Gym သွားလို့ ဘာရမလဲ? - MFTA

Gym သွားလို့ ဘာရမလဲ?

Gym သွားလို့ ဘာရမလဲ? သိချင်ရင်ဆက်ဖတ်။ I mean ဆက်လက်ဖတ်ရှုပါလို့ပြောတာပါ အားကစားခန်းမတွေသွားပီး လေ့ကျင့်ခန်းလုပ်ကြပီဆိုရင် ဝိတ်ချဖို့ ဖြစ်စေ၊ Body ကြည့်ကောင်းအောင်ဖြစ်စေ၊ တားဂတ်လေးတစ်ခုတော့ကိုယ်စီရှိကြမှာပါပဲ။ Gym ကစားခြင်း ရဲ့ အကျိုးကျေးဇူးတွေများစွာထဲကမှ ကြွက်သားမျှင်တွေတိုးပွား ကြီးထွားလာခြင်းကြောင့်ရလာမဲ့ ကျန်းမာရေး အကျိုးကျေးဇူးတစ်ခုကို တင်ပြပါမယ်။ လေ့ကျင့်၍ရသော skeletal muscle များသည်၊ ခန္ဓာကိုယ်တွင်းဂလူးကို့စ်များသိုလှောင်ရန်အရေးအပါဆုံးသော နေရာများဖြစ်သည့်အတွက် ကျွန်တော်တို့အစားတွေ(အထူးသဖြင့်ကစီဓါတ်တွေ)ပိုစားမိတဲ့အခါ၊ခန္ဓာကိုယ်တွင်းဂလူးကို့စ်များကို သိုလှောင်ရန် နေရာရွေးရပါတော့တယ်။

အကယ်၍ Resistance Training လို့ခေါ်တဲ့ gym workout တွေပြုလုပ်သူတွေဆိုရင်၊ မာဆယ်တွေများများရှိသူဆိုရင် ဂလူးကို့စ်တွေကို ကြွက်သားမျှင်တွေထဲမှာ တက်ကြွစွာ ကောင်းမွန်စွာ သိုလှောင်ပါလိမ့်မယ်။အကယ်၍လေ့ကျင့်ခန်း မလုပ်သူဆိုရင်တော့ ဂလူးကို့စ်တွေကို အဆီဆဲလ်တွေမှာသိုလှောင်မယ်။ အဆီဆဲလ်တွေရဲ့ လက်ခံနိုင်စွမ်းက ကန့် သတ်မဲ့မို့ ဝိတ်တွေတရစပ် Non stop တက်တော့မှာသေချာသလို၊အင်ဆူလင်ရဲ့ လုပ်ဆောင်ချက်တွေကမောက်ကမဖြစ်လာတော့မယ်။ ရေရှည်မှာ ဆီးချိုကစလို့ နောက်ဆက်တွဲ CVD အကုန်ရောက်လာလိမ့်မယ်။ဒီတော့ Gym ဆော့လို့ဘာရမလဲဆိုရင်- insulin sensitivity တိုးတက်မယ် ရေရှည်ကျန်းမာနုပျိုမယ် Body တွေမတရားလှလာမယ်။

ဒီတော့ ဒီတခါ Gym ဆော့လို့ ဘာရမလဲလို့ အမေးခံရရင် ကျွန်တော်ပြောထားတာလေးတွေဖြေပေးလိုက်ပါ။ နောက်ပီး မန့် မှာမိတ်ဆွေတို့ သိထားတဲ့ Gym ကစားခြင်းရဲ့အကျိုးကျေးဇူးတွေ တခုစီကိုမန့် မှာရေးသွားပေးပါ။လူတွေကို ကျန်းမာရေးအတွက် Awareness ရစေချင်လို ့ပါဗျ။ မှတ်ချက်-ကျွန်တော် Gym မဖွင့်ထားပါ။Myanmar Fitness Trainer Academyပဲဖွင့်ထားပါတယ်ခင်ဗျာ။ကျွန်တော်ဘာတွေသင်လဲသိချင်ရင် ဒီလင့်ခ်လေးတွေ ဝင်ကြည့်ပေးပါ

https://www.facebook.com/885104638183061/posts/5351391021554378/https://www.facebook.com/100022617764425/posts/1085654855531763/?d=n

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန် လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#issacertified#ISSA#GymTips#Workouts#Health#Diabetes#InsulinSensitivity#InsulinResistance#FatLoss

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta