Gymတွေပိတ်သွားရင်Muscle Loss ဖြစ်သွားမှာလား - MFTA

Gymတွေပိတ်သွားရင်Muscle Loss ဖြစ်သွားမှာလား

မြန်မာပြည်ကိုအရှိန်နဲ့ ဝင်ဆောင့်လာတဲ့ကိုဗစ်တတိယလှိုင်းကြောင့် Gym တွေပြန်ပိတ်သွားရင်ပင်ပင်ပမ်းပမ်းကြိုးစားထားအလဟသဖြစ်ပီး မာဆယ်တွေ loss ဖြစ်သွားမလားမေးနေကြလို့ ဖြေပေးပါ့မယ်။ကိုဗစ်အရှိန်မြင့်လာတာအားလုံးသိထားကြတဲ့အတိုင်းပါပဲ။ဒီတော့safeအဖြစ်ဆုံးကမိမိအိမ်မှာနေခြင်းပါပဲ။အရင်းအနှီးများစွာနဲ့ လည်ပါတ်နေရတဲ့လုပ်ငန်းတွေ၊စားဝတ်နေရေးရုန်းကန်နေရသူတွေကတော့ရပ်တံ့ဖို့ မလွယ်လောက််ပါဘူး။

လိုရင်းဆက်ပြောရရင်၊ Gym တွေပိတ်သွားလို့ ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်ကGym သွားဖို့ စိတ်မသန်လို့ ဘဲဖြစ်ဖြစ်၊ အိမ်မှာလေ့ကျင့်ခန်းလုပ်ရုံနဲ့ muscle mass maintain လုပ်နိုင်မလားဆိိုတာကို Research တွေကိုအခြေခံပီးတင်ပြပေးပါ့မယ်။သတင်းကောင်းပါပဲ။

လေ့ကျင့်ခန်း (resistance training) လုံးဝမလုပ်ဘဲ 2-ပါတ်ကြာအောင်နေပီးစမ်းသပ်ကြည့်သောအုပ်စုတွင်၄င်း၊ လေ့ကျင့်ခန်း (resistance training)လုံးဝမလုပ်ဘဲ 3-ပါတ်ကြာအောင်စမ်းသပ်ကြည့်သောအုပ်စုတွင်၄င်း၊ ကြွက်သားထုထည်ပမာဏလျော့ကျသွားခြင်းမရှိသည်ကိုတွေ့ ရပါသည်။

အကယ်၍Home workout တွေလုပ်မယ်။မိမိအဆင်ပြေရာ Tools လေးတွေနဲ့ လေ့ကျင့်ခန်းလုပ်မယ်။ Maintenance calorie ပမာဏစားမယ်။ပရိုတိန်းများများစားမယ်ဆိုရင် ကြွက်သားပမာဏလုံးဝလျော့ကျသွားမှာမဟုတ်ပါဘူးဗျာ။ဒီတော့ဝါဒီမများဘဲ ဘေးမဖြစ်အောင်သာနေကြပါဗျာ။

References:

https://www.ncbi.nim.nih.gov/pubmed/21771261

https://www.ncbi.nim.nih.gov/pubmed/28328712

https://www.researchgate.net/…/259390281_Evidence_Base…

https://www.ncbi.nim.nih.gov/pubmed/11252068

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta