MFTA နှင့်ပါတ်သက်ပီးအမေးများသောမေးခွန်းများ - MFTA

MFTA နှင့်ပါတ်သက်ပီးအမေးများသောမေးခွန်းများ

MFTA နှင့်ပါတ်သက်ပီးအမေးများသောမေးခွန်းများ

မေး။ ။ခုမှ Gym ကစားတာသုံးလလောက်ပဲရှိသေးတယ်။တက်လို့ ရပါသလား။

ဖြေ။ ။မရပါခင်ဗျာ။ဘာလို့လဲဆိုတော့ နည်းပြသင်တန်းပါ။သာမန် Beginner တွေအတွက်Basic course လေးတွေစီစဉ်ပေးပါ့မယ်။

မေး။ ။အပြင်သင်တန်းမဖွင့်ဖူးလား?

ဖြေ။ ။လောလောဆယ်တော့မရှိသေးပါ။ မကြာခင်တော့ အပြင်သင်တန်းလည်းဖွင့်ပါတော့မယ်။

မေး။ ။ဘာ Course တွေဖွင့်ထားလဲ?

ဖြေ။ ။အခုမှ နည်းပြလောကထဲစတင်ဝင်ရောက်ဖို့ ကြိုးစားနေသူတွေအနေနဲ့ ဖြစ်စေ၊ မိမိကိုယ်ကိုပြောင်းလဲဖို့ ဖြစ်စေ မဖြစ်မနေသိထားတတ်ထားသင့်တဲ့ လေ့ကျင့်ရေးပရိုဂရမ်ရေးဆွဲနည်း၊ ဒိုင်းယက်ပလန်ရေးဆွဲနည်းစတဲ့သီအိုရီပေါင်းများစွာ၊ ကိုအသေးစိတ်သင်ပြပေးထားတာမို့ နည်းပြတိုင်းအတွက်မဖြစ်မနေတက်သင့်တဲ့အခြေခံသင်တန်းပါ။

နောက်ထပ် Advance အနေနဲ့ တော့၊Fitness Nutrition Specialist သင်တန်းရယ်၊ ၀ိတ်ချလိုသူတွေအရမ်းများလာတဲ့ယနေ့ ခေတ်မှာ၊စျေးကွက် လိုအပ်ချက်မြင့်နေတဲ့ Fatloss Specialist သင်တန်းလည်း ရှိပါတယ်။ကိုယ်ကသာမန်Gym နည်းပြတင်သာမက အားကစားနယ်ပယ်အသီးသီးက ကစားသမားတွေကိုလေ့ကျင့် သင်ကြားပေးနိုင်တဲ့အဆင့်မြင့်နည်းပြကောင်းဖြစ်ချင်ရင်တော့ Perform Maxသင်တန်းကိုတက်ပါ။နောက်ထပ်သင်တန်းတွေလည်း မကြာခင်ဖွင့်လှစ်ပါမယ်။

မေး။ ။သင်တန်းပြီးရင်အလုပ်ရှာပေးလား။

ဖြေ။ ။နိုးပါ။အလုပ်သည်ကိုယ့်ရဲ့ ပေးရမဲ့အလုပ်ချိန်၊ အလုပ်ရှင်ပေးမဲ့လစာပေါ်အဓိကမူတည်ပီးအလုပ်ရှင်လိုအပ်တဲ့အရည်အချင်း ရှိနေရင်တော့ အလုပ်တွေကတန်းစီနေမှာပါ။

ကိုယ်ကသာ Qualified ဖြစ်အောင်ကြိုးစားထားပါ။MFTA သည်မြန်မာနိုင်ငံမှာ network အကျယ်ပြန့်ဆုံးသောသင်တန်းသားအများဆုံးသော နည်းပြသင်တန်းဖြစ်ပါတယ်။

မေး။ ။သင်တန်းကြေးတွေတက်တော့မှာလား။

ဖြေ။ ။YES ဒီအခြေအနေအတိုင်းဆိုတက်ဖို့ ၁၀၀% သေချာပါတယ်။ သင်ကြားမှုပုံစံကိုလည်းထပ်မံ Upgrade လုပ်နေပါတယ်။

အဲ့ဒါပီးရင် နောက်အသုတ်ကစပီးသင်တန်းကြေးတက်တော့မှာပါ။ဒီတော့ စျေးသက်သာလွန်းစွာဖွင့်ပေးထားတဲ့ဒီအသုတ်ကို သင်မီိှပါသေးတယ်။အပ်ပီးပီလား?

လေးစားလျက်- နိုင်ဦး-၁၁၉

Founder of Myanmar Fitness Trainer Academy

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta