Muscle memory အကြောင်း - MFTA

Muscle memory အကြောင်း

Muscle memory အကြောင်း

Covid ကြောင့်Gym တွေပိတ်ကြရပီဆိုတော့ လူငယ်တွေအနေနဲ့ ဟာတာတာကြီးဖြစ်ကြရပြန်ပါပီ။ တကယ်တော့ ကစားသမားတွေကြောက်ကြတဲ့အချက်က ပင်ပန်းကြီးစွာတည်ဆောက်ထားတဲ့၊ ကြွက်သားမျှင်တွေပျောက်သွားမှာကိုပါ။ Ramadan လိုအချိန်ကြာနားရတဲ့အခါမျိုး၊ ခုလိုကပ်ရောဂါကြောင့်အချိန်ကာလကြာရှည်စွာ Home stay နေရတဲ့အခါမျိုးတွေမှာ စိတ်မပင်ပန်းဘဲ နားလိုက်ဖို့ လိုအပ်ပါတယ်။ ဘာလို့ လဲဆိုတော့ သင့်ကြွက်သားတွေမှာ muscle memory ဆိုတာရှိလို့ ပါ။

Muscle memory ဆိုတဲ့ပညတ်လေးကခုရှင်းပြမဲ့အချက်ကြောင့်ဗျ။ workout တွေစလုပ်ပီဆိုတဲ့အခါမှာ အာဟာရရယ် လေ့ကျင့်ခန်းတွေရယ် ပေါင်းစပ်ပီး၊ nuclei လေးတွေတည်ဆောက်ရတယ်။ အဲ့နောက်မှာကြွက်သားမျှင်အသစ်တွေ ဖြစ်လာတယ်။ အချိန်တွေအကြာကြီး workout မလုပ်ဖြစ်တော့ဘူးဆိုရင်၊ ကြွက်သားတွေကကျုံ့ သွားဖြစ်ပါတယ်။nuclei လေးတွေ လျော့နည်းသွားတာမဟုတ်တဲ့အတွက် ပြန်ပီး workout လုပ်တဲ့အခါမှာ၊ ပြန်လည်ကြီးထွားလာပါမယ်။အရင်ရှိခဲ့တဲ့ ကြွက်သားထုထည်၊ကိုအချိန်မြန်မြန်ပြန်ရနိုင်ပါတယ်။ ဘာလို့ လဲဆိုတော့၊ ခန္ဓာကိုယ်က workout စလုပ်သူတွေလို Initial learning phase အတွက်အချိန်ပေးစရာမလိုတဲ့အတွက်၊ရလာဒ်က ပိုမြန်ပါလိမ့်မယ်။အဲ့ဒါကို ကျွန်တော်တွေက Muscle memory လို့ ခေါ်တာပါ။

ဒီနေရာမှာ မေးတတ်ကြတာက ကျွန်တော်တို့ နားလိုက်ပီး ပြန် train တဲ့အခါမှာ၊ အရင်လိုထုထည်မရတော့တာ

ဘာလို့လဲတဲ့

1️⃣ အကယ်၍ခင်ဗျားဟာ နာတာရှည်ရောဂါတခုခုကြောင့်နားလိုက်တာမဟုတ်ရင်

2️⃣ ပြောရမှာအားနာပါတယ် ခင်ဗျား workout လုပ်ခဲ့တဲ့အချိန်က nuclei လေးတွေများများတည်ဆောက်မိအောင် ထိထိမိမိ မလေ့ကျင့်ခဲ့အာဟာရဂရုမစိုက်ခဲ့တာရယ်ကြောင့်ဖြစ်ပါလိမ့်မယ်။

ကဲ အပေါ်မှာ ရှင်းပြခဲ့တဲ့ Muscle memory အကြောင်းကိုသဘောပေါက်ပီဆိုရင် ခင်ဗျားအတွက် ရွေးချယ်စရာအဖြေတစ်ခုရမယ်လို့ မျှော်လင့်ပါတယ်။

ကျန်းမာကြပါစေ

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach#hypertrophy

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta