Founder - MFTA

Founder

About

ဦးနိုင်ဦး

ဆရာဦးနိုင်ဦးသည် 2000-ခုနှစ်တွင် ကာယအားကစားနယ်ပယ်ထဲသို့စတင်ဝင်ရောက်လာခဲ့ပြီး၊ 2008-ခုနှစ်ကတည်းက မြန်မာ့ပထမဆုံးသော Fitness web ဖြစ်သော myanmarfitness.com တွင်ဆောင်းပါးများ၊ စာအုပ်များ ကိုရေးသား ဖြန့်ချိပေးခဲ့သူဖြစ်ပါသည်။ Myanmar Fitness Industry အတွက် ဆရာဦးနိုင်ဦး၏ အကျိုးပြုခဲ့ပုံများကို တင်ပြရမည်ဆိုလျင် စာတတန်ပေတစ်ဖွဲ့ဖြစ်သွားနိုင်သောကြောင့် လိုတိုရှင်းတင်ပြပါမည်။

ဆရာဦးနိုင်ဦးသည် 2008 ခုနှစ်တွင် မြန်မာ့ပထမဆုံးသော ဖစ်တနက်စ်ဝဘ်ဆိုဒ်ဖြစ်သော www.myanmarfitness.com တွင်မိတ်ဆွေဒေါက်တာနိုင်ဝေ၀င်းနှင့် အတူလက်တွဲကာ Fitness and bodybuilding ဆောင်းပါးများထောင်နှင့်ချီ၍ရေးသားခဲ့သူဖြစ်သည်။2012-ခုနှစ်တွင် muscleprofessor.blogspot.com ဟူသော Blog နှင့် 2014 ခုနှစ်တွင် Muscle Professor ဟူသော Facebook page ကိုတည်ထောင်ပီး မိတ်ဆွေများဖြစ်သော

– ဆရာအောင်အောင် (လှိုင်) ၊ Lean Body Yangon Supplement Online Shop Founder
– ဆရာစိုင်းသီဟကျော်ဆန်း
– ဆရာဒေါက်တာထွန်းထွန်း (အမေရိကန်)
– ဆရာ ဒေါမနစ်အေး (စင်္ကာပူ)၊ Gym Professor Page Founder
– ဆရာဒေါက်တာဝေယံမိုးမြင့် (ဂျမေကာ-Super ego page founder)

တို့နှင့်အတူလက်တွဲပြီး အသိပညာများဖြန့်ဝေနေခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ Myanmar Fitness Industry အတွင်းရှိအားကစားသမားများနှင့် နည်းပြအများစုသည် ဆရာ့စာများနှင့် မထိတွေ့ခဲ့ဘူးသူဟူ၍ အလွန်ရှားပါလိမ့်မည်။ ဆရာကြီးကျောက်ဘီလူးဦးတင်မောင်ဆွေ နောက်ပိုင်းတွင် ကာယဗလနှင့် ကြံ့ခိုင်မှုစာအုပ်များကိုရေးသားခဲ့သူဆိုလျင် ဆရာဦးနိုင်ဦးတစ်ဦးတည်းသာ ရှိပါသည်။

ထိုအချိန်ကတည်းက နိုင်ငံခြားရောက် မြန်မာကျောင်းသားများ၊ အလုပ်သမားများကို အခမဲ့လေ့ကျင့်နည်းပရိဂရမ်များမျှဝေပေးခဲ့သူဖြစ်ပါသည်။ မြန်မာ့ပထမဆုံးသော Fitness Online learning Academy ကိုတည်ထောင်သူဖြစ်ပါသည်။ Fitness စွန့်ထွင် Entrepreneur ဖြစ်သော ဆရာသည် Myanmar Fitness Trainer Academy ကိုစတင်တည်ထောင်ချိန်တွင် မည်သည့်နိုင်ငံအသိအမှတ်ပြု Certificate မှကိုင်ဆောင်ထားခြင်း မရှိသောကြောင့် ကွယ်ရာတွင် ဝေဖန်မှုများရှိခဲ့သော်လည်း ဆရာ့ခံယူချက်မှာ၊ ဆရာသည် စနစ်တစ်ခုကိုအောင်မြင်စွာ တည်ထောင်လိုသူဖြစ်ပီး၊ အောင်မြင်သော စနစ်တစ်ခု၏ အစိတ်အပိုင်းမဖြစ်လိုသောကြောင့် ခပ်မာမာရပ်တည်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် တပည့်များအဆင်ပြေစေရန်အတွက်မိမိဖွင့်လှစ်ထားသော သင်တန်းနှစ်ခုအတွက် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များကိုရယူထားပါသည်။ နောက်ဖွင့်မည့်သင်တန်းများအတွက်လည်းနိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များရရှိပြီးမှသာ ဖွင့်လှစ်ပါမည်။

ဆရာသည် #Fit_myanmar_project @ Nonprofit fitness workshops ဟူသောအမည်ဖြင့် မြန်မာဖစ်တနက်စ် သမိုင်းတစ်လျောက်တွင် ပထမဆုံးဖြစ်သော Fitness ပညာဒါနသင်တန်းများကို တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် ကျန်းမာရေးအသိပညာများတိုးပွားရေးဟူသော ရည်ရွယ်ချက်ကောင်းများဖြင့် အခမဲ့ဖွင့်လှစ်သင်ကြားပေးနေသူဖြစ်ပါသည်။ ဆရာသည် Fitness Trainers များအဖြစ်အသက်မွေးဝမ်းကျောင်းပြုနေသူများအတွက် အလုပ်
အကိုင်အခွင့်အလမ်းများနှင့် အသိပညာဖြန့်ဖြူးပေးနိုင်ရေးအတွက် Myanmar Fitness Trainers Association ဟူသော Trainer Network ကိုစတင်တည်ထောင်သူဖြစ်သည်။ ဆရာသည် Fitness Business များအတွက် ဈေးကွက်ထိုးဖောက်နိုင်ရေး၊ ရှင်သန်ရပ်တည်နိုင်ရေး
တို့အတွက် Consult ပြုလုပ်ပေးပီး လမ်းညွှန်ပေးနေသူဖြစ်ပါသည်။

အထက်ပါတင်ပြချက်များသည် Myanmar Fitness Trainer Academy နှင့် Founder ဦးနိုင်ဦး၏အကြောင်းအကျဉ်းဖြစ်ပါသည်။ ယခုဝဘ်ပေ့ချ်တွင် ဆရာနှင့် သင်တန်း၏ Update ဖြစ်သောလှုပ်ရှားဆောင်ရွက်မှုများကို စဉ်ဆက်မပြတ်တင်ဆက်ပေးနေပါမည်။

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta