Gym နားတာကြာလည်း ကြွက်သားတွေ မဆုံးရှုံးပါ - MFTA

Gym နားတာကြာလည်း ကြွက်သားတွေ မဆုံးရှုံးပါ

ခုလို Covid ကာလ Gym တွေပိတ်တော့ Gym Crazy ညီငယ်တွေရဲ့ အကြောက်ဆုံး သောက တစ်ခုက ကြိုးစားတည်ဆောက်ထားတဲ့ ကြွက်သားတွေ ဆုံးရှုံးသွားမှာကိုပါ။ ဒီတော့ ကြွက်သားတွေ မဆုံးရှုံးအောင် ဘာလုပ်ရမလဲ? ဆိုတဲ့မေးခွန်းတွေ ဆက်တိုက်ရောက်လာပါတယ်။

ထိုသူတွေအတွက် ကျွန်တော့်ရဲ့ အဖြေက၊ ကြွက်သားတွေ လုံးဝ မဆုံးရှုံးပါ လို့ပဲဖြေချင်ပါတယ်။ ဘာလို့လဲဆိုတော့ Muscle Memory ရှိလို့ ပါပဲ။ ဒီနေရာမှာ ကပ်သီးကပ်သပ်လုပ်ပီးတော့ ဆရာရယ် ကျွန်တော်တို့ က ရေဘဝဲတွေမှ မဟုတိတာ အစိတ်အပိုင်းတိုင်းမှာ ဦးနှောက်တွေ ရှိနေတာ မှမဟုတ်တာ ဆိုပီးတော့ စောဒက တက်နိုင်ပါတယ်

ဒီတော့ muscle memory ဆိုတာနဲ့ ပါတ်သက်ပီး Biology နဲ့ Neurology ဆိုတဲ့ မတူတဲ့ ရှူ့ထောင့် ၂-ခုက ဆန်းစစ်လည်း တူညီတဲ့အောက်ပါအဖြေတခုတော့ ရပါတယ်။

ယခုမှ Gym စကစားသူတယောက်အတွက် Barbell အလွတ်တချောင်းတောင်မှ အတော်လေး အချိန်စီးနေသလို၊ ဟန်ချက်လည်း ထိန်းဖို့ အတော်လေးခက်နေပါလိမ့်မယ်။ ဒါပေမဲ့ ကစားသက်ရလာတဲ့အခါမှာ အလေးတွေအများကြီးနိုင်လာသလို၊ skill လည်းတက်လာမှာ အသေအချာပါ။

ဒါပေမဲ့ အဲ့ကစားသမားအနေနဲ့ အကြောင်းတစုံတရာကြောင့်၊ ၃-၄ လလောက် Gym မကစားဖြစ်တော့ပဲ ပီးမှပြန်ကစားတဲ့အခါ၊ သူ့ ရဲ့Exercise Form ဟာ ယခင်အတိုင်း မှန်နေပါလိမ့် မယ်။ အဲ့ဒါက Neuroscience အရ မှန်ကို မှန်နေမဲ့အရာပါ။ ဒါကြောင့် စက်ဘီး ကောင်းကောင်းစီးတတ်သွားပီးရင် အချိန် ဘယ်လောက်ကြာ မှပြန်စီးနေပါစေ အခက်အခဲရှိမှာ မဟုတ်ပါ။

Biology ရှု့ထောင့်က ကြည့်ရင် Muscle Cell တွေ Atrophy လို့ခေါ်တဲ့ လှုပ်ရှာမှု မရှိခြင်း ကြောင့် သိမ်သွား/ ကျုံ့သွားတာပါ။ တည်ဆောက်ပီးသား ဆဲလ်တွေပျောက်ဆုံးသွားခြင်းမျိုးလုံးဝ မဟုတ်ပါ။ ကြွက်သားဆဲလ်တွေကျုံ့သွားသော်လည်း Myo-nuclei ပျောက်ဆုံးမသွားတဲ့အတွက် ပြန်လည်လေ့ကျင့်ချိန်တွင်၊ ယခင်အရှိန်ရပီးသား Mechanism ပြန်လည်လည်ပါတ်လာသည့် အတွက် ပို၍ မြန်မြန်ကြီးထွားလာနိုင်ပါသည်။

အချိန် အတော်ကြာကြာ နားလိုက်ခြင်းကြောင့် Minor Injury အတော်များများ သက်သာပျောက်ကင်းသွားမည်ဖြစ်ပီး၊ ဟိုမုန်းတွေ အာရုံကြောစနစ်တွေ Recover ဖြစ်ဖို့ အတွက် အကောင်းဆုံးပါ။

Reference: Muscle memory and a new cellular

Model for muscle atrophy and hypertrophy

Journal of experimental biology 2016.

ဒီတော့ ဝါဒီပွားဖို့ မလိုတော့ဘူးနော် ညီလေးတို့

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ် မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119

#muscle_professor

#MFTA#GuruNaing

#Myanmar_Fitness_Trainer_Academy

#FitMyanmarProject#YourCoach

#MakeMyanmarFit#MyanmarFitnessPioneer

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta