Gym ကို wrong energy တွေဖြစ်တဲ့ - MFTA

Gym ကို wrong energy တွေဖြစ်တဲ့

Gym ကို wrong energy တွေဖြစ်တဲ့၊ ရည်းစားနဲ့ပြတ်လို့ ၊ ငါအရမ်းဝနေလို့ ဆရာဝန်ကသွားခိုင်းလို့ ၊ ဇနီးက အတင်းလွှတ်လို့ ဆိုပီးတရွတ်ဆွဲမသွားပါနဲ့။ ဘယ်တော့မှ ရလာဒ်ကောင်းရဖို့ မရှိဘူး။

ဒါဆိုဘာလုပ်ရမလဲ။

မိမိရဲ့ လက်ရှိအခြေအနေ စိတ်ပျက်စရာတွေ အပင်ပန်းမခံနိုင်တာတွေအားလုံးကို ဆင်ခြေမပေးဘဲ အရှိအတိုင်းလက်ခံလိုက်ပါ။ သင့်အတွက်အတော်လေး နေသာထိုင်သာရှိသွားမယ်။ ဒါဆိုခုစစဉ်းစားမယ်။ ဘူကောင်တွေးမတွေးတော့ဘူး။

ချစ်ခြင်းတရားကိုအခြေခံတဲ့အတွေးဥပမာ၊ ကိုယ့်ကိုကိုယ်ချစ်တဲ့အတွက်၊ ကိုယ့်မိသားစု ကိုယ့်ရင်သွေးတွေကို ချစ်တဲ့အတွက် လေ့ကျင့်ခန်းကို နိုင်သလောက်စလုပ်မယ်။

Lifestyle ကိုစ change မယ်လို့ သာတွေးလိုက်၊သင့်အတွက် ဒါတွေဟာဝန်ထုပ်ဝန်ပိုး မဟုတ်တော့ဘူးဆိုတာတွေ့ရလိမ့်မယ်။

လေးစားလျက်- နိုင်ဦး-၁၁၉

#ဝိတ်ချခြင်းအနုပညာ

#ကာယဗလသော့ချက်များ

#argazar#love#family#healthy#energy

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta