Fitness သုတများ - MFTA

Fitness သုတများ

ကိုယ်အလေးချိန် တစ်ပေါင်ကျရန်လမ်းလျောက်မည်ဆိုပါက ၄၂-မိုင် လျောက်ရပါမည်။ တနေ့ ၆-မိုင်၊ တပါတ်ကို ၄၂-မိုင်(မနက်စောစော ကန်တော်ကြီး လမ်းလျောက်ရုံနဲ့ ဝိတ်ကျမယ် ထင်ပီး စားချင်တာ စားနေသောချိဖ ချမများ ဂရုပြုရန်)

ဝိတ်ချနေစဉ်မှာ အားယုတ်ပီး ဂိနေပီဆိုရင် တခုခုလွဲနေပါပီ။ စနစ်တကျ ဝိတ်ချနေစဉ်ခွန်အားတိုးတက်စေရန် ပြုလုပ်နိုင်ပါသည်။

ကာဒီရို လေ့ကျင့်ခန်း တွေက ဝိတ်ချလိုသူများအတွက်ပဲ မဟုတ်ပါ။ သင့်ကျန်းမာရေး အတွက်လည်း လိုအပ်ပါသည်။

အားနေလျင် ကိုယ်အလေးချိန် ချိန်နေတာမကောင်းပါ။ မိမိရဲ့ တိုးတက်ပြောင်းလဲမှုကိုတိုင်းတာရန် အတွက်သာ ဝိတ်ချိန်ပါ။ပေါင်ချိန်စက်ပေါ်က ကိန်းဂဏာန်းတွေကြောင့် စိတ်ရောဂါမဖြစ်စေချင်ပါ။

six packs ရှိခြင်း /မရှိခြင်း ဖြင့် လူတယောက်၏ fitness level ကို တိုင်းတာခြင်းသည်အတော်လေး လွဲမှားနေပါသည်။

အနပ်ငယ်များ ခွဲစားခြင်း

Green tea သောက်ခြင်း

အပူ အစပ်များ စားခြင်းဖြင့် Metabolism မမြင့်တက်စေနိုင်ပါ။

တနေကုန် လှုပ်လှုပ်ရှားရှားနေခြင်းဖြင့်သာ Metabolism မြင့်တက်စေနိုင်ပါသည်။

လူအတော်များများက ဝိတ်ကျစေရေးအနောက်ပဲ သဲသဲမဲမဲ လိုက်နေကြစဉ်မှာ တကယ်အာရုံစိုက်သင့်တာက နံပါတ်တစ် အနေနဲ့ ကျန်းမာရေး စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်နေဖို့ က အဓိကပါ။ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာကျန်းမာရေး တိုးတက်စေတဲ့ life style မျိုးကိုပျိုးထောင်နိုင်သွားပီဆိုရင် ဝိတ်ကျခြင်းဆိုတာကဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာမှာပါ။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#Myanmar_Fitness_Trainer_Academy#FitMyanmarProject#MakeMyanmarFit#gurunaing#weightloss#metabolism#food#lifestyle#health#sixpacks#greentea#detox#spicy#move#mental

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta