Fitness Trainer ညီငယ်တယောက်က အကြံတောင်းလာတယ် - MFTA

Fitness Trainer ညီငယ်တယောက်က အကြံတောင်းလာတယ်

Fitness Trainer ညီငယ်တယောက်က အကြံတောင်းလာတယ် လူတွေက free ရတဲ့ Appsတွေ Down ပီး ကစားလာကြတော့ ကျွန်တော်တို့ Personal Training service တွေ online coaching တွေအတွက် ရေရှည်မှာ ထိခိုက်နိုင်လား? ဘာတွေ ပြင်ဆင်သင့်သလဲ? မေးလာလို့ ကျွန်တော့် Acc ထဲက Trainer ညိီကို မောင်နှမတွေရော Apps လေးတွေ Down ပီး လေ့ကျင့်ခန်း လုပ်နေကြတဲ့ဝါသနာရှင် မိတ်ဆွေတွေအတွက်ပါ မျှဝေပေး လိုက်ပါတယ်။

ပထမဆုံးအနေနဲ့ ပြောချင်တာက Apps တွေ Down ပီးကစားသည်ဖြစ်စေ၊ မည်သညိ့ပုံစံဖြင့် လေ့ကျင့်ခန်း ပြုလုပ်သည်ဖြစ်စေ ကျန်းမာရေးနဲ့ ပါတ်သက်ပီး Awareness ရလာတာ ဝမ်းသာစရာပါ။

အထက်က မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ there’s a big difference between providing a workout and delivering a result Apps တွေက လေ့ကျင့်ခန်း တွေ ပေးနိုင်ပေမဲ့ ရလာဒ်ကောင်း ဖော်ဆောင်ဖို့ ဆိုရင်တော့ အတွေ့ အကြုံရှိတဲ့ နည်းပြအကူအညီ မဖြစ်မနေ လိုအပ်ပါတယ်ဗျ။

ဒီတော့ Fitness Professionals တွေအနေနဲ့ ဝါဒီများစရာကိုမလိုပါ။ မိမိရဲ့ career life အတွက်လိုအပ်တဲ့၊ education ကိုစဉ်ဆက်မပြတ်ဖြည့်တင်းနေပါ၊ မိမိကိုယ်ကို Branding လုပ်နေမယ်ဆိုရင် Sales လုပ်တတ်မယ်ဆိုရင် အရှိန်နဲ့ အောင်မြင်မှာပါ။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ် မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉

#ဝိတ်ချခြင်းအနုပညာ#ကာယဗလသော့ချက်များ

#argazar#FitnessBusiness

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta