Junk Food တွေနဲ့တူတဲ့ High Intensity Workout များလို့သာဆိုချင်တယ်။ - MFTA

Junk Food တွေနဲ့တူတဲ့ High Intensity Workout များလို့သာဆိုချင်တယ်။

Fitness နယ်ပယ်မှာ Trend ဖြစ်လွန်းတဲ့ စကားစုလေးတစ်ခုဖြစ်တဲ့ High intensity training နဲ့ ပါတ်သက်ပီးဆွေးနွေးရမယ်ဆိုရင်၊ ကျွန်တော်တို့ အားလုံးသိထားကြတဲ့အတိုင်းပါပဲ junk food တွေကိုစားမယ်ဆိုရင်၊ ရေတိုအားဖြင့် ခံစားချက်တွေကောင်းမယ်၊ အရသာထူးတယ်၊ စိတ်လှုပ်ရှားတက်ကြွစေတယ်ပေါ့ဗျာ။

ဒါပေမဲ့များများစားမယ် စွဲစွဲမြဲမြဲ စားမယ်ဆိုရင်၊ ကိုယ်အလေးချိန် တိုးလာခြင်း၊ အဆီတက်လာခြင်း၊ စွမ်းအင်လျော့နည်းခြင်းနဲ့ ကျန်းမာရေး ပြသနာတွေဖြစ်လာနိုင်ပါတယ်။

အဲ့လိုပဲ၊ High Intensity Workout တွေကိုလည်း သင့်တင့်မျှတစွာ အသုံးပြုမယ်ဆိုရင် ရလာဒ်တွေကောင်းမယ်၊ စွမ်းရည်တွေတိုးတက်မယ်ဆိုပေမဲ့ ရေရှည်ကစားမယ်၊ လိုတာထက်ပို ကစားမယ်ဆိုရင်၊ စွမ်းအင်လျော့နည်းခြင်း၊ Stress များလာခြင်း၊ overtraining ဖြစ်ခြင်းနဲ့ Injuries တွေကို ကြုံရမှာပါ။

ဒီတော့ High Intensity Workout တွေကို ဘယ်လောက်ဆော့ ရမလဲဆိုတာက၊ တစ်ယောက်နဲ့ တစ်ယောက်မတူညီတာကို သတိပြုပါ။

(HIIT မကောင်းပြောတာမဟုတ်ဘူးနော်သာဂိတို့)

လူတိုင်းအတွက်မဟုတ်တာသိစေချင်တာ

Depend on individual

Not set in stone ဆိုတဲ့စကားတွေကြားဖူးနေရင် သင်ဟာ ကျွန်တော့်သင်တန်းဆင်းတစ်ယောက်ဖြစ်ဖို့ ၉၉% သေချာပါတယ်။ ဘာလို့လဲ ကျွန်တော်ပဲ ပြောလို့ပါ။

ဒီတော့ Client တစ်ယာက်၊ results ရခြင်း/မရခြင်း အတွက်ထည့်သွင်းစဉ်းစားရမဲ့ အချက်တွေအများကြီးမို့ လှေနံဒါးထစ် မသတ်မှတ်ပါနဲ့ဗျာ။

ကမ႓ာကျော် Education နဲ့ လူတစ်သိန်းကျော်ကို အောင်မြင်စွာ Transformation လုပ်ပေးထားပီးဖြစ်တဲ့ #PrecisionNutrition က professionals တွေရဲ့ လက်သုံးစကားကလည်း it depends ပါတဲ့ခင်ဗျာ။

ဒီတော့ခင်ဗျားဟာ မိမိရဲ့ clients တွေရဲ့ Fat loss Journey မှာ ရလာဒ်ကောင်းတွေရအောင် ကူညီချင်တဲ့ Fitness professional တစ်ယောက်ဖြစ်မယ်ဆိုရင်၊ ဒါမှမဟုတ် ကိုယ်တိုင် gym တွေဆော့ ဝိတ်တွေလျော့နေလည်း ဝိတ်မကျဘူးဆိုရင်၊ အကြမိးစား high intensity workouts တွေ Training models တွေကို ထည့်သွင်းသင်ကြားပေးပီး၊ သင်နဲ့ သင့် Clients တွေလိုချင်တဲ့ result တွေမရအောင် ဟန့်တားထားတဲ့ တစ်ယောက်ချင်းစီရဲ့ It depends တွေကိုရှာတွေ့အောင်ကူညီပေးနိုင်မဲ့ ၊ course လေးတွေကို မကြာခင် batchအသစ်ပြန်လာပါမယ်။

လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉

#ဝိတ်ချခြင်းအနုပညာ#ကာယဗလသော့ချက်များ

#argazar#LeanFit

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta