Fitness Professional တစ်ယောက်အတွက်လိုအပ်သော B သုံးလုံး - MFTA

Fitness Professional တစ်ယောက်အတွက်လိုအပ်သော B သုံးလုံး

ဘဝဟာဘက်စုံဟန်ချက်ညီနေမှ ပိုမိုတိုးတက်ကောင်းမွန်လှပလာမှာဖြစ်ပါတယ်။အောင်မြင်တဲ့ Fitness Professional တစ်ယောက်ဖြစ်ဖို့ ဆိုရင်အရေးပါတဲ့အချက်လေးသုံးချက်ကိုမျှဝေပေးပါ့မယ်။ကျွန်တော်တို့ မျက်စိထဲ ဓါတ်ပုံရိုက်တဲ့နေရာမှာသုံးတဲ့ Tripod လေးကိုမြင်ကြည့်လိုက်ပါ။၄င်းရဲ့ ရပ်တည်မှု့ အတွက်ထောင့်သုံးထောင့်ညီနေမှတည်ငြိမ်တည့်မတ်နေမှာပါ။ Fitness Professional တစ်ယောက်အတွက်လိုအပ်တဲ့B သုံးလုံးဆိုတာကတော့

-Brain (Education)-Body (Appropriate Body image for Professional life)

-Business (How to run a successful business idea & Knowledge)

-Brain (Education)

ပထမဆုံး B ဖြစ်တဲ့ Brain ဆိုတာ Fitness Education ပါ။လူတွေရဲ့ ကျန်းမာရေးနဲ့ ပါတ်သက်ပီးနည်းပေးလမ်းပြပြုလုပ်ရတဲ့ ၀န်ဆောင်မှုလုပ်ငန်းဖြစ်တာကြောင့် စဉ်ဆက်မပြတ်လေ့လာနေဖို့ လိုအပ်ပါတယ်။အောင်မြင်တဲ့နည်းပြတစ်ယောက်၊တကယ်ကိုပရော်ဖက်ရှင်နယ်ပီသတဲ့နည်းပြကောင်းတစ်ယောက်ဖြစ်ဖို့ အတွက်ဆိုရင်၊ Education ကအဓိကအခြေခံအုတ်မြစ်ပါ။

Body (Appropriate Body image for Professional life)ဒုတိယ B ဖြစ်တဲ့ Body ဆိုတာကတော့ကိုယ့်ရဲ့ပရော်ဖက်ရှင်နယ်အလုပ်နဲ့ ကိုက်ညီတဲ့ရုပ်လက္ခဏာသွင်ပြင်တစ်ခုကိုတော့ပိုင်ဆိုင်ထားနိုင်ရပါမယ်။ရေကူးနည်းဖတ်ပီးလက်တွေ့ ရေကူးမလေ့ကျင့်ဘူးဆိုရင်ရေမြုပ်သေမှာပါပဲ။တနည်းအားဖြင့်မိမိလေ့လာထားတဲ့အသိကို၊ အရှိအဖြစ်ပြောင်းလဲရပါမယ်။ထိုသို့ပြောင်းလဲရာမှာ ပြိုင်ပွဲဝင်ကာယဗလမောင်ဖြစ်ရန်အထိမလိုပါ။ဒါပေမဲ့အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ ကိုက်တဲ့ကာယအနေအထားတော့ရှိရပါမယ်။

Clients အတွက်အကောင်းဆုံး Motivate လုပ်ပေးနိုင်တာကနည်းပြကောင်းတစ်ယောက်ဆိုတာမမေ့ပါနဲ့ ။မိတ်ဆွေတို့ ကြားဖူး၊မြင်ဖူးကြမှာပါ။အနောက်နိုင်ငံတွေကနည်းပြအချို့ ဟာ Clients တွေနေရာကခံစားတတ်အောင်အကောင်းဆုံးလမ်းညွှန်နိုင်အောင်မိမိခန္ဓာကိုယ်ကို ၀ိတ်တွေအတက်ခံပီးဖက်တီးဖြစ်အောင်အချိန်ယူလုပ်၊၄င်းနောက်၊တဖန်အဆီကင်းသွယ်လျတဲ့ခန္ဓာကိုယ်မျိုးကိုပြန်လည်တည်ဆောက်ကြပြန်တယ်။အဲ့လိုအကြောင်းအရာတွေလေ့လာကြည့်ချင်ရင် Googleမှာ၊ fit to fat to fit လို ့ရိုက်ရှာကြည့်ပါ။ မန္တလေးမရောက်ဖူးသူတစ်ယောက်ကစာအုပ်ဖတ်ပီး မန္တလေးလမ်းညွှန်လုပ်လို့ မရပါဘူး။ အင်တာနက်ခေတ်မှာ GoogleMap ထောက်ပီးသွားလို့ရနေတာမို့ တကယ်ကိုပရော်ဖက်ရှင်နယ်ဆန်တဲ့နည်းပြတစ်ယောက်ဖြစ်ချင်ရင်စာတွေ့ +လက်တွေ့ ပေါင်းစပ်ပါလို့ အကြံပြုပါရစေ။

Business (How to run a successful business idea & Knowledge)တတိယ B ကတော့သာမန်ဂျင်မ်အထိုင်နည်းပြအဖြစ်ရပ်တည်မယ်။Fitness professioanls အလုပ်ကိုဝန်ထမ်းအလုပ်အဖြစ်လောက်သာတွေးထားသူများအတွက်တော့မလိုအပ်ပါ။Freelance အဖြစ်ရပ်တည်မဲ့သူတွေနဲ့ Fitness ကို Main Business အဖြစ်ဖြစ်စေ၊ Side Hustle အဖြစ်ရွေးချယ်လုပ်ကိုင်မဲ့သူတွေအတွက်မားကတ်တင်း၊ Branding & salesစတာတွေကိုအကုန်လေ့လာထားနိုင်ရပါမယ်။စီးပွားရေးနဲ့ ပါတ်သက်ပီးတဖက်ကမ်းခတ်နေသော်လည်း၊ အထက်ပါဘီ ၂-လုံးသင့်မှာမရှိဘူးဆိုရင်သင်ဟာဂျင်းပရော်ဖက်ရှင်နယ်ဖြစ်ဖို့နီးစပ်နေပါပီ။ဆယ်တန်းကျောင်းသားများလိုပေါ့ဗျာ။ ဘာသာရပ်တခုမှာ အမှတ်ရာပြည့်ရပီးနောက်ဘာသာရပ်တစ်ခုမှာ အမှတ်လေးဆယ်မရရင်စာမေးပွဲကျမှာပါပဲ။မိမိအလုပ်ကို Passion ရှိဖို့ ကလည်းအရမ်းအရေးကြီးပါကြောင်း။

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academywww.myanmarfitnesstraineracademy.com#FitMyanmarProject#YourCoach#MakeMyanmarFit#WeightManagementGuru#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach#ဝိတ်ချခြင်းအနုပညာ

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta