Muscle Recovery ဖြစ်ဖို့ ဆိုရင် - MFTA

Muscle Recovery ဖြစ်ဖို့ ဆိုရင်

ကျွန်တော်တို့ Gym ကစားတာဟာ ခန္ဓာကိုယ်ကြွက်သားတွေအပေါ်မှာ ဖိအားတွေသက်ရောက်စေလိုက်တာပဲဖြစ်တယ်။ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ပင်ပင်ပမ်းပမ်း ကစားလေလေ ခန္ဓာကိုယ်ကအဲ့အခြေအနေကို တုံပြန်ဖို့ အတွက်၎င်းရဲ့ Fight or Flight hormones တွေဖြစ်တဲ့ Adrenaline နှင့် Noradrenaline ဟိုမုန်းတွေကို သွေးထဲကို ပို့လွှတ်ပေးပါတယ်။ထိုဟိုမုန်းများက ပို၍ပြင်းထန်တဲ့ ဖိအားသက်ရောက်မှုများဖြင့်လှုံ့ ဆော်တဲ့အခါ ကြွက်သားများကို ခံနိုင်ရည်ရှိစေပါတယ်။

ဤအခြေအနေသည် အလေးဝန်များများဖြင့်လေ့ကျင့်ချိန်တွင်တော့ ကျေနပ်စရာကောင်းလောက်အောင် စွမ်းဆောင်ပေးသော်လည်းလေ့ကျင့်ခန်း ပြုလုပ်ပီး အချိန်အတော်ကြာသည်အထိ အထကိပါဟိုမုန်းများ သွေးထဲတွင်ရှိနေပါက၊ Dopamine depletion ဖြစ်ပေါ်စေပါသည်။ အဘယ်ကြောင့်ဆိုသော် adrenaline နှင့် Noradrenaline တို့ ကို Dopamine ဖြင့်ပြုလုပ်ထားသောကြောင့် ဖြစ်ပါသည်။Dopamine လျော့နည်းသွားပါက အားနည်း နုံးချိခြင်းကို ခံစားရစေနိုင်သည်။

ထို့ ကြောင့် ဟဲဗီးကစားချိန်များအပီးတွင်ခန္ဓာကိုယ်သည်၊ Fight or Flight အခြေအနေမှRecovery process သို့ ပြောင်းလဲသွားရန်လိုအပ်ပါသည်။ ယခုတင်ပြပေးမည့် အချက်များသည်၊ ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းများ ပြုလုပ်ပီးချိန်တွင် Fight or flight အနေအထားမှ recovery Process သို့ အမြန်ဆုံးကူးပြောင်းနိုင်ရန် ကူညီပေးပါသည်။

၎င်းတို့ မှာ –

အင်ဆူလင် Serotonin တို့ ကို တိုးပွားစေပီး ကော်တီဆော်လ် ဟိုမုန်းကိုလျော့ကျစေနိုင်ရန်အတွက် post workout meal တွင် ကာဗိုဟိုက်ဒရိတ် များများ စားပေးရပါမည်။

၁၀-၁၅ မိနစ်ခန့် တရားထိုင်ပေးရပါမည်။တရားထိုင် ခြင်းသည် Fight or flight modeကို အမြန်ဆုံးဖယ်ရှားပေးနိုင်သော နည်းလမ်းကောင်းဖြစ်ပါသည်။

Glycine, Magnesium and Taurine တို့ ပါဝင်သော ဖြည့်စွက်ဆေးများ မှီဝဲရပါမည်။

အနှိပ်ခံသင့်ပါသည်။

အကြောဆန့်ခြင်း Static stretching ကို ပြုလုပ်သင့်ပါသည်။

နေ့ လည်ဖက် တရေးတမော မိနစ်၂၀ မှ မိနစ် ၃၀ အိပ် အနားယူပါ။အချို့ သော နည်းပြများက ရေပူ ၊ရေအေးတို့ ဖြင့် ရေချိုး ခြင်း၊ Contrast bath ကို recovery tool အဖြစ်အသုံးပြုသော်လည်းကျွန်တော့်အမြင်တွင် Heavy workout အပြီးတွင် ထိုသို့ ပြုလုပ်ပါက Adrenaline နှင့်Cortisol မြင့်တက်လာနိုင်သောကြောင့် Recommend မပေးလိုပါ။

စနစ်ကျပီး ကစားသမားနှင့် သင့်လျော်သောလေ့ကျင့်ရေး ပရိုဂရမ်ရယ် ပြည့်စုံကောင်းမွန်သောအာဟာရနှင့် လုံလောက်စွာ အနားယူခြင်းတို့ ကသာ အဓိက လိုအပ်ကြောင်းကို သဘောပေါက်စေချင်ပါသည်။စနစ်ကျသော လေ့ကျင့်ရေး ပရိုဂရမ်နှင့်ပြည့်စုံသော အာဟာရတို့ ကို မည်သို့ ရှာဖွေရမှန်းမသိသူများ အတွက် အခြေခံကျကျသင်ပြပေးမည့် သင်တန်းကို လက်တို့ ပေးပါရစေ။ အောက်ကလင့်ခ်လေးမှာ ဝင်ကြည့်ပေးပါ။

FLS https://www.facebook.com/885104638183061/posts/4765157370177749/

Cpthttps://www.facebook.com/885104638183061/posts/4765091956850957/

Fnshttps://www.facebook.com/885104638183061/posts/4765127646847388/

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#Myanmar_Fitness_Trainer_Academy#FitMyanmarProject#MakeMyanmarFit#gurunaing#Myanmar#heavyworkout#magnesium#adrenaline#noradrenaline#magnesium#taurine#glycine#gym#trainer#personaltrainer#ice#meditation#stretching#nap#power#onlinetraining#DM

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta