး၊ ကာဗိုဟိုက်ဒရိတ်လုံလောက်အောင်မှီဝဲထားလျင်၊ post workout Muscle breakdown ဖြစ်နိုင်ချေနည်းပါးကြောင်းတွေ့ရပါသည်။

ဆိုလိုချင်တာကတနေကုန် ကာဗိုဟိုက်ဒရိတ်လုံလောက်အောင်စားထားရင် post workout မှာ အရမ်းဝါဒီများစရာမလိုပါကြောင်း အရွယ်ရောက်ပီး ကျန်းမာသူတစ်ယောက်အနေနှင့် ပရိုတိန်းများများစားခြင်းနှင့် Creatine ဖြည့်စွက်ဆေးမှီဝဲခြင်းတွင် မည်သို့ သော ပြသနာမှမရှိကြောင်း

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach#ဝိတ်ချခြင်းအနုပညာ

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta