Handstand နဲ့ Spatial Ability အကြောင်း - MFTA

Handstand နဲ့ Spatial Ability အကြောင်း

Handstand နဲ့ Spatial Ability အကြောင်း (Handstand သော့ချက်) Handstand လုပ်နိုင်စွမ်းက စတန့်ပြယုံ ကမြင်းယုံ မဟုတ်။

Human Performance ကိုနားမလည်ရင် ကမြင်းကြောထတယ် ထင်ကြမှာပဲ။

လက်နှစ်ဖက်ကို ခြေထောက်တာဝန် ပြောင်းယူခိုင်းကြည့်တဲ့ ဒီ Handstand မှာဆိုရင်..

ကမ္ဘာကြီးကို ပြောင်းပြန် ပြန် ပင့်ကြည့်လိုက်ရတဲ့အရသာဟာ လုပ်ဖူးတဲ့သူတွေသာ ခံစားခွင့်ရတာဖြစ်ပါတယ်။

Handstand လုပ်နိုင်ဖို့ Core တွေသန်နေဖို့အပြင် ၊ သန်ယုံနဲ့မပြီး Joint တွေတစ်ခုနဲ့ တစ်ခုအကြား force တွေ ကူးပြောင်းပုံတွေ၊ Tissue Flexibility တွေ ၊ Joint Mobility တွေဟာလည်း တစ်ပြိုင်နက်တည်းမှာ Physical စွမ်းရည်ပေါင်းများစွာ အချိနိကိုက်အသုံးပြုရတာဖြစ်ပါတယ်။

Handstand လုပ်တဲ့အခါ လူသစ်တစ်ယောက်အတွက် ပထမဆုံးကြုံရမယ့် အခက်အခဲ (First Barrier) ဟာဆိုရင်….(Reverse) Spatial Ability ပဲ။

Spatial Ability ဆိုတာ လေဟာနယ်ထဲ ၊ စကြာဝဋ္ဌာ မှာ ကိုယ်တည်ရှိနေတဲ့ အနေအထား Position အစစ်အမှန်ကို သိမြင် စိတ်ကူးနိုင်စွမ်းပဲ။

စက္ကူငှက်ကလေး ခေါက်တတ်တာ Spatial Ability ပဲ။

ကိုမမြင်ရတဲ့ အရာတစ်ဖက်ခြမ်းကို ပုံဖော် နိုင်တာမျိုး။

အင်းလေးကန် မှာ ခြေတစ်ဖက်နဲ့ လှေလှော်တာဟာ Spatial Ability ပဲ။

လက်ဝှေးသမား ခန္ဓာကိုယ်အပေါ်ပိုင်း ယိမ်းပြီးကစားတာဟာ Spatial Ability ပဲ။

Handstand မှာ ကို့တစ်သက်တာ မလုပ်ဖူးတဲ့ ခြေနဲ့ လက် ပြောင်းပြန် ရပ်တည်နိုင်စွမ်းဟာ Spatial Ability ပဲ။

ဒေါင် ကျ သလား ၊ ပြားကျသလား သိတာမျိုး။ မမြင်ဖက်ခြမ်းကို အလေးသာ ပြီး လဲကျမလား ၊ လန်ကျမလားသိ​နိုင်တာSpatial Ability ပဲဗျာ။

ဒိလို Spatial Ability ကောင်းအောင် ကလေးတွေရဲ့ Cognitive Training တွေမှာ ဒီအတွက် ကစားစရာ ၊ လေ့ကျင့်စရာတွေ ငယ်ငယ်ကတည်း ကဖန်းတီးပေးနိုင်ရင် ဒီကလေးဟာ Max Performance နဲ့ ကလေးဖြစ်လာမှာပဲ။

အနှစ်ချုပ်ရင်-

Handstand ရဲ့ First Barrier မှာ

-လူတွေဟာ တစ်ခါမှ ဇောက်ထိုးပြောင်းပြန် ခန္ဓာကိုယ်ကို Drive မလုပ်ဖူးဘူး

-ဦးခေါင်းအနောက်ဖက်ခြမ်း ကျောရိုးမ ဖက်ကို မတ်တပ်ရပ်နေစဥ်မှာလည်း သတ္တိရှိရှိ လန် ပြီး လဲရမှာကြောက်တယ် ၊ Handstand လို ဇောက်ထိုးထောင်ပြီးမှ နောက်ပြန် လွန်ပြီးလဲ မှာဆို လူ့ဦးနှောက်က ပိုတောင်ကြောက်တယ်။

( ဦးနှောက်ရဲ့ Survival Reflex ကြောင့် လူဟာ ဘယ်တော့မှ ကို့ဘာကို နောက်ပစ်မလဲ ခံဘူး)

-ဦးခေါက်အနောက်ဖက်ခြမ်းကို လှဲမချရဲတဲ့အတွက် Handstand ထောင်ဖို့ လက်ထောက်ပြီး အားစိုက်ကတည်းက ထောင်မတ်နိုင်လောက်တဲ့ အားအင် မထုတ်တော့ဘူး။

(ဒီအတွက် တစ်ချို့က Wall Assistance ယူပြီး ကျင့်ကြတယ်၊ ကိုယ်ကတော့ မကြိုက်)

-Handstand ကို အနီးစပ်ဆုံးသော ပုံစံတွေနဲ့ လေ့ကျင့်သော်လည်း ဒီ Barrier ကိုတော့ ကိုယ်တိုင်ကျော်ရမယ် ၊ မကျော်သေးသ၍ ကိုယ့်ကိုယ်ကို Handstand လုပ်ဖို့ လုံလောက်တဲ့ Strength မရှိသေးဘူးဆိုတဲ့ အငုံ့စိတ် ဝင်လာမယ်။

-အဲ့ဒီကြောက်နေတဲ့ Reflex ကို ငါဘယ်လို လဲကျ လဲကျ Safe ဖြစ်ရမယ်ဆိုတဲ့ လဲပုံလဲနည်း Pattern ကိုမရမချင်း Competence မရတော့ဘူး။

-Competence မရသ၍ Spatial Ability ကို မြည်းစမ်းခွင့် ခန္ဓာကိုယ်က မရလိုက်။

-ဒီလို Spatial ability ကိုမြည်းခွင့်မရမချင်း Strength ဘယ်လောက်တိုးလာပါစေ

Skeletal Muscle က Cerebral Muscle ကို ဘယ်တော့မှမနိုင်တဲ့အတွက် Handstand ခရီးစဥ် ကြာလိမ့်မယ်။

ကျွန်တော် Wai Yan Phyo ပါ။

MFTA ကအသစ်ဖွင့်တဲ့

Perform Max သင်တန်းရဲ့

Course Creator /Educator ဖြစ်ပါတယ်။

#PPSC#MFTA

#Globally#Registered#Training#System

#Education#Provider

#FixToFit#Myanmar

#PerformMaxSystem

#FounderOfPerformanceRack

#LeverArm#PMx

#Performance#Equipment

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta