Perfect Form ဆိုတာ !!!!!!!! - MFTA

Perfect Form ဆိုတာ !!!!!!!!

လေ့ကျင့်ခန်း လုပ်တဲ့အခါမှာ စီနီယာတွေဆရာတွေက လေ့ကျင့်ခန်းကို ပုံစံကျအောင်လေ့ကျင့်ဖို့ တိုက်တွန်းတတ်ကြပါတယ်။ဒါဟာ တကဲ့ကိုလိုအပ်တဲ့ အချက်ပါ။ ဒါပေမဲ့ဒီနေရာမှာ ရှင်းပြလိုတာက၊ လူတွေသတ်မှတ်ထားတဲ့ Perfect form ဆိုတာက၊ ဘယ်လိုစံနှုန်းနဲ့ တိုင်းတာမလဲ????

လူတယောက်အတွက် အဆင်ပြေတဲ့ ပုံစံမှန်တယ်ဆိုတဲ့ လေ့ကျင့်ခန်းက နောက်လူတယောက်အတွက်တော့ သင့်လျော်တဲ့ Form အမှန် လို့ အတိအကျ သတ်မှတ်ဖို့ ခဲယဉ်းပါတယ်။

ဘာလို့ လဲဆိုတော့၊ လူတယောက်ချင်းစီရဲ့ မတူညီတဲ့ Anthropometrics / Body Type ကြောင့်ပါပဲ။ လူတိုင်းရဲ့ ပေါင်တံရိုးနဲ့ ခြေသလုံးရိုး အချိုးဟာတူညီမနေပါဘူး။ အဲ့လိုပဲ တင်ပါးရိုး၊ ကျောရိုးတွေရဲ့ အလျားဟာလည်း တူညီမနေတာ သတိပြုဖို့ လိုပါတယ်။

ဒါကြောင့် ၊ ဒါပဲအမှန်လို့ ပြောလို့ ရတဲ့ ၊Universal best exercise form ရယ်လို့ လုံးဝ (လုံးဝ) မရှိကြောင်းပါခင်ဗျာ။ဒါကြောင့်၊ ကျွန်တော်တို့ နည်းပြတွေအနေနဲ့ လူတွေသတ်မှတ်ထားတဲ့ အကောင်းဆုံး form တွေကိုအခြေခံပီး ၊ လူတယောက်ချင်းစီအတွက် အနည်းငယ်စီ Modified လုပ်ပေးရပါတယိ။

သတိပြုရမှာက၊ လူတွေ တယောက်နဲ့ တယောက် ခန္ဓာဗေဒ ကွဲပြားတယ်ဆိုတာ အနည်းငယ်စီပါ၊ဒီတော့ လေ့ကျင့်ခန်းကို အနည်းငယ်စီ modifiedလုပ်ရင်ရပါပီ။

လှေငယ် ဆိုတာ ကမ်းကနေ အရမ်းခွာပီးသွားဖို့ မသင့်သလို၊ မည်သည့်နယ်ပယ်မှာမဆိုအခိုင်အမာရှိနေတဲ့ စံနှုန်းတွေ ဘောင်တွေကနေဇွတ်ခွာသွားခြင်းက လုံးးးးးးးဝ မကောင်းပါလို့ အကြံပြုပါရစေ။

ဒီဆောင်းပါးလေး ဖတ်ပီးတဲ့အခါ ကျွန်တော်အမြဲသုံးနေတဲ့ Depend on individual ဆိုတဲ့စကားလေးရဲ့ ဆိုလိုရင်းကို သဘောပေါက်မယ်လို့ ထင်ပါတယ်။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#Myanmar_Fitness_Trainer_Academy#FitMyanmarProject#MakeMyanmarFit#Exercises#WorkoutTips#ExercisesForm#Anatomy#Universal#Law#CertifiedPersonalTrainer#Coach#HealthyLifestyle#GuruNaing#YourCoach#OnlinePersonalTraining#MyanmarFitness#MyanmarFitnessPioneer#OnlineCoach

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta