Fit Pro တစ်ယောက်အနေနဲ့ Content ရေးတတ်ပြီလား? - MFTA

Fit Pro တစ်ယောက်အနေနဲ့ Content ရေးတတ်ပြီလား?

Content တွေရေးပီး မားကတ်တင်းပဲလုပ်လုပ် ဘရန်းဒင်းပဲလုပ်လုပ် ဂရုပြုရမှာက၊

Tone of voice

words of choice ဟာအရမ်းအရေးကြီးပါတယ်။

ကိုယ့် level နဲ့ ကိုယ့်niche နဲ့လိုက်ဖက်မဲ့ အရေးအသား အသုံးအနှုန်းဖြစ်ဖို့ အထူးဂရပြုရပါမယ်။

-ကိုယ့် level ဆိုတာက ကိုယ်ဟာ information အကြောင်းအရာတစ်ခုကို ဘာသာပြန်မျှဝေနေတာလား?

-လူတွေလက်ခံထားတဲ့အကြောင်းအရာတစ်ခုကို ကိုယ့်ရဲ့ရှု့ထောင့်ကနေ လွဲနေကြောင်း ဒေတာအစုံအလင်နဲ့ ဝေဖန်ထောက်ပြနေသူလား?

-ကိုယ့်ရဲ့အတွေးအခေါ်စစ်စစ်၊ လက်တွေ့အသုံးချပီးသားနည်းစနစ် တခုကို ချပြတဲ့အဆင့် ယေဘူယျ အဲ့လို concept ချပြတာမျိုးက Fitness နယ်ပယ်မှာ ကျွန်တော်တစ်ယောက်ပဲ ရှိပါတယ်။

ဒါပေမဲ့အထက် ကပုံစံ၂-မျိုးနဲ့လည်းမျှဝေပါတယ်။

လိုရင်းပြောရရင် ကိုယ့် level ပေါ်အခြေခံပီးထိမိတဲ့ မျှဝေမှုပြုလုပ်ရပါမယ်။

တခါတလေ tone of voice & words of choice မမှန်ရင် ဆယ်ကျော်သက် လူပျိုတစ်ယောက်က အိမ်ထောင်ရေးသုခအကြောင်းပြောသလို နားကလောစရာဖြစ်တတ်ပါတယ်။

စာဖတ်သူရဲ့ အချ်န်ကိုလေးစားသောအားဖြင့် ဖန်တီးလိုက်တဲ့ content တိုင်းမှာ value တစ်ခုပေးနိုင်ရပါမယ်။

တခါတလေ entertainment လုပ်နိုင်ပေမဲ့၊ အမြဲတမ်းတော့ မလုပ်သင့်ဘူးလေကိုယ်က Fit pro ပါ။ လူရွှင်တော်မှမဟုတ်တာ။

အနှစ်ချုပ်ပြောရရင် Fit Pro တယောက်အနေနဲ့ ဘရန်းဒင်း မားကတ်တင်းအတွက်အရေးပါတဲ့ content ရေးတတ်နေပီလား????

ဆရာဦးကောင်း ငြိမ်းစိုးနဲ့ ကျွန်တော် စီစဉ်ဖွင့်လှစ်ဖူးတဲ့ သင်တန်းမှာတော့အသေးစိတ်သင်ကြားပေးဖူးပါတယ်။

လိုအပ်သူတွေအတွက်သင်တန်းလေးစီစဉ်ပေးပါဦးမယ်။

လေးစားလျက်- နိုင်ဦး-၁၁၉

Fitness Business Coach

Wealthy Fit Pro Fitness Business Coaching Academy

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta