Diet တစ်ခုရွေးချယ်တော့မယ်ဆိုရင် ဒါတွေသတိပြုပါ။ - MFTA

Diet တစ်ခုရွေးချယ်တော့မယ်ဆိုရင် ဒါတွေသတိပြုပါ။

အဆီချဖို့ပဲဖြစ်ဖြစ် ကျန်းမာရေးလိုက်စားလို့ပဲဖြစ်ဖြစ် နာမည်ကျော် ဒိုင်းယက်တစ်မျိုးမျိုးကို ရွေးချယ်တော့မယ်ဆိုရင် ဘယ်ဟာပိုကောင်းသလဲ ဆိုပီး ဝါဒီများကြရပါတယ်။

ဒီတော့ ဒိုင်းယက်တစ်ခုကို ရွေးချယ်မယ်ဆိုရင် ဒိုင်းယက်တိုင်းမှာ အားသာချက် အားနည်းချက် ကိုယ်စီရှိနေတယ်ဆိုတာသတိပြုပါ။

ဘယ်လိုဒိုင်းယက်ပုံစံမျိုးကိုမဆို ကျင့်သုံးမယ်ဆိုရင် Google ခေါက်ရုံနဲ့တော့ အင်ဖော်မေးရှင်းတွေ ရနိုင်ပါတယ်။ ကိုယ်နဲ့ သင့်တော်မဲ့လမ်းညွှန်ချက်တွေရဖို့ဆိုရင် professional Advice တွေလိုအပ်ပါတယ်။

လူကြိုက်များတဲ့ စားသောက်မှုပုံစံတွေဖြစ်တဲ့-

1️⃣ keto ဆိုပါစို့ ။ ၎င်းစနစ်ရဲ့ အားသာချက်မှာ ကိုယ်လေးချိန်၊ လျော့ချတဲ့နေရာမှာ အရမ်းကောင်းပေမဲ့ ၊ လေ့ကျင့်ခန်း ရွေးချယ်ရာမှာ၊ Glycolytic exercisesတွေကို မလျော့ချနိုင်ရင်၊ Stress တွေများပီး Problems ဖြစ်နိုင်သလို၊ ထိုဒိုင်းယက်စနစ်ရဲ့ နောက်ထပ် အားနည်းချက်တခုက ကာဗိုဟိုက်ဒရိတ်များသည် မကောင်းဟူသော အယူအဆ စွဲကပ်သွားစေနိုင်ပါသည်။

2️⃣ IIFYM – If It Fits Your Macros Macronutrients တွေကိုကယ်လိုရီထက် ပိုမိုဂရုပြုစားသောက်၊ Micronutrients တွေကို ဂရုမပြုမိတာဖြစ်နိုင်ပီး၊ inflammatory food တွေကို ပိုစားမိသွားနိုင်တယ်။

3️⃣ IF – Intermittent Fasting သက်ရှည် ကျန်းမာရေးအတွက် ကောင်းတယ်လို့ဆိုကြပီး၊ တနေကုန်အလုပ်ရှုပ်နေတတ်သူတွေ အစားကို အချိန်ပေးဂရုပြုမစားနိုင်သူတွေတွက် ကောင်းမွန်ပေမဲ့စဉ်းစားရမဲ့အချက်က အချိန်အနည်းငယ်အတွင်း၊ နှစ်နပ် လောက်ထဲမှာ စားရမဲ့ ကယ်လိုရီ အကုန်ကို စားရမှာဆိုတော့၊ အူလမ်းကြောင်းကျန်းမာရေးအတွက် စဉ်းစားရပါမယ်။

ဒီလိုပဲ တခြားစော Diet တွေဖြစ်တဲ့ OMAD , Zone & Mediterranean diet စတာတွေမှာလည်း အားသာချက် အားနည်းချက် ကိုယ်စီရှိနေတတ်ပါတယ်။

တကယ်တော့ ဒီဒိုင်းယက်စနစ်တွေက၊ ကိုယ့်ရဲ့ Nutritional journey မှာ အသုံးပြုမဲ့ Tools တွေပါ။ Efficient ဖြစ်အောင်သုံးဖို့ဆိုရင် Professional Advice ယူရန်မမေ့ပါနှင့်။

ဝိတ်ကျရုံသက်သက်ပဲဆိုရင်တော့ ဘယ် Diet မျိုးပဲဖြစ်ဖြစ် Calories Deficit လုပ်ရုံနဲ့ အိုခေပါပီ

လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119

#muscle_professor

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta