Fitness Trainer ဖြစ်လိုသူများအတွက် အွန်လိုင်းမှ သင်ကြားပေးမည့်သင်တန်း MFTA Batch-40 - MFTA

Fitness Trainer ဖြစ်လိုသူများအတွက် အွန်လိုင်းမှ သင်ကြားပေးမည့်သင်တန်း MFTA Batch-40

Fitness Trainer ဖြစ်လိုသူများအတွက် အွန်လိုင်းမှ သင်ကြားပေးမည့်သင်တန်း MFTA Batch-40

(မျှော်လင့်နေသူများအတွက် အသေးစိတ် အချက်အလက်များ တင်ပြပေးထားပါသည်။)

***Fitness အခြေခံမရှိသူများ မတက်သင့်ပါ*** (Gym မကစားဖူးသူများကို ဆိုလိုပါသည်။)

Fitness Trainer ဖြစ်လိုသူများအတွက် ကျွန်တော်တို့ ရဲ့ Muscle Professor Page မှMyanmar Fitness Trainer Academy-MFTAတည်ထောင်ဖွင့်လှစ်ပြီး၊နည်းပြကောင်းတစ်ယောက်ဖြစ်လာစေရန် နိုင်တငံတကာ အဆင့်မှီသင်ရိုးညွှန်းတမ်းများဖြင့် Online မှ သင်ကြားပို့ ချပေးခဲ့သည်မှာ Batch -40 သို့ရောက်ခဲ့ပီဖြစ်ပါသည်။

ဤသင်တန်း၏ အားသာချက်များမှာ-

-နေရာဒေသ မရွေး၊အချိန်မရွေးဘဲ မိမိအားသည်အချိန် အင်တာနက် အသုံးပြုရုံဖြင့်၊ အချိန်နှစ်လအကြာတွင် အဆင့်မှီနည်းပြတစ်ယောက် ဖြစ်လာစေနိုင်ပါသည်။

သင်ရိုးကို မြန်မာဘာသာဖြင့် သင်ကြားမည်ဖြစ်သည့်အတွက်၊ အခြေခံပညာအသင့်အတင့်ရှိသူများလည်း၊ အလွယ်တကူသင်ယူ လေ့လာနိုင်ပါသည်။မြန်မာဘာသာဖြင့် အွန်လိုင်းမှပို့ ချသော၊မြန်မာ့ပထမဆုံးသော Fitness Trainer Course ဖြစ်ပါသည်။

ဤသင်တန်းကို မည်သူတို့ တက်ရောက်သင့်ပါသနည်း-

-Fitness Trainer အဖြစ်အသက်မွေးဝမ်းကျောင်း ပြုလိုသူများ၊

-နည်းပြကောင်းရှာရန် အခက်အခဲတွေ့ စိတ်ညစ်နေရသော GYM ပိုင်ရှင်များ

-မိမိခန္ဓာကိုယ်နှင့် ကျန်းမာရေးကို မိမိစိတ်ကြိုက်ပုံဖော်လေ့ကျင့်လိုသော ကစားသမားများ

ဘာတွေသင်မှာလဲ-

-ခန္ဓာဗေဒအကြောင်းအရာများ

-ခန္ဓာကိုယ် အလေးချိန် ထိန်းခြင်း တင်ခြင်း လျော့ချခြင်းများအတွက်အာဟာရ လမ်းညွှန်ချက်များ

-လေ့ကျင့်ရေး ပရိုဂရမ် တည်ဆောက်နည်းများနှင့် exercise science

-Gym.လောကအတွက် လိုအပ်သော ဥပဒေပိုင်းဆိုင်ရာ အကြံပြုချက်များ

-PT ရောင်းချမှုနည်းစနစ်များ

ဒီသင်ရိုးမှာ ဘာတွေမပါဝင်ဘူးလဲ-

-chest ဘယ်လိုတွန်းပါ

squat ဘယ်လို ထိုင်ပါ ဆိုတာတွေ YouTube မှာရှာလို့ ရနိုင်တာတွေမသင်ပါဘူး။ ဒါကြောင့် အခြေခံ လေ့ကျင့်နည်းစနစ်များအကြောင်း သိထားသင့်ပါတယ်။

သင်တန်းကြေးနှင့် သင်ကြားမည့်စနစ်

-သင်တန်းကြေးသည် Certified Personal Trainer-CPT Course တစ်ခုလုံးအတွက်မြန်မာကျပ်ငွေ***တစ်သိန်း***တည်းသာကျသင့်ပါသည်။ မြန်မာဘာသာဖြင့် သင်ရိုးကိုအခြေပြုဆွေးနွေးပေးခြင်း၊ သင်ထောက်ကူ Videos များဖြင့်လည်း ရိုးရှင်းစွာ သင်ကြားပေးပါမည်။

-သင်တန်းချိန်တွင် သင်ရိုးမှအပ အခြားသော အကြောင်းကိစ္စများ ဆွေးနွေးခွင့်မပြုပါ။

ဤသင်တန်းမှပေးမည့် ၀န်ဆောင်မှုများ-

-MFTA သည်အမှီအခိုကင်းသော၊ကိုယ်ပိုင်သင်ရိုးဖြင့်သင်ကြားသည့်၊ freelance-တစ်သီးပုဂ္ဂလကျောင်းဖြစ်သည့် အတွက်၊

သင်တန်းပြီးဆုံးလျင် MFTA မှအသိမှတ်ပြုလက်မှတ်၊ Certificate ချီးမြှင့်ပါမည်။

-သင်တန်းပြီးလျင် Trainer Association တစ်ခုတည်ထောင်၍၊ ဂျင်မ်များနှင့်ချိတ်ဆက်ကာ၊ အလုပ်အကိုင်မျှဝေပေးခြင်း၊ PT ရောင်းချခြင်းBusiness အတွက်၊ Tips များSharing လုပ်ပေးပါမည်။

သင်တန်း၏ရည်ရွယ်ချက်-

– Myanmar Fitness နယ်ပယ်၏၊အဆင့်အတန်း မြင့်မားစေရေးအတွက်၊ အရည်အချင်းရှိသော Fitness Trainers မွေးထုတ်ပေးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ အကျိုးပြုရန် ရည်ရွယ်ပါသည်။

အမေရိကန် သြစတေးလျ ကိုရီးယား မကာအို စင်္ကာပူ မလေးရှားနှင့် ထိုင်းရောက် မြန်မာသင်တန်းသားများ အပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ အားကစားသမားများ နည်းပြများဂျင်မ်ပိုင်ရှင်ပေါင်း များစွာကို အောင်မြင်စွာ လေ့ကျင့်သင်ကြားပေးခဲ့ပီး Certificate များချိီးမြှင့်ထားပီးဖြစ်ပါသည်။

**သင်တန်းစတင်အပ်နှံနိုင်သည့်နေ့

၂၀-၁၁-၂၀၂၃ (တနင်္လာနေ့)မှစတင်၍ ရ-၁၂-၂၀၂၃

(ကြာသပတေးနေ့)အထိအပ်နှံနိုင်ပီး

သင်တန်းစတင်မည့်ရက်စွဲ-

၈-၁၂-၂၀၂၃ (သောကြာနေ့)

– MFTA ၏ Certified Personal Trainer Course Batch-40 ကို December -8 ရက်နေ့ သောကြာနေ့၊ ၂၀၂၃ ခုနှစ် တွင်စတင်ပါမည်။

သင်တန်းအပ်နှံသူများအတွက်လိုအပ်ချက်များမှာ-

-သင်တန်းကြေးကို ဘဏ်မှတဆင့်ပေးချေရပါမည်။

သင်တန်း၏ ကမ္ဘောဇဘဏ်အကောင့်ဖြစ်သည့်- 089-301-08901376701 သို့ ပေးသွင်းရပါမည်။

Account holder name မှာ U Naing OO ဖြစ်ပါသည်။

သင်တန်းကြေးပေးသွင်းပြီးလျင်၊ ငွေသွင်းထားသော ဘဏ်ချလံကိုဓါတ်ပုံရိုက်၍၊ ကျွန်တော့ Facebook Account၏ မက်ဆင်ဂျာသို့ ပို့ ပေးရပါမည်။ပြီးလျင် ကျွန်တော့်ကို Add friend လုပ်ပါ။ ကျွန်တော် Accept လုပ်ပြီးလျင်၊သင်တန်း၏ Secrect Group တွင်ထည့်သွင်းပေးပါမည်။

သင်တန်းကြေး တစ်သိန်းကျပ်

Wave money ဖြင့်လည်းပေးသွင်းနိုင်ပါသည်။

KBZ pay ဖြင့်လည်း သင်တန်းကြေးပေးသွင်းနိုင်ပါသည်။

သို့မဟုတ်ပါက viber သို့ ၄င်းpage ၏ မက်ဆေ့box သို့ ၄င်းပို့ နိုင်ပါသည်။

သင်တန်းနှင့်အပ်နှံခြင်းနှင့် ပါတ်သက်အဆင်မပြေမှုများရှိလျင်သော်၄င်း၊ သိလိုသည်များကိုသော်၄င်း၊

ဖုန်း-၀၉ ရရရ ၂၉၁၈၃၅

ဖုန်း-၀၉၇၈၆ ရ၀ ၈၈၄၄

ကိုရုံးဖွင့်ရက်များတွင်၊ ရုံးချိန်အတွင်း၊ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

-သင်တန်းကြေးကို December -7 ရက်နေ့ နောက်ဆုံးပေးသွင်းရပါမည်။

ထို့ထက် နောက်ကျသော၊ သင်တန်းသားများသည်၊ ဤသင်တန်း Batch-40 မှလွဲချော်မည်ဖြစ်သည်။

သင်ကြားမည့်သူ-

– သင်ကြားမည့် Coach မှာ Muscle Professor Page နှင့် Myanmar FitnessTrainerAcademy

သင်တန်းကျောင်းကို တည်ထောင်သူ၊ ဆရာ ဦးနိုင်ဦး တစ်ဦးတည်းဖြစ်ပါသည်။

ကမ္ဘာပေါ်မှာ တစ်နေ့ တခြား အရှိန်အဟုန်နဲ့ တိုးတက်လာနေတဲ့ လုပ်ငန်းတွေထဲမှာHealth andFitnessလုပ်ငန်းဟာတစ်ခုအပါအဝင် ဖြစ်ပါတယ်။လက်ရှိကမ္ဘာပေါ်မှာလူသန်းပေါင်းများစွာဟာတစ်နာရီလျင် ဒေါ်လာငါးဆယ်ခန့် အနည်းဆုံးရရှိတဲ့ Personal Fitness Trainer အဖြစ်အသက်မွေး ၀မ်းကျောင်းပြုနေပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက များစွာသောပညာတတ်၊လူငယ်တွေဟာ တစ်လကို ၀င်ငွေဘယ်လောက် ရနေကြပါသလဲ။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကအသက်မွေးဝမ်း ကျောင်းပြုဖို့ လုံလောက်ပါ့မလား။

အကယ်၍ သင်ဟာ အားကစားဝါသနာပါတယ်ဆိုရင်တော့ သတင်းကောင်းတစ်ခုပေးချင်ပါတယ်။ လူတွေကို အကျိုးပြုတဲ့၊ ကျန်းမာသန်စွမ်းစေတဲ့၊ ဂုဏ်သိက္ခာရှိတဲ့၊Fitness Trainer အဖြစ်အသက်မွေးဝမ်းကျောင်း ပြုချင်တယ်ဆိုရင်တော့၊လိုအပ်တဲ့ အသိပညာတွေကိုမျှဝေပေးဖို့ ကျွန်တော်တို့ ရဲ့ Myanmar Fitness Trainer Academy ကလက်ကမ်းကြိုပါတယ်။

လေးစားချစ်ခင်စွာဖြင့်-

နိုင်ဦး-၁၁၉

Founder Of Myanmar Fitness Trainer Academy

-MFTA

The Founder of Muscle Professor Page

Author of Myanmar Insane Training .

Author of Optimum Bodybuilding Theories

Authour of Scientific ways to lose fat

Author of 3D Bodybuilding exercises and

several fitness books.

#MFTA#myanmar_fitness_trainer_academy

#online_trainer_course

#fitness_trainer#CPT

#MftaCpt#certifiedpersonaltrainer

#gym#fitness#weightgain#weightloss

#fatloss#freelance#trainer#program

#dietplan#trainingprogram#weight

#bodybuilding#education#nutrition

#protein#supplement#gymworkout

#fit#strong#lean#mass#fat#certificate

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta