Coaching တွေမအောင်မြင်ရခြင်းအကြောင်းအရင်းများ - MFTA

Coaching တွေမအောင်မြင်ရခြင်းအကြောင်းအရင်းများ

အောင်မြင်တဲ့နည်းပြအဖြစ်ရပ်တည်ဖို့ ဆိုရင် မိမိရဲ့ Clients တွေအတွက်ရလာဒ်ကောင်းတွေဖော်ဆောင်ပေးနိုင်မှ လူအများယုံကြည်တဲ့ ပုံရိပ်ကောင်းတစ်ခုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ဒီတော့နည်းပြတွေအနေနဲ့ မိမိ Client ရဲ့ ရေရှည်ရလာဒ်ကောင်းကိုထိန်းထားနိုင်စေရေးအတွက်အဟန့် အတားဖြစ်စေေသော Coaching အမှားအချို့ ကိုလမ်းညွှန်ပေးလိုက်ပါတယ်။

၁-ယေဘူယျဆန်လွန်းခြင်းအတွေ့ အကြုံလည်းရ၊ ၀င်ငွေလည်းရဆိုပီး ဘာလာလာဒေါင်းမယ်ဆိုတဲ့စိတ်ထားနဲ့ တွေ့ သမျှ Client လက်ခံနေရင်တော့သင်ဟာစပါယ်ရှယ်လစ်တစ်ယောက်ဖြစ်မှာမဟုတ်ပါဘူး။ကိုယ့်ရဲ့ တားဂတ်မားကတ်ကိုတိတိကျကျသတ်မှတ်ပီး၊မိမိရဲ့ စွမ်းရည်အပြည့်နဲ့ ဝန်ဆောင်မှုပေးရမှာပါ။

၂- Clients တစ်ယောက်ခြင်းစီအတွက်တိကျတဲ့ Process မရှိခြင်းဤပြသနာသည်အထက်ကနံပါတ်တစ်အချက်ကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲပြသနာဖြစ်ပါတယ်။ Client တစ်ယောက်ခြင်းစီအတွက် Clarity ဖြစ်တဲ့လမ်းညွှန်ချက်တွေပေးဖို့ဆိုရင် သင့်အတွေး၊တွေအားလုံးတစ်နေရာထဲရှိနေရပါမယ်။ဒါမှ Focus ကောင်းကောင်းလုပ်နိုုင်မှာပါ။ Focus ကောင်းဖို့ ဆို Clients typeတွေမျိုးစုံဖြစ်နေလို့ မရပါဘူး။အဲ့လိုဖြစ်နေရင်

၁- ရလာဒ်ကောင်းရဖို့ခက်သွားမယ်

၂-အကယ်၍ရလာဒ်ကောင်းရဖို ့အားစိုက်မယ်ဆိုရင်အချိန်ကြာလေလေ Burn out ဖြစ်လေလေပါပဲ။ပရော်ဖက်ရှင်နယ်တွေအနေနဲ့ Burn out မဖြစ်အောင် FLOW FORMULA ကိုတော့ကျွန်တော့် MFTA Trainers Group ထဲမှာမျှပေပေးပါ့မယ်။

၃-အပေါ်ယံအာရုံစိုက်လွန်းခြင်းနည်းပြအတော်များများက Clients ရဲ ့လက်ရှိ ပြသနာ Problem အပေါ်မှာအားစိုက်တတ်ကြပေမဲ့၊ပြသနာတွေရဲ ့Root cause ကိုပြင်ဖို့ တော့သတိမပြုမိတတ်ကြဘူးဖြစ်နေကြပါတယ်။ဒါကြောင့်ကိုယ့် Client ရဲ့ ဖြတ်သန်းခဲ့တဲ့ Journey တစ်ခုလုံးကိုဆန်းစစ်မယ်ဆိုရင်သူတို ့လုပ်ခဲ့တဲ့ Training ,Diet & Lifestyle Trial and error တွေကိုအလွယ်တကူမြင်ရမှာဖြစ်ပါတယ်။အထက်ပါအချက်သုံးချက်ကိုပြုပြင်လိုက်ရင် fail ဖြစ်တဲ့ Coaching ဆိုတာနည်းသွားမှာပါ။အောင်မြင်ကြပါစေဗျ။

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academywww.myanmarfitnesstraineracademy.com#FitMyanmarProject#YourCoach#MakeMyanmarFit#WeightManagementGuru#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach#ဝိတ်ချခြင်းအနုပညာ

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta